#Local_News
Published- 25 August 2022
ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းသွင်းကုန် တင်သွင်းမှုတွေလျော့ကျလာတဲ့အပြင် တချို့ကုန်သည်တွေကတော့ ရပ်နားမှုတွေရှိလာတယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 25 August 2022
မွေးမြူရေး ကြက်ပေါက်ဈေးနှုန်းနှင့် ကြက်အစာဈေးတက်နေလို့ ကြက်သားတစ်ပိဿာကို ကျပ် ၉၀၀၀ ကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24August 2022
လတ်တလောမှာ သန်လျင်သဘာဝတရားရိပ်သာမှာ လာရောက်ခိုလုံသူတွေ များပြားနေတဲ့အတွက် ရိပ်သာအတွင်းကုတင်အပြည့်လူအပြည့်ဖြစ်နေပြီး နေရာအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရိပ်သာအုပ်ချုပ်ရေးမှူးဒေါ်ခင်စမ်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_25 August 2022
ကာတာနိုင်ငံကနေ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် မြန်မာလုပ်သားတွေခေါ်ယူနေတယ်လို့ ပြည်ပအေဂျင်စီတွေက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 August 2022
၁။ ကာတာနိုင်ငံက မြန်မာလုပ်သားများ ခေါ်ယူနေ
၂။ သဘာဝတရားရိပ်သာတွင် ကုတင်အပြည့်လူအပြည့်နှင့် ထားစရာနေရာအခက်အခဲများဖြစ်ပေါ်နေ
၃။ မွေးမြူရေး ကြက်ပေါက်ဈေးနှင့် အစာဈေးတက်လာ၍ ကြက်သားတစ်ပိဿာ ၉၀၀၀ ကျော်အထိရှိနေ
၄။ ရေခဲစိုင်များအရည်ပျော်လာသည့် ဂရင်းလန်းဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု လျှော့ချထိန်းချုပ်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 August 2022
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 August 2022
မလေးရှားနိုင်ငံတွင် သြဂုတ်လ ၂၄ ရက်က တရားမဝင်မြန်မာလုပ်သားများ တင်လာသည့်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ကို မောင်းနှင်သူမှာ ရင်းဂစ် ၁၂၀၀ အခကြေးငွေယူကာ Guahang Pahang ရှိ Chiku မြို့ကတစ်ဆင့် တရားမဝင်မြန်မာနိုင်ငံသားများအား ခိုးသွင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အိပ်ငိုက်၍ ရှေ့မျက်နှာချင်းဆိုင်ကလာသော ယာဉ်နှင့်တိုက်မိခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် ယင်းနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည့် လူ ၉ ဦးအနက် ၃ ဦးကို ဒေသခံများက ဖမ်းဆီးပေးခဲ့ကြကြောင်း၊ ဒဏ်ရာရသွားသော မြန်မာနိုင်ငံသားတစ်ဦးကို Besut ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ယာဉ်မောင်းကိုလည်း ဆေးရုံ၌ စစ်ဆေးစဉ် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စိစစ်တွေ့ရပြီး မြင်းဆေးပြားဟု ယူဆရသော အနီရောင်ဆေးပြား ၄ ပြားနဲ့ လက်ကိုင်ဖုန်း ၆ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံအတွင်းပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသားတစ်ဦးက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ယာဉ်မောင်းနှင်သူအား လုံခြုံရေးအက်ဥပဒေ ပုဒ်မ၊ မူးယစ်ဆေးဝါး ပုဒ်မဖြင့် စုံစမ်းစစ်ဆေးနေပြီး ဖမ်းမိထားသော မြန်မာနိုင်ငံသားများအား လဝက ပုဒ်မများဖြင့် တရားစွဲထားကြောင်း၊ အဆိုပါဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ အသက်၁၉ နှစ်မှ ၄၇ နှစ်အရွယ်ကြား ရှိပြီး ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် မလေးရှားရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
Page 1658 of 2079