#Local_News
Published-8 Setember 2022
ကိုဗစ်-၁၉ ရောဂါကူးစက်သူနဲ့ သေဆုံးသူဦးရေတွေ တိုးလာပေမယ့် လတ်တလောမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီးကန့်သတ်ချက်တွေကို ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 September 2022
၁။ ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာသော်လည်း ကန့်သတ်ချက်များထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်မှုများကြောင့် ကုန်သွယ်ရေးအနည်းငယ် တုံ့ဆိုင်း
၃။ လူမှုကူညီရေးအသင်းအချို့မှ အကူညီတောင်းခံလာသူများအား တတ်အားသလောက် ပြန်လှူဒါန်းပေးရန် မေတ္တာရပ်ခံထား
၄။ ကမ္ဘောဒီးယားကျောင်းများတွင် ကလေးများကို သီးနှံစိုက်ပျိုးရေးအတတ်ပညာများ သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 8 September 2022
အခုရက်ပိုင်းအတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာသစ်တွေ့ရှိမှုဟာ (၂၄)နာရီအတွင်းလူနာသစ် ၉၀ကျော်၊ ၁၀၀ ကျော်မှ (၂၀၀)ကျော်အထိ တွေ့ရှိလာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 8 September 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတော်ကျေးရွာအုပ်စု၊ စာတောကျေးရွာ၊ လိပ်ဆံတင်းရပ်ရှိ ယက္ကန်းအထည်ဆိုင် လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရသောကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်က အမည်မသိလူနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သောကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးမှာ ညာခြေပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဆိုင်ပိုင်ရှင် အသက်(၅၃)နှစ်အရွယ် အမျိုးသား၏ လက်ဝဲလက်မောင်း၊ လက်ဝဲဗိုက်၊ လက်ဝဲခြေထောက်ထိမှန် ဒဏ်ရာများ၊ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် လက်ယာတံတောင်၊ လက်ယာခြေကျင်းဝတ်၊ လက်ယာခြေဖမိုး၊ လက်ဝဲဒူးခေါင်း၊လက်ဝဲခြေသလုံး၊ လက်ဝဲခြေဖမိုး ဒဏ်ရာများ၊ အသက်(၃၃)အရွယ်အမျိုးသားတစ်ဦးတွင် လက်ဝဲဒူးခေါင်း၊ လက်ယာခြေဖမိုးထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Published 8 Sept 2022
ကာတာရီတယ်လီကွန်မျူနီးကေးရှင် ကုမ္ပဏီ အော်ရီဒူးဟာ ယင်းရဲ့ မြန်မာလုပ်ငန်းဖြစ်တဲ့ အော်ရီဒူးမြန်မာကို စင်္ကာပူ အခြေစိုက် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီ Nine Communications ကို လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၆ သန်းခန့်နှင့် စုစုပေါင်းအစုရှယ်ယာထည့်သွင်းစဉ်းစားမှု၁၆၂သန်းနှင့် ရောင်းချဖို့ သဘာတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ ရိုက်တာနှင့် ဒူဘိုင်းအခြေစိုက်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။
အော်ရီဒူးမြန်မာနှင့်အော်ရီဒူးမြန်မာဖင်းတက်ခ်ကုမ္ပဏီ Ooredoo Myanmar Fintech နှစ်ခုစလုံးရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးအေးရှားရဲ့ အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချတာဖြစ်ပါတယ်လို့ ဒိုဟာအခြေစိုက် ကုမ္ပဏီက ပြောပါတယ်။
ဒီအရောင်းအဝယ်ကို အော်ရီဒူး ဒါရိုက်တာဘုတ်အဖွဲ့နှင့် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီနှစ်ဘက်စလုံးက အတည်ပြုပြီးပြီလို့ ပြောပါတယ်။ လုပ်ဖို့ကျန်တာတွေက လုပ်ဆောင်နေကျ ပိတ်သိမ်းတဲ့လုပ်ငန်းတွေနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေးအာဏာပိုင် ရဲ့ အတည်ပြုချက်ရရှိဖို့ပဲဖြစ်ပါတယ်။
