#WorldHealth

Published - 14  December 2021

hCoV လို့ခေါ်တဲ့ သာမန်အအေးမိဖျားနာရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ထွက်လာတဲ့ antibody တွေဟာ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အဟန့်အတားဖြစ်စေနိုင်ကြောင်း အချက်အလက်တွေ တွေ့ရှိထားပါတယ်။

အစောပိုင်းတွေ့ရှိချက်တွေအရ hCoV ကူးစက်မှုကရတဲ့ antibody ခုခံအားက SARS-CoV-2 ကူးစက်မှုကို ကာကွယ်ပေးနိုင်လား ကာကွယ်မပေးနိုင်တာလားဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

"သဘောထားကွဲလွဲရတဲ့ အကြောင်းအရင်းကတော့ ရောဂါမကူးစက်ခင်နဲ့ ကူးစက်အပြီးမှာ hCoV antibody တွေကို မထုတ်ဖော်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်"လို့ စိန့်ဂျုကလေးသုတေသနဆေးရုံမှ မော်ရင်းမက်ဂါဂဲလ်က ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့သူတွေရဲ့ ရောဂါမကူးစက်ခင်သွေးနမူနာနဲ့ ရောဂါကူးစက်အပြီးသွေးနမူနာတို့ကို နှိင်းယှဉ်ကြည့်ခဲ့ရာ SARS-CoV-2 ကူးစက်မှုကြောင့် hCoV antibody တွေများလာပြီး ရောဂါခုခံအားကောင်းလာတာနဲ့အညီ ဗိုင်းရပ်စ်တွေလည်း များပြားလာတာကို တွေ့ရှိခဲ့ကြပါတယ်။

SARS-CoV-2 ကူးစက်သူ ၁၂၁ ဦးနဲ့ ကူးစက်ခြင်းမရှိသူ ၁၀၈၁ ဦးကို နှိင်းယှဉ်ကြည့်ရာမှာ hCoV antibody ပမာဏများများရှိခြင်းက SARS-CoV-2 ရောဂါကို မကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

hCoV antibody ပမာဏများခြင်းက SARS-CoV-2 antibody ပမာဏများခြင်းနဲ့ သက်ဆိုင်နေပြီး ကိုဗစ်ရောဂါဆိုးရွားနိုင်တဲ့သဘောဖြစ်နိုင်ကြောင်း Cell Host Microbe ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြခဲ့ကြပါတယ်။

အအေးမိဖျားနာဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်တဲ့ antibody တွေကို အဓိကထားပြီး ထုတ်လုပ်ပေးမယ့် ခုခံအားစနစ်ကို ကြွက်တွေမှာစမ်းသပ်ခဲ့ရာ SARS-CoV-2 ဗိုင်းရပ်စ်ကို ချေဖျက်ပေးမယ့် antibody ထုတ်လုပ်မှု လျော့နည်းသွားကြောင်း သုတေသီတွေတွေ့ရှိခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ SARS-CoV-2 ကိုတုံပြန်ပေးတဲ့ antibody ပမာဏများလာပေမယ့် ရောဂါပိုးကိုချေဖျက်နိုင်ခြင်းမရှိဘဲ SARS-CoV-2 antibody ခုခံအားစနစ်ကို အားလျော့စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

Source: Reuters.