#Local_News
Published_ 6 November 2022
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကပြောကြားခဲ့သည်၊၊
နိုဝင်ဘာလ ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြီးမှူးကျင်းပသည့်“တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံနှင့် တရုတ်-မြန်မာဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းသစ်များ”ဖိုရမ် ၌ သံအမတ်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်အဖွဲ့များနှင့် မီဒီယာများထံသို့ တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအကြောင်းကိုလည်း သံအမတ်ကြီးက မိတ်ဆက်ပြောကြားခဲ့သည်၊၊
သံအမတ်ကြီး Mr. Chen Hai က "တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ အနက်အဓိပ္ပါယ်၊ အောင်မြင်မှုရလဒ်များနှင့် အကျိုးသက်ရောက်မှုများကို မိတ်ဆက်ပေးခဲ့ပြီး ညီလာခံ၏ အရေးကြီးဆုံး အောင်မြင်မှုရလဒ်မှာ Mr. Xi Jinping အမှူးပြုသည့် ဗဟိုခေါင်းဆောင်အဖွဲ့သစ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
တရုတ်ပုံစံခေတ်မီမှုသည် တရုတ်နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီမှုရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးကြီးသော အခွင့်အလမ်းများနှင့် ကြီးမားသောအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး “The Belt and Road” လမ်းကြောင်းတစ်လျှောက်၏ အရေးပါနေရာတွင်ရှိသော နိုင်ငံလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လိုပြီး မြန်မာနိုင်ငံမှ မိမိ၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေခြင်းအပေါ် ထောက်ခံအားပေးကြောင်း၊
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှုအပေါ် ပံ့ပိုးကူညီပေးပြီး “The Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို မြန်မာနိုင်ငံနှင့် အတူတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လျှပ်စစ် စသည့်တို့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး မြန်မာပြည်သူများ အတော်အတင့်ချမ်းသာသောဘဝကို ဆောလျင်စွာ ပိုင်ဆိုင်နိုင်အောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုအပေါ် မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များက ဂုဏ်ပြုကြပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို များစွာချီးကျူးကြကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များက မြန်မာနိုင်ငံအပါအဝင် ဘေးပတ်ဝန်းကျင်နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးလာမည်ဟု မျှော်လင့်ကြသည်ဟု ဖော်ပြပါရှိသည်၊၊
နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများသည် မြန်မာ-တရုတ် အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အမွေဆက်ခံသင့်ကြောင်း၊ နှစ်နိုင်ငံအတူ အဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို ပြန့်ပွားအောင်ဆောင်ရွက်ပြီး ကဏ္ဍစုံ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 5 November 2022
ကြက်သားနှင့် ဘဲသားဈေးအနည်းငယ်တက်လာတဲ့ အတွက် ဝယ်ယူနိုင်သူနည်းပါးလာပြီး အရောင်းပါးလာတယ်လို့ ကြက်၊ ဘဲ လက်လီ လက်ကားရောင်းဝယ်ရေးဒိုင်မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 5 november 2022
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား မီးပုံးပျံလွှတ်ကွင်းမှာ စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 5 Nov 2022
- ငှက်ဖျားရောဂါမဖြစ်အောင် ဆောင်ရန်ရှောင်ရန်??
#Yangon_Media_Group
#Local_News
Published_5 November 2022
မြန်မာ့ဆန် တန်ချိန် (၃) သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်တင်ပို့ရောင်းချနိုင်ရေးအတွက် အစိုးရချင်း သဘောတူညီထားပြီးပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 5 Nov 2022
- ငှက်ဖျားရောဂါကို အမြစ်ဖြတ်မယ့် မျှော်မှန်းချက်အတိုင်းရောက်ရှိနိုင်ဖို့ စိန်ခေါ်မှုတွေရှိပါသလား??
#Yangon_Media_Group
#DailyNews
Published _ 5 November 2022
၁။ ဘင်္ဂလားဒေ့ရှ်က ၂၀၂၇ အထိ မြန်မာ့ဆန်တန်ချိန် (၃) သိန်း ဝယ်ယူမည်
၂။ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ စတင်ကျင်းပနေ
၃။ ကြက်သားနှင့်ဘဲသားဈေးများတက်လာ၍ ဝယ်ယူသူ နည်းပါးနေ
၄။ မိုင်ယန်နောက်ဆုံးမြို့နေရာတွင် ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1767 of 2341