#LocalNews
Published - 17 May 2022
မုတ်သုန်အဝင်နဲ့ မိုးရာသီကာလတွေမှာ ကြုံတွေ့လာနိုင်တဲ့သဘာဝဘေးတွေအတွက်မုန်တိုင်းshutter တွေကြိုတင်ပြင်ဆင်ထားပြီး ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_17 May 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ သင်္ဘောဆိုက်ကပ်နိုင်မယ့် ဆိပ်ခံဗောတံတားအတွက် ဇွန်လထဲမှာ တင်ဒါခေါ်ယူဖို့ လုပ်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 May 2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၂)စုရှိ နေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ မေလ ၁၆ ရက်နေ့ ညပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူနေအိမ်(၁၃၀)လုံး အမိုးလန်၍ (၃၂)လုံး ပြိုကျပြီး စုစုပေါင်း လူနေအိမ်(၁၆၂)လုံး ပျက်စီးဆုံးရှုးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယင်းဖြစ်စဥ် ဖြစ်ပွားရာသို့ မအူပင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်စဥ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#Local_News
Published_ 17 May 2022
ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်းလာနိုင်တာကြောင့် နယ်စပ်ဂိတ် ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေး ပမာဏ ပြန်လည်တိုးတက်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကာလနှင့် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလတူနှင့် နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှ ပို့ကုန်သွင်းကုန် ကုန်ပို့ဆောင်မှု ပမာဏသည် ၄၂% အထိပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ကုန်သွယ်မှု ပမာဏမှာ၂၅၆% တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။
မံမန်လမ်းကြောင်းတွင် Smart နယ်စပ်ဂိတ် စီမံအုပ်ချုပ်မှုစနစ်ဖော်ဆောင်ပြီး ကွန်တိန်နာများ နယ်စပ်ဂိတ်ဖြတ်သန်းရာတွင် ခွဲခြားသိရှိနိုင်သော စနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှု အချက်အလက်စနစ်စတင် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နယ်စပ်ဂိတ်များ တစ်ပြေးညီဖြစ်သည့် One Stop services နှင့် ကောင်တာတစ်ခုတွင်ငွေကောက်ခံမှု စီမံအုပ်ချုပ်ရေးစနစ် တည်ဆောက်ပြီး စရိတ်ကောက်ခံမှု စံနှုန်းနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆင့်များ လျှော့ချကာ နယ်စပ်ဂိတ် ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်ပေါင်းစပ်၍ အဆိုပါလမ်းကြောင်းကို ယခင်က ပို့ကုန် သွင်းကုန်ပစ္စည်းများ တန်ဖိုးနည်းနည်း ပမာဏများများမှ တန်ဖိုးမြင့်မြင့် ပမာဏနည်းနည်း အဖြစ်ပြောင်းလဲကာ ပို့ကုန် သွင်းကုန် ပမာဏလျှော့ချသည့် အခြေအနေတွင် ကုန်သွယ်ရေးပမာဏ တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 17 May 2022
ဧပြီလအတွင်းက မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသား ၁၁၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရန် စိစစ်ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီများမှ နိုင်ငံခြားသားများ ဖြစ်ကြပါတယ်။
ကုမ္ပဏီပေါင်း ၄၆၄ ခုမှ နိုင်ငံခြားသား ၁၁၁၁ ဦးကို လာရောက်သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါခွင့်ရနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
မတ်လကလည်း ကုမ္ပဏီပေါင်း ၅၁၆ ခုတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လာရောက်ကြတဲ့ နိုင်ငံခြားသား ၁၅၁၀ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် စိစစ်ထောက်ခံပေးခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 16 May 2022
၁။ တိုင်းရင်းသားကျေးရွာကို အပန်းဖြေသင်္ဘောများ ဆိုက်ကပ်နိုင်ရေး ဆိပ်ခံဗောတံတားတည်ဆောက်ရန် တင်ဒါခေါ်ယူမည်။
၂။ မုတ်သုန်အဝင်မိုးရာသီမှာ ဖြစ်ပွားနိုင်သည့်သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ထား။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အမေရိကန်မှ ယူကရိန်းသို့ပေးပို့သည့်လက်နက်များ မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာနိုင်ဟု စုံစမ်းရေးမှူးသတိပေး။... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 May 2022
(၃၁) ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာအားကစားနည်းပြိုင်ပွဲရဲ့ ဘိလိယက်အားကစားပြိုင်ပွဲ ပွဲစဉ်မှာ စင်္ကာပူပြိုင်ဘက်ကိုအနိုင်ရရှိပြီး မြန်မာဘိလိယက်အားကစားသမားဦးပေါက်စ ရွှေတံဆိပ်ဆုရရှိခဲ့တယ်လို့ သိရပါတယ်၊၊
မြန်မာနိုင်ငံဘိလိယက် အားကစားနည်းအတွက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အင်္ဂလိပ်ဘိလိယက် အားကစားနည်းမှ ရွှေတံဆိပ်ဆုကို ပထမဦးဆုံးအကြိမ် ဦးပေါက်စက အရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်၊၊
အဆိုပါ ပြိုင်ပွဲရဲ့ အင်္ဂလိပ်ဘိလိယက်အားကစားပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာဘိလိယက်အားကစားသမား ဦးပေါက်စဟာ ဗိုလ်လုပွဲစဉ်မှာ စင်္ကာပူရဲ့နာမည်ကြီး ဘိလိယက်ကစားသမား Peter Gilchrist ကိုအနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက်ရွှေတံဆိပ်ဆုကို မေလ (၁၇)ရက်မှာ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်၊၊
(၃၁) ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာအားကစားနည်းပြိုင်ပွဲရဲ့ ပွဲစဉ်များကို မေလ (၁၄) ရက်ကနေ (၂၂) ရက်နေ့ထိ ကျင်းပလျက်ရှိနေတယ်လို့သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1861 of 2048