#LocalNews
Published _7August 2022
လေဖိအားနည်းပိုမိုအားကောင်းလာကာ ရန်ကုန် ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာ ဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)မှာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိ၍အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုမိုးဇလပ ခန့်မှန်းထားခြင်းဖြစ်သည်။
နောက်(၂)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု လည်း ယင်းခန့်မှန်းချက်အရသိရသည်။
ymg/mt
#Yangon _Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_6 August 2022
ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကွေ့ချောင်းခံတပ်ကြီးကို လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားတွေ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ လမ်းတွေကို ပြုပြင်ဖို့ စီစဉ်နေပါပြီ။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 August 202
၂၀၂၂ ခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် JLPT ဝင်ခွင့်လျှောက်လွှာ ၂၆၀၀၀ နီးပါး ရောင်းချပေးထားပြီးဖြစ်ကြောင်း ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှကြေညာထားသည်။
အဆိုပါဝင်ခွင့်လျှောက်လွှာရောင်းချမှုကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)၊ စာမေးပွဲကျင်းပရေးကော်မတီ (JLPT)က စီစဉ်ခဲ့ခြင်းဖြစ်သည်။
၎င်းအရေအတွက်သည် ရန်ကုန်စာဖြေဌာန N3 ၊ N4 နှင့် N5 Level အတွက် ရောင်းချပေးခဲ့သည့်အရေအတွက်ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၅ ရက်ကစပြီး ဒီဇင်ဘာလစာမေးပွဲအတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းထားခဲ့ပြီး ကျန်သည့်စာမေးပွဲများအတွက်ကိုလည်း အွန်လိုင်းကနေသာ လျှောက်လွှာရောင်းချတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် JLPT စာမေးပွဲလျှောက်လွှာ ဝယ်ယူရန်လူငယ်များ မနက် ၂ နာရီကတည်းက တန်းစီခဲ့ကြပြီး လူ ၅၀၀၀ လောက်ရှိသည့် လူစုလူဝေးကြီးဖြစ်ပေါ်ခဲ့သည့်အတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းခဲ့ရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_7 August 2022
မွန်ပြည်နယ်တွင်တည်ဆောက်မည့်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းသစ်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းကို အသုံးပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းတို့ကို တည်ဆောက်ရန် အဆိုပြုဧရိယာမြေဧက ၄၆၀၀ ကျော်ကို လျာထားပြီး မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် လေယာဉ်ကွင်းသစ်စီမံကိန်း၊ ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာအကြားတွင် ဆိပ်ကမ်းစီမံကိန်းတို့အတွက် မြေနေရာသတ်မှတ်ထားခြင်းဖြစ်သည်။
ယင်းတည်ဆောက်မှုများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး၊လျှပ်စစ်နှင့်စွမ်းအင်ပြည်ထောင်စုဝန်ကြီး၊ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး၊မွန်ပြည်နယ်အစိုးရအဖွဲ့၊စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးရုံးစသည်တို့ဖြင့် "တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မှုဗဟိုကော်မတီ"တစ်ခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် တရားဝင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က မွန်ပြည်နယ်ရှိ ကုလားဂုတ်ကျွန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က လျာထားခဲ့ကာ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထိ ကာလတွင်လည်း ယင်းစီမံကိန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနကဆက်လက် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြသေးသည်။
ymg/mt
#Yangon_Media_Group
Page 1860 of 2239