#Local_News
Published 18 March 2026

▪️ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်အရရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည် အသွေးမှာ ကောင်းမွန်လျှက်ရှိကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့အသိပေးထုတ်ပြန်ထားသည်။

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း တိုင်းတာမှတ်(၃)နေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်၊လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိ‌ေကြာင်း သိရသည်။

▪️ ထိုသို့တိုင်းတာရာတွင် လေထုအရည်အသွေးညွှန်းကိန်းမှာ ၀-၅၀ကြားတိုင်းတာရရှိသောကြောင့် လေထုအရည်အသွေးကောင်းမွန်သောအဆင့်ရှိကြောင်း သိရသည်။

▪️ အဆိုပါ လေထုအရည်အသွေးညွှန်းကိန်းမှာလေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#YMG/SW #Yangon_Times