#Daily_News
Published 20 March 2025
၁။ တက္ကသိုလ်ဝင်တန်းစာမေးပွဲချိန်နောက်ကျကျောင်းသားများအား တစ်နာရီခွဲကြာသည်အထိစောင့်ဟုဆို
၂။ သုခဒဂုံအိမ်ခန်းများတစ်ဆင့် ငှါးရမ်းခြင်းရှိပါက အိမ်ခန်းငှါးရမ်းခွင့် ရုပ်သိမ်းမည်
၃။ EV ကားများ ဧပြီ၁ ရက်မှ စတင်ကာလမ်း၊ တံတားအသုံးပြုခ ပေးဆောင်ရမည်
၄။ အသုံးပြုပြီးသား သက်တမ်းကုန်ဘက်ထရီအများအပြားကို တရုတ်ကုမ္ပဏီများပြန်လည်အသုံးပြုရေးအတွက် ထုတ်လုပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အရေပြားကင်ဆာရောဂါအထိဖြစ်ပွားနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားနေတာကြောင့် တစ်နှစ်အောက်ကလေးတွေအပြင်မခေါ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 20 March 2025
#ခရမ်းလွန်ရောင်ခြည်မြင့်မားနေ #တစ်နှစ်အောက်ကလေးတွေအပြင်မခေါ်ရ
#YMG/NN #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကတစ်ဆင့် EPS စနစ်နဲ့ အလုပ်သမားတွေ စေလွတ်လျှက်ရှိရာ အမျိုးသမီး တစ်ဦးအပါအဝင် ၁၂၄ဦး ဒီကနေ့မှာ ဆိုးလ်မြို့ကို ရောက်ရှိခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သိရပါတယ်။
#Local_News
Published 20 March 2025
#ကိုရီးယား #အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)
#YMG/NN #Yangon_Times
EV ကားအသုံးပြုသူတွေအနေနဲေလာမယ့် ဧပြီလ၁ရက်စတင်ပြီး လမ်း၊တံတားအသုံးပြုခတွေ ပေးဆောင်ရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 20 March 2025
#EVကား #တံတားအသုံးပြုခပေးဆောင်ရ
#YMG/SW #Yangon_Times
သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာမှ အိမ်ခန်းငှားရမ်းခွင့်ရရှိထားသူတွေအနေနဲ့ ကိုယ်တိုင်နေထ်ုင်ခြင်းမပြုဘဲ တစ်ဆင့် ငှါးရမ်းခြင်း လွှဲပြောင်းခြင်းများရှိပါက အိမ်ခန်းငှါးရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 March 2025
#သုခဒဂုံအိမ်ခန်း #အိမ်ခန်းငှါးရမ်းခွင့်ရုပ်သိမ်း
#YMG/SW #Yangon_Times
တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေစေဖို့ စာမေးပွဲချိန်နောက်ကျကျောင်းသားတွေကို အချိန်တစ်နာရီခွဲကြာတဲ့ အထိစောင့်ပေးတယ်လို့ ပညာဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 20 March 2025
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ #ပညာဝန်ကြီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 20 March 2025
▪️ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️မတ်လ ၂၀ရက်နေ့ မနက် ၄ နာရီ ၄၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၆/၀) ဖာလုံအနီးတွင်ယာဉ်မတော်တဆမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️အဆိုပါ သတင်းရရှိ ၍၊ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၁+၄)ဦး၊ စကားအင်း အမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၂+၇)ဦးနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းသွား ရောက်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်မှာနေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား၊ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
▪️ယာဉ်မတော်တဆမှုကြောင့်၊ယာဉ်ပေါ်တွင် ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၃)ဦး၊ ခရီးသည် ကျား(၃)ဦး၊ မ(၁၈)ဦး၊ ပေါင်း(၂၆)ဦးအနက်၊ ကျား(၁)ဦး၊ မ(၈)ဦး၊ ပေါင်း(၉)ဦး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်၊ EMS 192 လူနာတင်ယာဉ်ဖြင့်၊ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 194 of 2136