#Local_News
Published_ 24 September 2022
ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေအတွက် isolation Wards နဲ့ ကုတင်တွေပြင်ဆင်ထားပြီး လူနာဦးရေ(၁၅၀၀)စာ လောက်ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ယခင်ကိုဗစ် လှိုင်းတွေနှင့် ယခုကူးစက်မှုတွေ ဘာကွားခြားပါသလဲ။ ထိခိုက်မှုအနည်းဆုံး ဘယ်လိုကျော်လွှားဖြတ်သန်းကြမလဲ??
#Yangon_Media_Group
#Local_News
Published-24 Setember 2022
ရန်ကုန်မြို့ပတ်ရထားစီးနင်းတဲ့ ခရီးသည်ဦးရေဟာ ရာခိုင်နှုန်းအားဖြင့်နည်းနေတဲ့အတွက် အစုန်၊ အဆန် ၇ စင်းသာ ပြေးဆွဲပေးနေရတယ်လို့ ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ကိုဗစ်- ၁၉ ကူးစက်မှုတွေ ဘယ်အထိမြင့်တက်နေဦးမယ်လို့ ထင်ပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 24 September 2022
၁။ စီးနင်းသူခရီးသည်ဦးရေ နည်းနေသည့်အတွက် မြို့ပတ်ရထား ၇ စင်းတည်းသာ ပြေးဆွဲပေးနေရ
၂။ ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာထောင်ချီထားရှိ
ကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထား
၃။ အခါကြီးရက်ကြီး သီတင်းကျွတ်ပိတ်ရက်တွေရှိသော်လည်း ခရီးသွားလုပ်ငန်းအချို့အရောင်းအဝယ်အေးနေဟုဆို
၄။ 'ဘရက်ဒ်ပစ်'၏ ပထမဆုံးရုပ်ထုပြပွဲအား ဖင်လန်တွင်ပြသခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ယခုမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာနေပါတယ်။ ဒါကို ကိုဗစ်လှိုင်းအသစ်လို ပြောလို့ရနိုင်မလား??
#Yangon_Media_Group
#Local_News
Published_ 24 September 2022
မြန်မာနိုင်ငံရှိပုဂ္ဂလိက ဆေးဝါးစက်ရုံမှပထမဆုံးထုတ်လုပ်ခဲ့သည့် PACLOVID ကိုဗစ်ကုသဆေးအပြင် ဈေးနှုန်းသက်သာသည့် MOLNUPAC 200 နှင့် MOLNUPAC 400 ကိုဗစ်ကုသဆေးများကို ထပ်မံထုတ်လုပ်လိုက်ကြောင်း သိရသည်၊၊
အဆိုပါ ဆေးဝါးများကို ထုတ်လုပ်သော Pacific Medical Industries Ltd ဆေးဝါးစက်ရုံ၏ ထုတ်ပြန်ချက်များအရ သိရခြင်းဖြစ်သည်၊၊
PACLOVID ဆေးတစ်ဘူး (၁၀လုံးကဒ် ၃ကဒ်) လျှင် ၂၅၀,၀၀၀ ကျပ်သတ်မှတ်ထားပြီး ယခု အသစ်ထုတ်လုပ်လိုက်သည့် MOLNUPAC 200 နှင့် MOLNUPAC 400 ကိုဗစ်ကုသဆေးများကိုတော့
ဆေးဘူးတစ်ဘူးလျှင် လေးသောင်းခွဲ (၄၅,၀၀၀) ကျပ် ဖြင့်စျေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဟု ဖော်ပြထားသည်၊၊
ယင်းကိုဗစ်ကုသဆေးများကို ဆရာဝန်ဆေးညွှန်းစာ ပြသပြီးဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဆေးရုံဆေးခန်းမှ ဆေးအမှာစာများပေးပို၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုရမည့် ကိုဗစ်ကုသဆေး အမျိုးအစားများကို ဆရာဝန်များက ရွေးချယ်ပေးမည်ဖြစ်ပြီး ဆရာဝန်ဆေးညွှန်းစာအတိုင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1657 of 2142