#Local_News
Published_29 August 2022
ယာဉ်အန္တရာယ်ကြုံနိုင်တဲ့ယာဉ်မောင်းတိုင်း၊ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားကြီးကြပ်ရေးမှူးတိုင်း ရှေးဦးပြုစုနည်းများ မဖြစ်မနေတတ်မြောက်ထားဖို့လိုတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_29 August 2022
ပုဂံဒေသကို သြဂုတ်လအတွင်းနိုင်ငံခြားသားဧည့်သည် (၄၀) ကျော်ဝင်ရောက်ခဲ့ပြီး (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည်(၁၃၀) ကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန
(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 August 2022
စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက်ဆီမရရှိသူများ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်နီဈေးက အသေး တစ်ပိသာကို ၂၂၅၀ကျပ်နဲ့ အကြီးတစ်ပိသာကို ၂၇၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 August 2022
၁။ ကြက်သွန်ဈေး အမြင့်ပိုင်းတွင်ဆက်လက်ရှိနေ
၂။ စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ် ဝယ်လိုအားရောင်းလိုအားမမျှ၍ ဆီမရသူများရှိနေ
၃။ ပုဂံဒေသကို (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည် (၁၃၀)ကျော်ဝင်ရောက်
၄။ ခေတ်မီအိုင်ယာလန်ထုံးတမ်းနှင့်အညီ အိုင်ယာလန်အလှမယ်ပြိုင်ပွဲကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 August 2022
ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_29 August 2022
အင်းလျားကန်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၉ ရက်မွန်းလွဲ ၂ နာရီကျော်အချိန် လူတစ်ဦးခုန်ချသွား၍ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရှာဖွေကြရာ ယနေ့ ညနေ ၄ နာရီကျော် အချိန်က ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။
"ပြန်တွေ့ပါပြီ၊ အလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ယူသွားပါတယ်၊ ပြည်လမ်းဘက်က ခုန်ချခဲ့တာပါ"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန၏ အရာထမ်းတစ်ဦးကပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခန့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက သူ၏ ၃ နှစ် သမီးငယ်အား ချီကာ နဝဒေး တံတားပေါ်က ခုန်ချသွား၍ လက်ရှိ သြဂုတ်လ ၂၉ ရက် ညနေ ၄ နာရီ ခွဲကျော် အချိနိထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1910 of 2340