#TV Yangon Times Matters အစီအစဉ်
Published - 5 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကာတွန်းဝင်းအောင် (ကာတွန်းဆရာများအသင်းဥက္ကဌ)နှင့်အတူ
-"ဒီခေတ်မှာ စားဝတ်နေရေးကအဓိကမို့ ကာတွန်းစာအုပ်တစ်အုပ်(၃)ထောင်ဝယ်ဖို့ မဝယ်နိုင်ကြတော့ဘူး ဖတ်တဲ့သူမရှိတော့ ထုတ်ဝေသူက မထုတ်နိုင်တော့ဘူး ထုတ်ဝေသူမထုတ်ပေးနိုင်တော့ ကာတွန်းဆရာတွေက မရေးဖြစ်ကြတော့ဘူးဆိုတဲ့အကြောင်း
#Yangon_Media_Group
#Local_News
Published_5 February 2023
၂၀၂၂-၂၀၂၃ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေသွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 5 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကာတွန်းဝင်းအောင်
(ကာတွန်းဆရာများအသင်းဥက္ကဌ)နှင့်အတူ
-စားဝတ်နေရေး အခက်အခဲကြောင့် တစ်ချို့က ပန်းချီကားရေး၊ တစ်ချို့က လစာစား၊ တစ်ချို့က ဈေးရောင်းရတဲ့ အခြေအနေတွေအထိ ဖြစ်သွားကြတာတွေရှိကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _5 February 2023
ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းတို့အတွက် ရုရှား - မြန်မာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၄ ရက် ရန်ကုန်မြို့ရှိ Pan Pacific Hotel Yangon ၌ ပြုလုပ်ခဲ့ကြကြောင်းနှင့် ယင်းအခမ်းအနားသို့ ရုရှား-မြန်မာချစ်ကြည်ရေး အသင်း(RUSSIA-MYANMAR ASSOCIATION FOR FRIENDSHIP & COOPERATION, RMAFC) ဥက္ကဋ္ဌမစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးကြရာတွင် ရခိုင်ပြည်နယ်သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 Feb 2023
အာဆီယံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဖေဖော်ဝါရီ ၂ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိအာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာအဆင့်မြင့် အရာရှိကြီးအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးများအား အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ ဂျကာတာအခြေစိုက် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များမှ ချမှတ်ထားရှိသောလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခြင်း၊ အာဆီယံ ပြင်ပမိတ်ဖက်ဆက်ဆံရေး၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ် အာဆီယံ ဒေသတွင်းကွန်ဖရင့် ကျင်းပခြင်း၊ (၁၂) ကြိမ်မြောက် အာဆီယံ ပင်လယ်ရေကြောင်းဖိုရမ်နှင့် (၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်း တိုးချဲ့ ဖိုရမ်ဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံအစည်းအဝေးများ ကိစ္စတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြတယ်။
အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင်မူအရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကိစ္စ၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် သဘောတူ စာချုပ်၏ဆုံးဖြတ်ချက်များ၊ အာဆီယံနှင့် လက်တင် အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့ အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


#LocalNews
Published _5 February 2023
နစက ဆန့်ကျင် အဖွဲ့ အခြေပြုနေသည့် လွိုင်ကော်မြို့နယ်ထဲက နေရာတစ်ခုကို လေကြောင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူချေမှုန်းခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒေသတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို မလိုလားသော ပြည်သူများသတင်းပေးပို့ခဲ့သောကြောင့် တပ်မတော်က လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် ၁၀ မိုင်ခန့်အကွာ ဒေသအခေါ် ဆင်စခန်း၌ နစက ဆန့်ကျင်အဖွဲ့ များ အခြေပြုနေကြောင်းသိရှိရ၍ ဖေဖော်ဝါရီလ ၃ ရက်တွင် လေကြာင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action ) ပြုလုပ်ခဲ့ရာ နစက ဆန့်ကျင် အဖွဲ့ များထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစက ဆန့်ကျင်အဖွဲ့ များအနေဖြင့် ကယားပြည်နယ် အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရပ်ဖက်ခရီးသည်တင်လေယာဉ်တစ်စီး လွိုင်ကော် လေဆိပ်သို့ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် လွိုင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တို့ကို ပစ်ခတ်ခံရခြင်း၊ ဇူလိုင်လ ၆ ရက်တွင် လောပိတသင်္ဘောပင်စခန်းနှင့် ဘီးလူးချောင်း(၁၀)မိုင်ကုန်းစခန်းတို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခံရခြင်း၊ စက်တင်ဘာလ ၃၀ ရက်တွင် အရပ်ဖက် ခရီးသည် ပို့ဆောင်ရေးလေယဉ် ATR- 72 ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ နိုဝင်ဘာလ ၁၁ ရက်တွင် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် လေဆိပ်သို့ Drop Bomb များဖြင့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တိုက်ခိုက်ခြင်း များအပြင် လွိုင်လင်လေး နယ်မြေခံတပ်ရင်းသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တို့တွင် လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့်အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် က (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် ကျင်းပနေစဉ် လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် မီတာ ၄၀၀၀ ခန့် အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ် ၆ ဦး၊ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထိ တိုက်ခိုက်ဖျက်ဆီးမှုများ ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ က ချေမှုန်းရေး ဆောင်ရွက်မှု(Counter - Terrorism Action ) များလုပ်ဆောင်ခဲ့ရာ မယ်တော်ဂူ ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ထိတွေ့ တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ နစက ဆန့်ကျင် အဖွဲ့ များထံမှ အလောင်း၊ လက်နက်၊ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည် ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Myanmar_News
Published 5 Feb 2023
ထိုင်းနိုင်ငံတွင် ပြန်လာရန်အခက်အခဲများ ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ) စစ်ရေယာဉ်များဖြင့်မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးနေခဲ့ရာ မွန်ပြည်နယ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၅၂)ဦးကို ဖေဖော်ဝါရီ (၄)ရက်က မော်လမြိုင်မြို့သို့စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။
မွန်ပြည်နယ်မှနေရပ်ပြန်တွေကိုတင်ဆောင်လာတဲ့ ကျန်စစ်သားစစ်ရေယာဉ်ဟာ ယနေ့နံနက်ပိုင်းတွင် ကျိုက္ခမီအဝအနီးသို့ ရောက်ရှိ ပြီး တပ်မတော် (ရေ)မှ ကမ်း ထိုးရေယာဉ်ပေါ်သို့ ပြောင်းလဲတင်ဆောင်၍ မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုသို့ပို့ဆောင်ပေးရန် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တင်ဆောင်လာစဉ် စစ်ရေယာဉ်ရှိအရာရှိ၊ စစ်သည်များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပြီး ရေယာဉ်အပေါ်၌ စနစ်တကျနေရာချထားပေးခြင်း၊ အာဟာရပြည့် စားသောက်ဖွယ်ရာများကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်စေခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စိတ်ရွှင်လန်းအပန်းပြေစေရန် ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူတွေ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက ကြိုဆိုခဲ့ကြပါတယ်။အဲဒီနောက် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးခဲ့တယ်လို့သိရှိရပါတယ်။
နစက ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉) ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၇၀) ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိတာဖြစ်ပါတယ်။
-ymg/knl
#Myanmar
#Myanmar_Migrant_workers_Thailand
#Myanmar_Politics
#Yangon_Media_Group




Page 1657 of 2415