#Local_News
Published_ 28 April 2023
လာမည့်မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း အယ်လ်နီညိုကြောင့် ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မူမမှန်သည့်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ(၂၈)ရက်တွင် ထုတ်ပြန်သည်၊၊
ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာပုံမှန်အခြေအနေတွင် ရှိနေကြောင်း၊နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရမေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်းအားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည် ဟုဆိုသည်၊၊
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်ဟု ဖော်ပြထားသည်၊၊
အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပြီး အယ်နီညိုသည် အလွန်အမင်းပူပြင်းခြင်း၊ မိုးသည်းထန်ခြင်း၊မိုးခေါင်ခြင်း၊ မုန်တိုင်းနှင့်လေဆင်နှာမောင်းစသည့် သဘာဝဘေးများကိုဖြစ်ပေါ်နိုင်သည့်ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #မေလ #ဇွန်လ #ဇူလိုင်လ #အယ်လ်နီညို
#YMG #Yangon_Media_Group
#Local_News
Published-28 April 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာတွင် အသက် ၃၇နှစ်အရွယ် အမျိုးသား ၁ ဦး ဧပြီလ ၂၇ရ က်က လယ်ကွင်းထဲ၌ရှိနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့ကြောင်း အဖြူရောင်နှလုံးသားပရဟိတအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၇ရက် မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က မိုးများရွာသွန်းပြီး မိုးကြိုးများပစ်စဉ် သထုံဘူတာအနောက်ဘက် လယ်ကွင်းထဲ၌ရှိနေသည့် ဆင်ဖြူကျွန်းကျေးရွာနေ အသက် ၃၇နှစ်အရွယ်အမျိုးသား၁ဦး မိုးကြိုး ပစ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
"ဧပြီလ ၂၇ ရက် မှာ မိုးတွေလည်းရွာ၊ မိုးကြိုးတွေလည်းပစ်တဲ့အချိန်မှာ သထုံဘူတာအနောက်ဘက်က လယ်ကွင်းထဲမှာရှိနေတဲ့ အမျိုးသား မိုးကြိုးပစ်ခံရတာပါ"ဟု ယင်းပရဟိတအသင်းက သိရသည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူအမျိုးသား၏ ရုပ်အလောင်းကို အဖြူရောင်နှလုံးသားပရဟိတအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
#ymg/pl #Local_News #ဆင်ဖြူကျွန်းကျေးရွာ #မိုးကြိုးပစ်ခံရ
#YMG #Yangon-Media-Group
#Local_News
Published_ 28 April 2023
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြိုနယ် ကျီတော်ရပ်ကွက် မဟာဘောဂလမ်းတွင် မိသားစုဝင် ၄ ဦး နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် အပူချိန်များပြီး ချွေးထွက်လွန် မူးမေ့မှု ဖြစ်ပွားခဲ့တယ်လို့ လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့ (ကျီတော်)မှ သိရသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် ရာသီဥတုအပူဒဏ်ကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ချွေးထွက်လွန်ကာ သတိလစ်သည့် ဝေဒနာများခံစားနေရကြောင်း အကူညီ တောင်းခံလာကြောင်း သိရသည်။
ကျီတော် လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်နှစ်စီးအင်အားငါးယောက်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ မပိုဆောင်မှီ လူနာများ သတိရစေရန်မြေပြင်ရှေးဦးသူနာပြု လုပ်ငန်းစဉ်များလုပ်ဆောင်ခြင်း၊ ရေပတ်ဝတ်တိုက်ခြင်းများဆောင်ရွက်ပြီးနောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှ ခလေးငယ်အား ခလေးဆေးရုံလွှဲပြောင်းပါ၍ ပို့ဆောင်ကူညီပြီး အခြေအနေကောင်းလာလို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ကျန်သူတွေကို စောင့်ကြည့်ကုသနေပါသည်။
ပြည်သူများ နေအိမ်တိုက်ခန်းနေထိုင်ပါက လေဝင်လေထွက် ကောင်းကောင်းရသော နေရာများ နေကြပါရန် လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့(ကျီတော်) အသိပေးနှိုးဆော်ထားကြောင်း သိရသည်။


#ymg/ppk
#Yangon-Media-Group
#Local_News
Published_ 27 April 2023
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာဘိန်းဖြူဘလောက်တုန်းတွေ မြန်မာငွေသိန်း ၁၃၂၀ ဖိုးလောက်ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
#Local_News #မူဆယ် #ဘိန်းဖြူဘလောက်တုံး #ဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
ပြင်ဦးလွင်မြို့မှာ တရားမဝင် အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေက ဥပဒေအရရောင်းချခွင့်မပြုတဲ့ မြေအမျိုးအစားတွေကို လူပုဂ္ဂိုလ်ချင်းရောင်းချတာ၊ live လွှင့်ရောင်းချတာ၊ Post တင်ရောင်းချနေတာတွေ စိစစ်တွေ့ရတဲ့အတွက် တည်ဆဲဥပဒေတွေအရ ထိရောက်စွာအရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ပြင်ဦးလွင် #မြေအမျိုးအစား #တည်ဆဲဥပဒေ #အရေးယူမည်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အကယ်ဒမီ မီးလင်းရွှေ ပြင်ပပေါက်ဈေးမှာ ဧပြီလ ၂၇ရက်နေ့ မနေ့ ပိုင်းဈေးနှုန်းများအရ ၂၉သိန်း ၉သောင်း ၇ထောင်ကျော်ပေါက်ဈေးရှိနေကြောင်း ရန်ကုန်ရွှေကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၅သောင်းကျော်ဈေးနဲ့ ရည်ညွှန်းသတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်ထားပါတယ်။
#Local_News #မီးလင်းရွှေ #အကယ်ဒမီ #ရန်ကုန်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အခုနှစ်မှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာကိုစောပြီး လက်ခံသွားမှာဖြစ်ပြီးမေလ (၂၃)ရက်မှာ ကျောင်းအပ်နှံတာစတင်လက်ခံသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #အခြေခံပညာကျောင်း #ကျောင်းအပ်နှံရေး
#YMG #Yangon_Media_Group
Page 1512 of 2418