#World_Science
Published 1 October 2024


▪️ ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချပေးနိုင်တဲ့ ဆန်စပါးမျိုးစိတ်အသစ်ကို ဖိလစ်ပိုင်နိုင်ငံမှ သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်လုပ်လိုက်ပြီလို့ ဆိုပါတယ်။

 

▪️ ဒီမျိုးစိတ်ကို မကြာခင် အိန္ဒိယမှာ စိုက်ပျိုးသွားမယ်လို့ နိုင်ငံတကာ ဆန်စပါးသုတေသနအဖွဲ့ (IRRI)မှ သိပ္ပံပညာရှင်ကြီး ဒေါက်တာ နက်ဆေဆရင်းနီဗာဆူလူက ပြောပါတယ်။

 

▪️ အစောဆုံးအနေဖြင့် ၂၀၂၅ လောက်မှာ အာရှနဲ့ အာဖရိကရှိ နိုင်ငံအများအပြားမှ လယ်သမားများထံသို့ ပေးပို့သွားရန် IRRI ကစီစဉ်နေပါတယ်။

 

▪️ ကမ္ဘာတဝှမ်းမှာ ဆီးချိုဝေဒနာခံစားနေရသူ ၅၃၇ သန်းကျော် ရှိနေပြီး ၂၀၄၅ လောက်မှာ ၇၈၃ သန်းအထိ ရှိလာနိုင်ပါတယ်။

 

▪️ ဒီရောဂါဟာ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

 

▪️ အဆိုပါဆန်ဟာ ပရိုတိန်းဓာတ်မြင့်မားပြီး ဆန်ဖြူတွေနဲ့ ဆင်တူကာ ဆန်စေ့အနည်းငယ်ပိုသေးပါတယ်။

 

▪️ သာမန်ဆန်မျိုးစိတ်တွေကို သွေးတွင်းသကြားဓာတ် မြင့်တက်မှုနှုန်း အလွန်နည်းတဲ့ ဆန်အဖြစ် ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

▪️ သွေးတွင်းသကြားဓာတ် မြင့်တက်မှုနည်းပါးတဲ့ စားစရာကို ထုတ်လုပ်နိုင်ရင် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့အပြင် ဆီးချိုရောဂါသည်တွေနဲ့ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေ အတွက်လည်း အကျိုးရှိစေနိုင်ကာ ဆန်စားသုံးတဲ့ အာရှနဲ့ အာဖရိကတို့မှာ သိသာစေနိုင်မယ်လို့ ဒေါက်တာက ပြောပါတယ်။

 

▪️ အခုအချိန်မှာ IRRI ဓာတ်ခွဲခန်းတွေမှာသာ ရှိသေးပေမယ့် မကြာခင်မှာ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့မှာ စတင်စိုက်ပျိုးတော့မှာ ဖြစ်ပြီး ဆန်အဓိကစားသုံးတဲ့ နိုင်ငံတွေမှာ ဆင်းရဲငတ်မွတ်ခြင်းကို တိုက်ဖျက်မယ့်အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။

 

▪️ အာရှပစိဖိတ်ဒေသဟာ တစ်ကမ္ဘာလုံးရှိ ဆန်ထုတ်လုပ်ခြင်းနဲ့ စားသုံးခြင်းတို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်ပတ်သက်နေပါတယ်။

 

#Source: WION