#WorldHealth

Published-  12 December 2021

တံတွေးအသုံးပြုပြီး ပြုလုပ်တဲ့စစ်ဆေးနည်းဟာ SARS-CoV-2 ရောဂါပိုးရှိမရှိကို မိနစ်ပိုင်းအတွင်း သိရှိနိုင်မှာဖြစ်ပြီး လက်ရှိမှာစံထားရတဲ့ PCR test နီးပါးလောက် တိကျလိမ့်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

တစ်ခုခု စားသောက်ပြီးတဲ့အချိန်မှာ တံတွေးထဲရှိ ဗိုင်းရပ်စ်အမှုန်တွေက သိသိသာသာလျော့နည်းသွားတာကြောင့် အခြား တံတွေးအသုံးပြုရတဲ့စမ်းသပ်ချက်တွေဟာ ညတွင်းချင်းမလုပ်နိုင်ရင် ရလာဒ်ကစိတ်မချရနိုင်ပါဘူး။

PASPORT လို့ခေါ်တဲ့ ဒီစမ်းသပ်ချက်ကတော့ အခြား rapid antigen test တွေလိုပဲ ဗိုင်းရပ်စ်ကို နာနိုအမှုန်လေးတွေဆီ ပေါင်းစည်းစေတာဖြစ်ပါတယ်။ဒါပေမဲ့ ကွဲပြားတာကတော့ PASPORT မှာက နောက်ထပ် နာနိုအမှုန်တစ်မျိုး ထပ်မံပါဝင်နေပြီး ပထမအဆင့်က အမှုန်တွေနဲ့ ထပ်ဆင့်ပေါင်းစည်းစေပါတယ်။

အဲဒီအခါ ဗိုင်းရပ်စ်ပါဝင်မှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး တစ်နေ့တာအတွင်း ဘယ်အချိန်မှာမဆို ဗိုင်းရပ်စ်ကို ရှာတွေ့နိုင်မှာဖြစ်ကြောင်း မိုက်ခရိုခီမီကာအက်တာဂျာနယ်မှာ သုတေသီတွေက တနင်္လာနေ့က ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါကူးစက်ထားတဲ့လူ ၃၅ ဦးနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ခံစားရသူ ၁၉ ဦးအပါအဝင် ပုံမှန်အစားစားထားတဲ့ ၁၃၉ ဦးကို အဆိုပါစမ်းသပ်နည်းဖြင့် စစ်ဆေးခဲ့ပြီး PCR test နဲ့ နှိင်းယှဉ်ခဲ့ရာ PASPORT စမ်းသပ်နည်းက ရောဂါပိုးတွေ့ရှိမှုမှာ ၉၇ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပါတယ်။

"PCR test က စံပြစမ်းသပ်ချက်ဖြစ်ပေမယ့် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ကျွမ်းကျင်တဲ့ပညာရှင်တွေ လိုအပ်ပါတယ်။ PASPORT စမ်းသပ်နည်းကတော့ မနာမကျင်နဲ့ တံတွေးဖြင့် စမ်းသပ်လို့ရနိုင်မှာဖြစ်လို့ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်"လို့ စင်္ကာပူအထွေထွေဆေးရုံမှ ဒေါက်တာဒန်နီဂျန်ဟန်နိုင်က ပြောကြားသွားပါတယ်။
Source reuters