#Local_News
Published_2 February 2023
ဗီယက်နမ်နှင့် မြန်မာပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါကလေးလူနာ ၁၃ ဦးကို ခွဲစိတ်ရန်မလိုသောနည်းဖြင့် ကုသမှုအောင်မြင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital-1 မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသ ဆောင်မှပါမောက္ခ(ကလေးနှလုံး) ဒေါက်တာခင်မောင်ဦး တို့ ဦးဆောင်သည့် ကလေးနှလုံးကုဆရာဝန်များ ပူးပေါင်း ၍ ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၆ ရက်ထိ မွေးရာပါ နှလုံးရောဂါကလေးလူနာများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်အသုံးပြုကာ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများ ဖြင့် ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကလေးလူနာခြောက်ဦး ပြန်လည်ခေါ်ယူကြည့်ရှုရာတွင် လူနာများ၏အခြေအနေ တိုးတက်ကောင်းမွန်ကြောင်း၊ကျန်ကလေး လူနာခုနစ်ဦးအားလည်း ၂၀၂၃ခုနှစ် မတ်လအတွင်းတွင် ပြန်လည် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို နှလုံးပိုက်သွင်း၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များ၊နိုင်ငံခြားမှ ကျွမ်းကျင်သော ကလေးနှလုံးအထူးကု ဆရာဝန်များက ကုသလျက် ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ထိ ကလေးလူနာ ၁၄၀၃ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် Faw ကားက Suzuki ကားကိုတိုက်၍ မောင်းပြေးသွားသည့်အတွက် နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ် ယနေ့ ဖေဖော်ဝါင်္ရလ ၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနက် ၈ နာရီခွဲလောက်ကဖြစ်တာ၊ အုတ်ဖိုစု နားလေးမှာပါ။လမ်းက ခြောက်လမ်းသွားလမ်းမကြီးလေ၊ ကားက မြေသယ်တဲ့ Faw ကား ၊ အဖြူရောင်ပဲ၊ ဝင်တိုက်တာ အတိုက်ခံရတဲ့ Suzuki ကားပေါ်က လူတွေ ဒဏ်ရာရတာပေါ့။ ကားလည်း မှောက်တယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် Suzuki ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_2 February 2023
ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့နယ်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄ ဒသမ ၃) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ယနေ့ ဇန်နဝါရီ ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၃၄ မိနစ် ၅၃ စက္ကန့်တွင် စစ်တွေမြေင လျင်စခန်းမှ အရှေ့တောင်ဘက် (၈၇)မိုင်ခန့်အကွာ၊ အမ်းမြို့၏အရှေ့မြောက်ဘက် ၁၃မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ်(၉၄.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၂၀)ဒီဂရီ၊ အနက်(၅၇) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
ယင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကိုမူ မသိရသေးပေ။
#ymg/mt
#Yangon _Media_Group
#Myanmar_News
Published 2 Feb 2023
ပြည်နယ်ဝန်ကြီးချုပ်(၁)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၃)ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်(၁)ဦးနှင့် ဒုဝန်ကြီး(၁)ဦးတို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။
Ymg/knl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
နစက ကောင်စီဝင်ဖြစ်သွားတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်(၃)ဦးနှင့် တာဝန်မှနှုတ်ထွက်ခွင့်ပြုလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်(၁)ဦးနေရာမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်(၄)ဦးကို အသစ်ခန့်အပ်လိုက်ပါတယ်။
Ymg/knl
#Yangon_Media_Group
#Myanmar_News
Published 1 Feb 2023
နစက ဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းလဲတာဝန်ပေးခံရတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်ရဲ့နေရာမှာ ဦးစစ်အေး ကို ဥက္ကဋ္ဌသစ်အဖြင့် ခန့်အပ်လိုက်ပါတယ်။ အဲဒီအပြင် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေရဲ့ နေရာမှာ ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာဋ္ဌေးအောင်ကို ခန့်အပ်လိုက်ပါတယ်။
Ymg/knl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
နစက, က ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။အစိုးရအဖွဲ့သစ်မှာ ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ တိုးချဲ့ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးတွေကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။
Ymg/knl
#Yangon_Media_Group
Page 1599 of 2352