#Local_News
Published_9 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၂၀၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သား ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် နိုဝင်ဘာ ၁၄ ရက် နှင့် နိုဝင်ဘာ ၁၆ ရက် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၂၂၈ ဦး စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာ ၁၄ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ နိုဝင်ဘာ ၁၆ ရက်တွင် Re-entry (ကုန်ထုတ်) အလုပ်သမား ၈၀ ဦး ပို့ဆောင်ပေးမည်ဖြစ်သည်။
အလားတူ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ အစပိုင်းတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၁၃၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _8 November 2022
ရုရှားနိုင်ငံကို ရေထွက်ကုန်တင်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်(Joint Statement ) ကို ထုတ်ပြန်ထားတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 November 2022
လတ်တလောမှာ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ရှိ ဟိုခိုက်အနာကြီးရောဂါကုဂေဟာက အနာကြီးဝေဒနာရှင်တွေအတွက်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ရာသီဥတုအေးလာပြီဖြစ်လို့ စောင်နဲ့အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_8 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ခြောက်လကျော် ခုနှစ်လနီးပါး ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ သန်း ၄၀၀ ကျော်မြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 November 2022
လက်ရှိ ခရမ်းချဉ်သီး အစိမ်းနဲ့ အမှည့်ဈေးက ပြီးခဲ့တဲ့ လကစပြီး ယခုလအထိ အတက်အကျ ငြိမ်သက်မှုမရှိသေးပါဘူးလို့ ပြည်သာယာဈေး၊ အောင်ပန်းပွဲရုံဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 November 2022
၁။ ခရမ်းချဉ်သီးဈေး အတက်အကျငြိမ်သက်မှုမရှိဘဲ အရောင်းအေးနေဟုဆိုာ
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ သန်း ၄၀၀ ကျော်မြင့်တက်လာ
၃။ အနာကြီးဝေဒနာရှင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်စောင်များလိုအပ်နေ
၄။ ကမ္ဘာ့အကြီးဆုံးပိုက်အော်ဂင်အား ပြန်လည်ဆန်းသစ်တီထွင်လျက်ရှိး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _8 November 2022
ပို့ကုန်ရငွေရဲ့တန်ဘိုး အမေရိကန်ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ သတ်မှတ်နှုန်းထားအတိုင်းရောင်းချပြီးတဲ့နောက်မှာ အဲဒီ ၆၅ ရာခိုင်နှုန်းကို ရောင်းလို့တဲ့ငွေကို ဘဏ်အကောင့်ထဲကို ထည့်ပေးပေမဲ့ ပြန်ထုတ်တဲ့အခါ တစ်လုံးတစ်ခဲတည်းမပေးဘဲ တစ်ပတ်ကို သိန်းတစ်ရာပဲပေးနေတဲ့ကိစ္စက ပို့ကုန်လုပ်ငန်းရှင်တွေ အကြပ်အတည်း ဖြစ်စေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
Page 1762 of 2341