#Local_News
Published _ 5 September 2022
ရွှေဒင်္ဂါးပြားကို တစ်ကျပ်သားလျှင်၂၉ သိန်းခွဲ ဈေးဖြင့် နေပြည်တော်၌ စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
"ညနေ ၄ နာရီခွဲထိ ရောင်းပေးမှာပါ။ ရန်ကုန်မှာတော့ မနက်ဖြန်လောက်မှ ရောင်းပေးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေ့က နေပြည်တော်မှာ ရောင်းပေးတာပါ"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွင် လွတ်လွတ်လပ်လပ် ရောင်းချပေးမည်ဟု နစက က စက်တင်ဘာလ ၁ ရက္ညပိုင်းတွင် ကြေညာထားသည်။
အဆိုပါ ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 5 September 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတက်အကျ သိပ်မရှိဘဲတည် ငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ယနေ့စက်တင်ဘာလ ၅ ရက်တွင်ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၃၉၅ ကျပ်၊ 95 တစ်လီတာ ၂၄၉၅ ကျပ်၊ 97 တစ်လီတာ ၃၀၄၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။
နစက အနေဖြင့် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီမှာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးထားကြောင်း၊ ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 5 September 2022
အိန္ဒိယနိုင်ငံ၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် EXIM Bazaar- 2022 ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင်နိုင်ငံ(၄)နိုင်ငံမှ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်၊၊
အဆိုပါပြပွဲကို Export-Import Bank of India ၏ စီစဉ်မှုဖြင့် စက်တင်ဘာလ(၃) ရက်မှ (၆)ရက်အတွင်း နယူးဒေလီမြို့ National Craft Museum ၌ကျင်းပ လျက်ရှိသည်၊၊
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံ ပြည်နယ်များနှင့် ဒေသအသီးသီးမှ လက်မှုအနုပညာပစ္စည်းများ၊ အထည် အလိပ်များ ပြသရောင်းချပွဲ EXIM Bazaar- 2022 ကို ကျင်းပလျက်ရှိရာ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲ၊ စျေးရောင်းပွဲကို အိန္ဒိယအထက်လွှတ်တော်အမတ် (Member of Rajya Sabha) Padma Vibhushan Dr. Sonal Mansinghမှ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို အိန္ဒိယအစိုးရတာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊





#ymg/tthl
#Yangon_Media_Group
#Local_News
Published - 5 September 2022
ပို့ကုန်တင်ပို့သူများမှ ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများကို ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကနေ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်။
အဆိုပါ ကုန်ကျစရိတ်များကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဆီ တင်ပြတောင်းခံခြင်း မပြုရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ စာပေးပို့ ညွှန်ကြားထားခြင်းဖြစ်သည်။
ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့်ပေးပြီးနောက်တွင်လည်း ကုန်ပစ္စည်းသင်္ဘောတင်ခများ ဆက်လက်တင်ပြတောင်းခံနေသည့်အတွက် ယခုလို ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 5 September 2022
သက်တမ်းကုန်ခါနီး မော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးဆောင်ရွက်ရာ၌ ခရီးသည်တင်ယာဉ်မှလွဲ၍ ကျန်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ယာဉ်စစ်ဆေးခြင်းများ မပြုလုပ်ဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားသည်။
ကားဝယ်ရောင်းသမားများအနေဖြင့် "ဒီအချိန်မှာ ကားဝယ်မယ်ဆို သတိထားပီးဝယ်ကြပါ။ ဖောက်စွပ် ဖြတ်ဆက်ကားတွေများနေပါတယ်။ အရမ်းဈေးတန်နေရင် ပိုသတိထားပါ။ ကားရောလူပါ ယုံကြည်ပီဆိုမှကားဝယ်ကြပါ"ဟု သုံးသပ်ထားသည်။
#ymg/NN
#Yangon_Media_Group
Published - 4 September 2022
နစကဥက္ကဋ္ဌရဲ့ ယခုရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြဖို့ရှိတယ်လို့ နစက အဆင့်မြင့် အရာရှိကြီးတစ်ဦးက YMG ရဲ့မေးမြန်းချက်အပေါ် အတည်ပြုပြောဆိုပါတယ်။
"ဒီခရီးစဉ်မှာ ရုရှားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးတော်တော်များများနဲ့တွေ့ဖြစ်ပါမယ်၊ရုရှားသမ္မတနဲ့ တွေ့မယ်။ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မသိရသေးပါဘူး"ဟု ယင်းကပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဘော့စတော့မြို တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၇ ) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ( The 7th Eastern Economic Forum 2022) သို တက်ရောက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ စက်တင်ဘာ ၄ရက်နေ့မှာ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြိုသို ရောက်ရှိကြောင်း ရုရှားမီဒီယာအချို့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက် ည ပိုင်းတွင် နစက အနေဖြင့် သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဘော့စတော့မြို့တွင် စက်တင်ဘာလ ၅ ရက် မှ ၈ ရက်ထိ ပြုလုပ်မည့် ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ကို ပါဝင်တက်ရောက်မည်ဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် စီးပွားရေးပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ymg/mt
Yamgon_Media_Group
#SAC_Myanmar
#Russia_Myanmar
#Myanmar_Politics



#LocalNews
Published - 4 September 2022
နေပြည်တော် ရေပန်းဥယျာဉ်ကို ခေတ်မီဥယျာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ယင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုလမှစတင်၍ ၃ နှစ်အတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ရိုလာကိုစတာ(Roller Coaster)၊ Zip Line ၊ ရေလွှာလျှောစီး(အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများ အပါအဝင် ကစားနည်းပေါင်း ၄၈ မျိုးပါဝင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင်နေပြည်တော်ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရေပန်းဥယျာဉ်တွင် နဂိုရှိသည့် ကန် (၃) ဆင့် ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင်(Water Movie)နှင့် ရေပန်းအက(Water Dancing)တို့ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် ပါဝင်ကြောင်း သိရသည်။
ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်သောနှုန်းထားသာ ကောက်ခံရန်၊ဒေသတိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ သန့်ရှင်းသပ်ရပ်သည့် ခေတ်မီစားသောက်ဆိုင်များ၊ နည်းပညာ ဆန်းသစ်သော ကစားကွင်းများနှင့် ပြပွဲများထည့်သွင်းဆောင်ရွက်ရန်နှင့် တစ်နှစ်ထက်တစ်နှစ် မတူညီသည့် ဆန်းသစ်မှုများ၊ အဆင့်မြှင့်တင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် လည်း ဆန်းမြတ်ထွန်းကုမ္ပဏီကို ညွှန်ကြားထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1772 of 2215