#Local_News
Published_ 16 March 2023

ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲအသီးသီး အတွက် ဂျာမနီနည်းပြ မိုက်ကယ်ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ယခုလ မှ စတင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း၊ လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက်အန်ဒရီတို့နှင့်အတူ တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က သိရသည်။

 

မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner) မိုက်ကယ်သည် ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့်အတူ နည်းပြဘဝကို စတင်ခဲ့ပြီး ဂျာမနီ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ ကလပ်အသင်းများကို တာဝန်ယူခဲ့ကာ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ ၁၇ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မှစတင်၍ မလေးရှားကလပ် ဆီလန်ဂေါတွင် နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

မိုက်ကယ်၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးထားကြောင်း၊မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သတ်မှတ်ရက် (ဖီဖာခြေစမ်းပွဲနေ့)အတွင်း အိန္ဒိယ ဘောလုံးအဖွဲ့ချုပ်ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများကို သွားရောက် ကစားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခြေစမ်းပွဲ ပထမပွဲအဖြစ် အိန္ဒိယလက်ရွေးစင်အသင်းနှင့် မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၈ ရက်တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး မှာ ဂိုး - ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)၊နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်) အလယ်တန်း - ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊၊ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)ရှေ့တန်း - ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC) တို့ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။

 

#ymg/mt #Local_News #မြန်မာ့လက်ရွေးစင် #ဂျာမနီနည်းပြ #မိုက်ကယ်ဖိုက်တန်ဘိုင်နာ #YMG #Yangon_Media_Group