၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 18 March 2026
#တက္ကသိုလ်ဝင်စာမေးပွဲ
#YMG/NN #Yangon_Times
လာမယ့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်မှာလည်း အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတဲ့ ဝင်ငွေခွန်နှုန်းထားတွေ ပြောင်းလဲခြင်းမရှိဘဲ ယခင်နှုန်းထားအတိုင်းသာ ကောက်ခံသွားမယ်လို့ မတ်လ ၁၅ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ၂၀၂၆ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ဖော်ပြထားချက်အရသိရပါတယ်။
#Local_News
Published 18 March 2026
# အိမ်ခြံမြေ #အခွန်အကောက်ဥပဒေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ်များချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
#Local_News
Published 18 March 2026
#နိုင်ငံကူးလက်မှတ်အတု #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
ပြည်တွင်းသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့်ဝါမျိုးစေ့များ တင်သွင်းမယ်လိံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 18 March 2026
#အိန္ဒိယ #ဝါမျိုးစေ့
#YMG/SW #Yangon_Times
#Local_News
Published 18 March 2026
▪️ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်အရရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည် အသွေးမှာ ကောင်းမွန်လျှက်ရှိကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့အသိပေးထုတ်ပြန်ထားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း တိုင်းတာမှတ်(၃)နေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်၊လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိေကြာင်း သိရသည်။
▪️ ထိုသို့တိုင်းတာရာတွင် လေထုအရည်အသွေးညွှန်းကိန်းမှာ ၀-၅၀ကြားတိုင်းတာရရှိသောကြောင့် လေထုအရည်အသွေးကောင်းမွန်သောအဆင့်ရှိကြောင်း သိရသည်။
▪️ အဆိုပါ လေထုအရည်အသွေးညွှန်းကိန်းမှာလေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 March 2026
▪️ နှစ်စဉ် မီးခိုးမြူငွေ့မြင့် တက်လေ့ရှိသည့်မတ်လ မှ မေလ အတွင်း Fire Hotspot လျှော့ချနိုင်ရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုဆောင်ရွက်နေကြောင်း မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
▪️ အဆိုပါ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
▪️ အစည်းအဝေးသို့ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ ကော်မတီဝင်များနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
▪️ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ကော်မတီဖွဲ့စည်းပြီးချိန်မှစတင်၍ လုပ်ငန်းများထိရောက်အောင်မြင်ရန်အတွက် အထူးသဖြင့် မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး (၅) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီအစည်းအဝေးကို တစ်နှစ်လျှင် (၃) ကြိမ် ကျင်းပပြုလုပ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့ပြုလုပ်ရသည့် အစည်းအဝေးသည် နှစ်စဉ် မီးခိုးမြူငွေ့မြင့်တက်လေ့ရှိသည့် မတ်လ၊ ဧပြီလနှင့် မေလများအတွက် Fire Hotspot လျှော့ချနိုင်ရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊Fire Hotspot ဖြစ်ပေါ်မှုသည် ရာသီဥတုပူပြင်းခြောက်သွေ့သည့် နှစ်များတွင်ပိုမိုဖြစ်ပေါ်လေ့ရှိပြီး နှစ်စဉ်ဇန်နဝါရီလမှ မေလအတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိရာ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများအကြား မကြာခဏ ကြုံတွေ့ရလေ့ရှိသဖြင့် ပွင့်လင်းရာသီမရောက်မီ ထိန်းချုပ်လျှော့ချ ရေးလုပ်ငန်းစဉ်များကို အလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်၊ သိပ်သည်းဆပေါ်မူတည်၍ ဦးစားပေးဒေသများ သတ်မှတ်ပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း “အစား” ကုန်းမြင့်လယ်ယာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ မြေဩဇာပြုလုပ်ခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင်အသုံးပြုမှုကို တားဆီးခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot ဖြစ်ပေါ်မှု အခြေအနေအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အစီအမံများချမှတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ၎င်းအပြင် ၂၀၂၅ ခုနှစ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဓိက မီးလောင်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများအနေဖြင့် အများစုမှာ တောမီးလောင်ကျွမ်းမှု၊ တောင်ယာ ခုတ်ထွင်ရှင်းလင်းရန် မီးရှို့မှုနှင့် လယ်ယာထွက်ကုန် ပစ္စည်းများမီးရှို့မှုတို့ကြောင့် ဖြစ်သဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြိုတင်အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Fire Hotspot လျှော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းထားသည့်အတိုင်း လျှော့ချနိုင်ရေးတို့အား အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဇန်နဝါရီလမှ မေလအထိ ရိုးပြတ်များမီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင် အသုံးပြုခြင်းတို့ကို ထိန်းချုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကျေးလက်ဒေသများတွင် အလေးထားဆောင်ရွက်နိုင်ရေးနှင့် Fire Hotspot ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့သည့်ဒေသများတွင် တောင်ယာမီးမရှို့ရေးနှင့် ရိုးပြတ်များမီးမရှို့ရေးတို့ကိုကြိုတင်အသိပေး ဆောင်ရွက်နိုင်ရေးကိစ္စနှင့်မြေပြင်ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဒေသအလိုက် Fire Hotspot စောင့်ကြည့်ခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းများလည်း ပုံမှန်ပြုလုပ်၍ သက်ဆိုင်ရာ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများလည်း ဆက်လက်ပြုလုပ်သွားရန် လိုကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့်ပြီးခဲ့သည့် ညှိနှိုင်းအစည်းအဝေးများတွင် ဆွေးနွေးခဲ့မှုများအရပေးပို့လာသည့် လစဉ်လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များအပြင် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
▪️ ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ(၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များတွင်ပါဝင်သည့် အသိပညာပေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ရုံးဌာနများ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခု၊ ဒီဂရီကောလိပ်နှစ်ခုနှင့် ကျောင်းအားလုံးပေါင်း ၁၀၀ ကျော်တို့တွင် နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဖော်ဆောင်ပေးလျက်ရှိသည့် ထိုင်းနိုင်ငံက ပေးပို့သော အသိပညာပေးဗီဒီယိုဖိုင်ကို ပြသခြင်းဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
▪️ ယင်းနောက်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တောမီးရှို့သည့်ပြဿနာ၊ မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှုပြဿနာသည်မိမိတို့ ဒေသတွင်း၌ အင်မတန်အရေးကြီးသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါကြောင်း၊ ASMC Website ကနေရရှိသည့် အချက်အလက်များအရ ပြီးခဲ့ သည့် နှစ်များအတွင်း မတ်လနှင့် ဧပြီလများတွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများ၌ Hotspot များ အများဆုံးဖြစ်ပေါ်နေသည်ကို တွေ့ရသည့်အတွက် လျှော့ချနိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံဖြတ်ကျော် မီးခိုးငွေ့ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။
▪️ ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် Fire Hotspot ဖြစ်ပွားမှုနှင့်ပတ်သက်၍ စစ်တမ်း ကောက်ယူထားရှိမှု၊ ဆောင်ရွက် ဆဲ၊ မြန်မာနိုင်ငံအတွင်း Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
▪️ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီ၏လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 March 2026
■ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ / အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကိုယနေ့မှစတင်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်တစ်ရပ်ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းဖော်ပြပါရှိသည်။
■ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရကြောင်းသိရသည်။
■ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်များမှစတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ / အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ် ကြောင်းသိရသည် ။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးထားမည်ဖြစ်ကြောင်း ၊ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
#YMG/NN #Yangon_Times
Page 200 of 2529