#World_Health
Published 1 October 2024


▪️ ရင်သားကင်ဆာနဲ့ ဆက်စပ်နေတဲ့ ဓာတုပစ္စည်းပေါင်း ၂၀၀ နီးပါးကို အစားအစာ ထုပ်ပိုးခြင်းတွေမှာ အသုံးပြုနေကြကာ အဆိုပါ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တယ်လို့ စိုးရိမ်ဖွယ် တွေ့ရှိထားပါတယ်။

 

▪️ ကမ္ဘာတဝှမ်းမှာ ဝယ်ယူစားသောက်နေကြတဲ့ အစားအစာနဲ့ ထိစပ်နေတဲ့ ပစ္စည်းတွေထဲကနေ ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့အရာ ၇၆ မျိုးလောက်ကို လူ့ခန္ဓာကိုယ်ထဲမှာ တွေ့ရှိရတဲ့ အထောက်အထား ရှိတယ်လို့ ဆွစ်ဇာလန် ဇူးရစ်အခြေစိုက် အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုမှ စီမံညွှန်ကြားရေးမှူး ဂျိန်းမန့်ခ်က ပြောသွားပါတယ်။

 

▪️ လူငယ်အရွယ်တွေမှာ ကင်ဆာတွေ့ရှိမှု များပြားလာတဲ့အချိန်မှာ အခုလို ဆက်စပ်မှုကို တွေ့ရှိလာတာလည်း ဖြစ်ပါတယ်။

 

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အသက် ၅၀ အောက် အမျိုးသမီးတွေမှာ ရင်သားကင်ဆာတွေ့ရှိမှု အဆက်မပြတ် တိုးများလာတယ်လို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ သုတေသီများဦးဆောင်တဲ့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။

 

▪️ စားစရာတွေထဲကနေ အခုလို ကင်ဆာဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားနိုင်ရင် ကင်ဆာကာကွယ်နိုင်မယ့် အခွင့်အလမ်း ရှိလာမယ်လို့ မန့်ခ်က ဆက်ပြောပါတယ်။

 

▪️ အစောပိုင်းလေ့လာချက်တစ်ခုမှာလည်း အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်း ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ ဓာတုပစ္စည်း ၆၄၂ မျိုး အပါအဝင် ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်း ၉၂၁ မျိူးဟာ ရင်သားကင်ဆာ ဖြစ်စေပါတယ်။

 

▪️ ကင်ဆာဖြစ်စေတဲ့အရာတွေ ထိတွေ့ရခြင်း အဓိကအကြောင်းအရင်းက စားစရာထုပ်ပိုးမှုတွေထဲက ပလတ်စတစ်တွေနဲ့ ဆက်စပ်နေသလို စက္ကူနဲ့ ကတ်ထူပုံးတွေမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်း ၈၉ မျိုး တွေ့ရှိထားပါတယ်။



▪️ ထိုထဲက ဓာတုပစ္စည်းအချို့ထဲမှာ PFA ပစ္စည်းများပါဝင်ကာ အထုပ်အပိုး၊ အဝတ်အထည်၊ ကော်ဇော၊ မီးသတ်အမြှုပ်၊ အိမ်သာသုံးစက္ကူတွေမှာ အသုံးများတဲ့ လူလုပ်ဓာတုပစ္စည်းများ ဖြစ်ပါတယ်။

 

▪️ PFA တွေက မော်လီကျူလာချိတ်ဆက်မှု အားကောင်းပြီး အလွယ်တကူ မပြိုကွဲနိုင်တာကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ စုပြုံလာကြပါတယ်။

 

▪️ စားသောက်ကုန်တွေကို အကဲဖြတ်ဆန်းစစ်မှုများ ပြုလုပ်ဖို့ ကိစ္စရပ်များ ဆွေးနွေးပွဲကို FDA က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

#Source: New York Post