ဒီလိုရောင်းချတာဟာ ကုမ္ပဏီပြုပြင်ဖွဲ့စည်းမှုရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ အော်ရီဒူးအုပ်စုရဲ့ စီအီးအိုနှင့် မန်းနေးဂျင်း ဒါရိုက်တာ အာဇစ် အာလုမင်း ဖက်ခရိုကပြောပါတယ်။
အော်ရီဒူးမြန်မာဟာ ရန်ကုန်အခြေစိုက် တယ်လီဖုန်းအော်ပရတာဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
နိုင်းကွန်မျူနီကေးရှင်းကုမ္ပဏီဟာ စင်ကာပူမှာ SPV ပေါင်းစည်းထားတဲ့ကုမ္ပဏီဖြစ်ပြီး Link Family Office နှင့် မြန်မာလူမျိုး ဦးဉာဏ်ဝင်းပိုင်ဆိုင်တာဖြစ်တယ်လို့ ဒူဘိုင်းအခြေစိုက်မီဒီယာတစ်ခုကရေးသားပါတယ်။
Source: Reuters/ and other media
#Local_News
Published _ 8 september 2022
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နေပြီး အရောင်းအဝယ် မြင့်တက်မှုရှိနေကြောင်း ရန်ကုန်စတော့အိတ်ချိန်း (YSX)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ စက်တင်ဘာလ ၆ ရက်အတွက် အရောင်းအဝယ်ဖြစ်သည့် အစုရှယ်ယာ တန်ဖိုးမှာ ကျပ် (၂၆၃) သန်းအထိရှိပြီး စက်တင် ဘာလ ၅ ရက်တွင် ကျပ် (၁၇၇) သန်း၊ စက်တင်ဘာလ ၂ရက်တွင် ကျပ်သန်း (၁၀၀)၊ စက်တင်ဘာလ ၁ရက်တွင် ကျပ် (၈၄) သန်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်စတော့ဈေးကွက်၏ ရှယ်ယာအရောင်းအဝယ် ပမာဏဟာ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရန်ကုန်စတော့အိတ်ချိန်းမှာ နေ့စဉ်အရောင်းအဝယ် ဖြစ်မှု ပမာဏဟာ ပျမ်းမျှ ကျပ် (၁၃) သန်းကျော်သာ ရှိသော်လည်း ယခုစက်တင် ဘာလအတွင်းမှာတော့ ကျပ်သန်း (၂၀၀) ကျော်ထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း သိရသည်။
စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှုအား ကြည့်လျင် မြန်မာသီလဝါ SEZ အများပိုင် ကုမ္ပဏီ MTSH ၏ အရောင်းအဝယ် ပမာဏဟာ အများဆုံး ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်း ဝင်အများပိုင်ကုမ္ပဏီခုနစ်ခုမှ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖြူးမြို့နယ်ရှိ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းတွင် နားနေသည့်ယာဉ်၌ ပေါ်သေဆုံးသူမှာ ကိုဗစ်ကြောင့် မဟုတ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်အမှတ် 3P/----- ရွှေလားရှိုး Express မော်ယောဉ်မှာ လားရှိးမြို့မှ ရန်ကုန်မြို့သို့ ပြန်လာပြီး စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ၁၁၅ မိုင်၌ ယာဉ်နားနေစဉ် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း ဖြူးမြို့မနာရေးကူညီမှုအသင်းကသိရသည်။
"အသင်းကလူတွေက ဖြူးမြို့နယ်ဆေးရုံကိုပို့ခဲ့တာပါ။ ကျွန်တော်တို့အသင်းကိုတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကွာရန်တင်းကိစ္စမပြောဘူး၊ ကိုဗစ်မဟုတ်လို့ မပြောတာလို့ပဲ ယူဆရတာပေါ့၊ ဟုတ်တယ်ဆိုရင် ကားတစ်စီးလုံးနဲ့ ဆိုင်တာပဲလေ"ဟု လိုက်ပါကူညီသည့်အသင်း၏ တာဝန်ကျသူက ပြောသည်။
ရုပ်အလောင်းကို ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကိုဗစ်စစ်ဆေးကြည့်ရာမှာတော့ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။
သေဆုံးသူအမျိုးသားမှာ အသက် ၄၂ နှစ်အရွယ် ကိုသော်ဇင်ထွန်း ဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ ဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားပြီးသူဖြစ်ကာ RDT ဖြင့်စစ်ဆေးခဲ့စဉ် Negative ဖြစ်နေကြောင်း၊ ၎င်းတွင် အသည်းရောဂါဝေဒနာ ရှိနေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1764 of 2215