Published 12 December 2021
ယူကရိန်းကို ကျုးကျော်ခဲ့လျှင် ရုရှားအနေဖြင့် ကြောက်ဖက်ဖွယ်ရာတန်ဖိုးတစ်ခုကိုပေးဆပ်ရမည့်အပြင် ကြီးစွားသော စီးပွား ပျက်စီးမှုအကျိုးဆက်တွေပါခံစားရလိမ့်မယ်ဆိုတာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ပြောခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့က ပြောကြားလိုက်ပါတယ်။
ရုရှားက ယူကရိန်းကိုကျူးကျော်လိုက်လို့ ယူကရိန်းကို အမေရိကန်မြေပြင်တိုက်ခိုက်ရေးတပ်တွေ စေလွှတ်နိုင်တဲ့ အလား အလာကို တစ်ခါမျှမဆွေးနွေးခဲ့ဘူးလို့လည်း သူက သတင်းထောက်တွေကို ဆက်ပြောပါတယ်။ ဒါပေမယ့် အမေရိကန်နှင့် နေတိုးအဖွဲ့ဟာ သူတို့ရဲ့ကာကွယ်ရေးတွေတိုးမြှင့်ဖို့ အရှေ့ပိုင်းစစ်နံဖက်က နေတိုးနိုင်ငံတွေကိုတော့ တပ်တွေပိုလွှတ်မယ်လို့ ဘိုင်ဒင်ကပြောပါတယ်။
“ သူသာ ယူကရိန်းကိုတပ်တွေလွှတ်လိုက်ရင် သူ့(ရုရှား)စီးပွားရေးအကျိုးဆက်ဟာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားလိမ့် မယ်လို့ သမ္မတပူတင်ကို ကျွန်တော်ရှင်းရှင်းလင်းလင်းကြီးကို ပြောခဲ့ပါတယ်” လို့ အမေရိကန်မှာကြောက်ဖက်ဖွယ်မွှေနှောက် သွားတဲ့ လေဆင်နှာမောင်းနှင့်ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားအပြီး ရုရှားကိစ္စဆက်ပြောတာဖြစ်ပါတယ်။
ယူကရိန်းကိုရုတ်တရက် ကျူးကျော်မှုကြောင့် ကမ္ဘာကြီးမှာ ရုရှားရဲ့ ရပ်တည်မှုဟာ ထူးခြားစွာပြောင်းလဲမှုဖြစ်စေလိမ့်မယ် ပူတင်ကိုပြောခဲ့တယ်လို့ သူနှင့် တယ်လီဖုန်းနှင့်နှစ်နာရီကြာစကားပြောဆိုခဲ့တဲ့ ဘိုင်ဒင်က ပြောပါတယ်။
ဒီတစ်ပတ်ပိတ်ရက်မှာ ဘိုင်ဒင်ဟာ ဝီလ်မင်တန်က သူ့အိမ်မှာ အနားယူရမှာဖြစ်ပါတယ်။
အချမ်းသာဆုံးဒီမိုကရေစီနိုင်ငံခုနှစ်နိုင်ငံရဲ ခုနှစ်ပြည်ထောင်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ လီဗာပူးမှာ ပြုလုပ်တဲ့ အစည်း အဝေးမှာလည်း အလားတူပဲ ကျူးကျော်မှုကြောင့်အကျိုးဆက်တွေကို သတိပေးလိုက်ပြီး မော်စကိုကို ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ရုရှားဟာ စစ်ရေးအရအကြီးအကျယ်တိုက်ခိုက်နိုင်ဖွယ်ရှိတဲ့ တပ်အင်အားထောင်ပေါင်းများစွာကို ပြင်ဆင်မှုတွေ ပြုလုပ် နေတယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။
ရုရှားကတော့ အဲဒီစွပ်စွဲမှုကို ငြင်းဆိုလိုက်ပြီး ယူကရိန်းနှင့်အမေရိကန်ပြည်ထောင်စုတို့ရဲ့ မတည်မငြိမ်ဖြစ်စေတဲ့ အပြုအမူ တွေကို ပြန်စွပ်စွဲလိုက်ပါတယ်။ပြီးတော့ သူ့တို့အနေနှင့် ကိုယ်ပိုင်ကာကွယ်ရေးအတွက် လုံခြုံရေးအာမခံချက်ရှိဖို့လိုတယ်လို့ လည်းပြောထားပါတယ်။
Source Reuters