#LocalNews
Published_8 October 2022
သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၉ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီခွဲမှစတင်၍ ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်ဖြစ်သည့် “စွေ့” ငှက်ပုံ(၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းက သိရသည်။
အဆိုပါနေ့တွင် စာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ရောက်ဝယ်ယူသူများအနေဖြင့် အထူးအစီအစဉ်ဖြစ်သည့် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
စွေ့ငှက်ကို ဇွေ့ငှက် (White-throated babbler)ဟုလည်းခေါ်ပြီး သိပ္ပံအမည်မှာ Turdoides gularis ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် အတွေ့ရများသည့် ငှက်ဖြစ်ပြီး အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် တွေ့ရှိတတ်သည့် မြန်မာ့ဒေသရင်းငှက်မျိုးစိတ်ဖြစ်သည်။
၆ ကောင်မှ ၇ ကောင်ထိ စုဝေးကာသွားလာနေထိုင်တတ်သဖြင့် 'ညီအမခုနစ်ဖော်'ဟုလည်း တင်စားခေါ်လေ့ ရှိကြပြီး အသင်းဖွဲ့ ကျက်စားတတ်သည့် မျိုးစိတ်လည်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
Published 7 Oct 2022
မြန်မာနိုင်ငံရဲ့ ရန်ကုန်၊ပုသိမ်၊စစ်တွေ၊မော်လမြိုင်စတဲ့ ပင်လယ်ဆိပ်ကမ်းတွေကနေ ဆန်ကိုပြည်ပသို့ တင်ပို့ရေး ဆောင်ရွက်ကြဖို့နှင့် အဲသလိုဆောင်ရွက်ခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာ(၇)ရက် နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဆန်ဟာမြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ဖြစ်ပြီး ဆန်ကောင်းစွာ ထုတ်လုပ်နိုင်တဲ့အတွက်Food Security အတွက် နိုင်ငံ၏ဂုဏ်သိက္ခာတစ်ခုပင် ဖြစ်ပါတယ်။ နိုင်ငံတကာသို့ ဆန်များ ပေါများစွာ တင်ပို့နိုင်မည်ဆိုပါက လူအများ၏စားရေး Food Security ကိုတာဝန်ယူ နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်မှာဖြစ်ပါတယ်” လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ကုန်ကြမ်းပြတ်လပ်မှု နည်းပါးမည်ဖြစ်ပြီး ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများတွင် ကုန်ကြမ်းသာမက လျှပ်စစ် စွမ်းအင်နှင့် Energy စွမ်းအားများလည်း လိုအပ်ကြောင်းလည်း ယင်းကဆိုသည်။

MSME ဆောင်ရွက်နေသူများခိုင်မာသည့် လုပ်ငန်းများ ရှိချိန်တွင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေး ငွေတွင် ဖွံ့ဖြိုးရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးရှိပြီး သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင် နိုင်ငံတော်မှချေးယူခဲ့သည့် ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးဆပ်ရန်အတွက် အချိန် အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးထားသော်လည်း အချိန်တစ်ခုတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့စီးပွားတိုးတက်မှုများ တုန့်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အနုတ်လက္ခဏာ ပြနေသည်ဟု ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ပြောကြားခဲ့ကြကြောင်း၊ နိုင်ငံစီးပွားရေးကျဆင်းသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အမြဲမပြတ်ထုတ်လုပ်၍ ပြည်ပသို့ပို့ကုန်များ တင်ပို့နိုင်ခြင်း ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်းမရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ymg/mt
Yangon_Media_Group
#Local_News
Published_ 7 October 2022
အောက်တိုဘာလ(၈)ရက်မှ (၁၂)ရက်အတွင်း မြန်မာနိုင်ငံမှ မုတ်သုန်လေအပြီးဆုတ်ခွာသွားဖို့ ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_7 October 2022
နစက အစိုးရကနေ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေတာကြောင့် ရွှေဈေးနှုန်းဟာ ငြိမ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ဒီနှစ်ပွင့်လင်းရာသီအစမှာ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ သိသာစွာတိုးတက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 7 October 2022
မြန်မာ့ပင်လယ်ပြင်မှာ ငါး၊ ပုစွန် ဖမ်းဆီးတာကို ရုရှားနိုင်ငံနဲ့ နည်းပညာ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 October 2022
၁။ ငါး ပုစွန် ဖမ်းဆီးမှုအား ရုရှားနိုင်ငံမှနည်းပညာဖြင့် လုပ်ဆောင်သွားမည်
၂။ ပြည်တွင်းခရီးသွားလုပ်ငန်း နှစ်လအတွင်း သိသာစွာတိုးတက်လာမည်ဟု UMTA ဥက္ကဋ္ဌပြော
၃။ အစိုးရမှ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေခြင်းကြောင့် ရွှေဈေးငြိမ်နေခြင်းဖြစ်သည်ဟုဆို
၄။ တရုတ်ပြည်ရှိ အရုပ်စက်ရုံလုပ်ငန်းများ တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1912 of 2427