#Local_News
Published_13 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလတာကာလအတွင်းမှာ ပြည်ပကို ပို့ကုန်တင်ပိုမှုကနေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၄ ဘီလီယံကျော် ရရှိထားပြီးတော့ တစ်ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 13 January 2023
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၄ ဘီလီယံရရှိထား
၂။ ရှမ်းပြည်နယ်၊ ကျိုင်းတုံတွင်ချယ်ရီပန်းပွဲတော်(၅) ရက်တိုင်တိုင်ကျင်းပမည်
၃။ ဆေးဖြတ်ထားသူတစ်ဦးဆေးလွန်၍ သတိမေ့ကာရထားလမ်းတွင်လဲကျနေ
၄။ ဘီနင်နိုင်ငံတွင်ကျင်းပသည့် ဗူဒူးရိုးရာပွဲတော်၌ အာဖရိကနွယ်ဖွားလူမျိုးအများအပြား ပြန်ရောက်လာအောင်ဆွဲဆောင်နိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 January 2023
အနော်ရထာမင်းနဲ့ကျန်စစ်သားမင်းနန်းတော်ရာတွေကို ယူနက်စကိုဂိုက်လိုင်းတွေနဲ့အညီ နိုင်ငံတကာအဆင့်မီ Site Museum အဖြစ် အဆင့်မြှင့်တင်ပြသနိုင်ဖို့ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 13 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံ ၌ယနေ့ ဇန်နဝါရီလ(၁၃)ရက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်လွှင့်လျက်ရှိသည်။
မီးလောင်မှုမှာ ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊လက်ရှိတွင် မီးငြိမ်းသတ်ဆဲဖြစ်သောကြောင့် မီးလောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးများကို မသိရသေးပေ။
#Yangon_Media_Group
#Local_News
Published_13 January 2023
တရုတ်ဘက်ခြမ်းကနေ ရွှေလီနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးလိုက်ပေမယ့် မြန်မာဘက်ခြမ်းကတော့ ယနေ့အချိန်ထိ ပိတ်ထားဆဲ ဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_13 January 2023
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် စက်ရုံ၊ အလုပ်ရုံတွေဆီ Mobile Team စေလွှတ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်းကို ဇန်နဝါရီ ၂၄ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ကြေညာထားသည်။
PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းကို Mobile စက် ၂ စုံနှင့် Mobile Taem ၂ ဖွဲ့ခွဲကာ ဆောင်ရက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့် ရွှေ့ပြောင်းမြန်မာလုပ်သားဦးရေ ၁၀၀၀ အထက်ရှိသည့် စက်ရုံတွေဆီ အလှည့်ကျ စေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်သည့်အတွက် စက်ရုံများမှ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားကြောင်း သိရသည်။
ယင်းအပြင် စက်ရုံ၊ အလုပ်ရုံတွေအနေဖြင့်၂၀၂၂ / ၂၀၂၃ ခုနှစ်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးမည့် လုပ်သားစာရင်းကို သတ်မှတ်ပုံစံအတိုင်း ပြုစုပြီး ဇန်နဝါရီလ ၂၀ ရက် နောက်ဆုံးထားကာ ကောင်စစ်တာဝန်ခံ အရာရှိ ဒေါ်ခင်မာလာဝင်းထံပေးပို့ရန် သံရုံးက အသိပေးထားသည်။
လက်ရှိတွင်လည်း ပတ်စ်ပို့သက်တမ်းကုန်ဆုံးနေသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကို ရက်ချိန်တိုကင်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပေးခဲ့ကြောင်းသိရသည်။
သံရုံး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသားကျောင်းသားများကိုင်ဆောင်သည့် PE အမျိုး အစားနိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာသံဃာတော်များကိုင်ဆောင်သည့် PR အမျိုးအစားနိုင်ငံကူး လက်မှတ်များ၊ထိုင်းနိုင်ငံတွင်မှီခိုဗီဇာဖြင့်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် PT အမျိုးအစားနိုင်ငံကူးလက်မှတ်များ၊ မြန်မာနိုင်ငံသားသင်္ဘောသားများကိုင်ဆောင်သည့် PS အမျိုးအစားနိုင်ငံကူးလက်မှတ်များစသည်တိုကို ဘန်ကောက်မြိုရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၌ကြိုတင်ရက်ချိန်း ရယူပြီးပါက ဖော်ပြပါနိုင်ငံကူးလက်မှတ်များ ၏သက်တမ်းတိုးလုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 13 January 2023
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ စကားအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)က ထပ်မံသတိပေးတိုက်တွန်းချက် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို နိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။
ယင်းအပြင် အာဆီယံအနေဖြင့် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှကြေညာထားသည့် မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်လိုအပ်ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာ့အရေးကြောင့် အာဆီယံ အသိုက်အဝန်းဖွံ့ဖြိုးတိုးတက်မှုပေါ်အထိခိုက်ခံမည်မဟုတ်ကြောင်း၊ ပြဿနာကို ဖြေရှင်းရန် အာဆီယံအထူးသံတမန်ရုံး ဖွင့်လှစ်၍သူကိုယ်တိုင်ဦးစီးကာ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် စေ့စပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာ၌ ပြုလုပ်ခဲ့သော နှစ်ပတ်လည် မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစက အနေဖြင့် ယခုအချိန်ထိ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝလိုက်နာ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း၊ မြန်မာ့အရေးကို ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ ဒီမိုကရေစီမူများအပါအဝင် အာဆီယံ ပဋိညာဉ်စာတမ်း၏ အခြေခံမူများ၊ စံတန်ဖိုးများနှင့်အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1758 of 2475