#Local_News
Published_14 January 2023
ကိုရီးယား EPS-TOPIK စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲဖြေဆိုသူဦးရေ ၁၃၃၀၂ ဦးရှိပြီး အောင်မြင်သူ ၆၃၈၆ ဦးရှိကြောင်း သိရသည်။
ယင်းစာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လက်ရှိတွင်လည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 January 2023
ပျံလွန်တော်မူသွားပြီဖြစ်သည့် ဝင်းစိန်တောရဆရာ တော်ကြီး၏(၁၀၂)နှစ်ပြည့်မွေးနေ့မင်္ဂလာကိုမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ ကျောင်းတိုက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပသွားမည်ဖြစ်ပြီး မွေးနေ့စေတီတော်ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ပင့်ကျောင်း(၁၁၄)ကျောင်းမှ သံဃာတော်ဆရာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်(၃၄)ပါးအားပုဂ္ဂိုလ်ဆွမ်းကပ်လှူခြင်း၊ ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာ တော်ကြီးရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ကပ်လှူပူဇော်ခြင်းများဆောင်ရွက်မည်ဖြစ်သည်၊၊
ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာတော်ကြီး(၁၀၂)နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ် ဇန်နဝါရီ(၁၅)ရက်တွင် အခမဲ့နိဗ္ဗာန်စျေးစတုဒိသာဆိုင်ပေါင်း(၂၄) ခုမှ အခမဲ့ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 14 January 2023
ဘရာဇီး MMA ဖိုက်တာ Gilberto Galvao နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့စပါးအုံးဟု လူသိများသော ONE Championship ချန်ပီယံဟောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်တို့ ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE on Prime Video 6 ပွဲစဉ်တွင်ထိုးသတ်ကြရာ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်က အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship MMA ကိုယ်ခံပညာဘက်စုံသုံး ထိုးသတ်ပွဲတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခဲ့သော ကချင်တိုင်းရင်းသား အောင်လအန်ဆန်အနေဖြင့် ဂျပန်ဖိုက်တာ အိုကာမီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သေးသည်။
၎င်းအနေဖြင့် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရသူဖြစ်ပြီး အဆိုပါပွဲတွင် အိုကာမီအား အနိုင်ရခဲ့ပြီးနောက် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
တောင်သူလယ်သမားတွေ ချမ်းသာအောင်လုပ်ချင်တယ်၊၊ အခြေခံလူတန်းစားတွေ၊ အလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းသေးသေးလေးတွေ ပြည်သူလူထုတစ်ရပ်လုံးကြီးပွားတိုးတက်အောင် ကျွန်တော်တို့လုပ်မှာ၊၊
ဦးစိုက်အိုက်ပေါင်း(ဥက္ကဌ)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
#USaiAikPoung
#Chairman_of_White_Tiger_Party
#Shan_Ethnic_Democratic_Party
#Yangon_Media_Group
#Local_News
Published_ 13 January 2023
မူးယစ်ဆေးဖြတ်ထားတဲ့ လူနာတစ်ဦး မိဘနေအိမ်ပြန်ရောက်ပြီးမှ မူးယစ်ဆေးပြန်သုံးစွဲမိတဲ့အတွက် မီးရထားလမ်းမှာ သတိလစ်လဲကျသွားလို့ ဆေးရုံပို့ထားရတယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူ ထောင်ရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
ဒီမိုကရေစီနိုင်ငံသွားမယ်ဆိုရင် ရွေးကောက်ပွဲဟာ မဖြတ်သန်းလို့မရဘူး၊၊ ဖြတ်သန်းရမယ့်တံခါးပေါက်တစ်ခုပဲ၊၊ ကျွန်တော်တို့က ဒီမိုကရေစီ ဒီမိုကရေစီလို့ပြောကြတယ်လေ၊၊ ဒီမိုကရေစီသွားမယ်ဆိုရင် ရွေးကောက်ပွဲက မဖြစ်မနေကျင်းပရမယ်၊၊ ဒါက ကမ္ဘာ့နိယာမပဲလေ၊၊အဲဒီတော့ ရွေးကောက်ပွဲတော့ဝင်ရမှာပဲ၊၊
ဦးစိုက်အိုက်ပေါင်း(ဥက္ကဌ)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
#USaiAikPoung
#Chairman_of_White_Tiger_Party
#Shan_Ethnic_Democratic_Party
#Yangon_Media_Group
#Local_News
Published_ 13 January 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသမှာ ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီ (၁၉)ရက်မှ (၂၃)ရက်အထိ(၅)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1757 of 2475