#LocalNews
Published - 3 May 2022
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်းများ အဆမတန်
မြင့်တက်လာနေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-3 May 2022
မေလ(၃)ရက်နေ့ နေ့လယ်(၁)နာရီခွဲတိုင်းတာချက်တွေအရ မေလ(၆)ရက်မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်၊၊
မြန်မာနိုင်ငံအနေနဲ့ မေလအတွင်း လေဖိအားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်လာနိုင်ပြီး နှစ်ကြိမ်မှာ အားကောင်းကာ မုန်တိုင်းဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်းက ခန့်မှန်းပြောကြားထားပါတယ်၊၊
မေလ(၈)ရက်နေ့မတိုင်မီလည်း မုန်တိုင်းဖြစ်နိုင်ခြေတွေရှိသလို မေလ(၈)ရက်မှ (၁၃)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေစပြီးတော့ မုတ်သုန်ဝင်ရောက်တော့မှာဖြစ်တဲ့အတွက်လည်း သတိပြုစောင့်ကြည့်ရမှာဖြစ်တယ်လို့ မိုး/ဇလက သတိပေးထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local News
Published- 3 May 2022
ပုဂံဒေသရှိ ပုဂံစေတီ၊ ပုထိုးတွေကို ထိခိုက်ပျက်စီးနိုင်တဲ့ ညောင်ပင်တွေကို ဓာတုဆေးရည်အသုံးပြုပြီး ရှင်းလင်းတဲ့လုပ်ငန်းတွေကို Bagan Heritage Trust အဖွဲ့နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်၊၊
လတ်တလောမှာ ဝက်ကြီးအင်းဂူပြောက်ငယ်၊ ပုထိုးသားများရယ် မြင်းကပါဂူပြောက်ကြီးစတဲ့စေတီသုံးဆူမှာ ဆောင်ရွက်နေပြီး ဝက်ကြီးအင်းဂူပြောက်ငယ်၊ ပုထိုးသားများမှာတော့ဆောင်ရွက်မှုပြီးစီးခဲ့ပြီး မြင်းကပါဂူပြောက်ကြီးကတော့ လက်ရှိဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်၊၊
"ဝက်ကြီးအင်းဂူပြောက်ငယ်၊ ပုထိုးသားများရယ် မြင်းကပါဂူပြောက်ကြီးစတဲ့ စေတီသုံးဆူမှာ ညောင်ပင်သတ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်၊၊ အဲဒါပြီးသွားရင် ညောင်ပင်သတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရမှာ ဘက်ဂျက်သိန်း(၂၀၀)တောင်းထားပါတယ်၊၊ ဘက်ဂျက်ရရင်တော့ စေတီအဆူ(၂၀)လောက်မှာ ညောင်ပင်သတ်တဲ့လုပ်ငန်းတွေဆောင်ရွက်နိုင်မယ်၊၊ အရင်တုန်းက ဘက်ဂျက်သိန်း(၂၀၀)နဲ့ပဲစေတီ(၁၇)ဆူမှာ ညောင်ပင်သတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်"လို့ Bagan Heritage Trust အဖွဲ့အတွင်းရေးမှူး ဦးမျိုးညွန့်အောင်က ပြောပါတယ်၊၊
မိုးမကျမီအမီ ညောင်ပင်သတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပြီး ညောင်ပင်နဲ့ညောင်မြစ်တွေဟာ ပုဂံရှေးဟောင်းစေတီပုထိုးတွေကို ထိခိုက်ပျက်စီးနိုင်တဲ့အတွက် အခုလိုဆောင်ရွက်နေရတာဖြစ်ပါတယ်၊၊
ပုဂံဒေသရေရှည်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်တဲ့ ညောင်ပင်သတ်လုပ်ငန်းတွေကို ပြီးခဲ့တဲ့တစ်နှစ် လောက်ကလည်း ဆောင်ရွက်ခဲ့ပြီး (၁၇)ဆူပြီးစီးခဲ့တယ်လို့ဆိုပါတယ်၊၊
ပုဂံမှာ စေတီ၊ ပုထိုး၊ ရှေးဟောင်းအဆောက်အအုံပေါင်း (၃၀၀၀)ကျော်ရှိတဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် လိုအပ်ချက်တွေများနေပြီး ပါဝင်လှူဒါန်းလိုတဲ့သူတွေအနေနဲ့ Bagan Heritage Trustအဖွဲ့နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနကို လှူဒါန်းနိုင်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_3 May 2022
ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) တံတားကို မေလ ၅ ရက်တွင် ပြန်ဖွင့်ရန် စီစဉ်နေသောကြောင့် ယနေ့ မေလ ၃ ရက် နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်း၌ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသော အဆိုပါတံတား၏ ထိုင်းဘက်ခြမ်းတွင် မေလ ၁ ရက်က သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တံတားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကစတင်၍ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ည ၁၀ နာရီ ခွဲခန့်အချိန်က မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုဒ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးခဲ့သေးသည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်၌ ဆောက်လုပ်ထားသော တံတားဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀ မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃ မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၁၉ ခုနှစ်က အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -3 May 2022
၁။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်းများ အဆမတန်
မြင့်တက်လာ။
၂။ မသန်စွမ်းအထောက်အကူပြုပစ္စည်းလျှောက်ထားသည့် မသန်စွမ်းဦးရေ(၉၀)ကျော်ရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရိုးရာအပျော်တမ်းဒုံးပစ်ပြိုင်ပွဲ ထိုင်းနိုင်ငံတွင်ကျင်းပ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local News
Published-2 May 2022
မိုးရာသီမှာ ကလေးငယ်တွေအပါအဝင် လူတိုင်းက တုပ်ကွေးရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးတွေကို အခုမေလကတည်း က ကြိုတင်ထိုးထားသင့်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကိုပြောပါတယ်၊၊
တုပ်ကွေးကာကွယ်ဆေးကို အခုမေလကတည်းက ကြိုတင်ထိုးထားတော့မှ မိုးရာသီမှာကာကွယ်မှုအစွမ်းကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
"မိုးရာသီမှာ ကလေးငယ်တွေမှာ တုပ်ကွေးအမျိုးမျိုးဖြစ်ပွားတတ်တယ်၊၊ ဒီနွေရာသီမှာ တုပ်ကွေးကာကွယ်ဆေးတွေ ကြိုထိုးထားသင့်တယ်၊၊ ဒါမှ မိုးရာသီမှာ ကာကွယ်နိုင်စွမ်းရမယ်၊၊ မိုးရာသီရောက်မှ ကပ်ထိုးလိုမရဘူး၊၊ ကာကွယ်ဆေးတွေ အမျိုးမျိုးရှိတယ်၊၊ အဲဒီထဲမှာမှ ပိုးလေးမျိုးကိုကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိတယ်၊၊ တုပ်ကွေးရောဂါအပြင် သွေးလွန်တုပ်ကွေးကလည်း မိုးတွင်းမှာအဖြစ်များတယ်၊၊ ခြင်ကိုက်ရင်ဖြစ်တယ်"လို ဒေါက်တာခင်ခင်ထားကသတိပြောကြားထားပါတယ်၊၊
မိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါတွေအပြင် ကိုဗစ်ဖြစ်ပွားမှုတွေလည်းရှိနေသေးတဲ့အတွက် ကိုဗစ်မဖြစ်ပွားအောင်လည်း ကာကွယ်ရန်လိုအပ်တယ်လို သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 3 May 2022
တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၁၃၅ ဦးကို ထပ်မံခေါ်ယူခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မေ ၃ ရက် ဒီကနေ့တွင် Re-entry လုပ်သား ၁၀၇ ဦးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၂၈ ဦး စုစုပေါင်း ၁၃၅ ဦးတို့ဟာ ရန်ကုန်မှအင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဧပြီလအတွင်းကလည်း တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၃၁၀ ကျော် ခေါ်ယူခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာလုပ်သားတွေကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1910 of 2071