#WorldHealth
 
Published  - 14 December 2021

သန္ဓေပြောင်းလဲခြင်းဖြစ်ပေါ်နေတဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ တကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီဖြစ်ပြီး လက်ရှိကိုဗစ်ကာကွယ်ဆေးတွေဖြင့် ထိရောက်စွာကာကွယ်နိုင်မလားဆိုတာကို စိုးရိမ်သံသယရှိနေကြပါတယ်။

လက်ရှိကိုဗစ်ကာကွယ်ဆေးအများစုက ဗိုင်းရပ်စ်ရဲ့ စပိုက်ပရိုတိန်းကို ပစ်မှတ်ထားပြီး ခန္ဓာကိုယ်ခုခံအားကို လှုံ့ဆော်ပေးပါတယ်။ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေက အဆိုပါပရိုတိန်းမှာ သန္ဓေပြောင်းလဲမှုဖြစ်ပေါ်စေပြီး antibody ခုခံအားတွေ ထွက်ပေါ်ဖို့ ခက်ခဲစေပါတယ်။

အဲဒီမျိုးဗီဇကွဲတွေနဲ့ နောင်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ဖို့နည်းလမ်းကတော့ စပိုက်ပရိုတိန်းလောက် သန္ဓေမပြောင်းလဲနိုင်တဲ့ အခြားဗိုင်းရပ်စ်ပရိုတိန်းကို အသုံးပြုရမှာဖြစ်ပါတယ်။

အဲဒီပိုလီမာရေ့စ်ပရိုတိန်းကို SARS-CoV-2 ဗိုင်းရပ်စ်ထဲမှာ တွေ့ရှိရကြောင်း အယ်လီနဲ့အက်ဒိုက်ဆေးပညာစင်တာမှ ကျွမ်းကျင်ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
အဆိုပါသုတေသီပညာရှင်တွေက ရှားပါးခုခံအားဆဲလ်တွေကို တွေ့ရှိခဲ့ကြပြီး ကိုဗစ်ကာကွယ်ဆေးတွေမှာ ထည့်သွင်းထုတ်ဖော်လိုက်ပါက ပရိုတိန်းကိုပစ်မှတ်ထားကာ မျိုးဗီဇကွဲတွေကို ခုခံပေးနိုင်မယ့် ခန္ဓာကိုယ်ခုခံအားကို ကြာရှည်ခံအောင် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ပိုလီမာရေ့စ်ပရိုတိန်းတွေကို အချို့ကိုရိုနာဗိုင်းရပ်စ်တွေမှာ တွေ့ရှိရပြီး စပိုက်ပရိုတိန်းတွေက ဗိုင်းရပ်စ်ပျံ့ပွားလာတာနဲ့အမျှ သန္ဓေဆင့်ကဲပြောင်းလဲလာတတ်ပေမယ့် ပိုလီမာရေ့စ်ပရိုတိန်းကတော့ သန္ဓေပြောင်းလဲခြင်းမျိုး ဖြစ်လေ့မရှိပါဘူး။

လူသားတွေမှာ ပိုလီမာရေ့စ်ပရိုတိန်းတွေကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကို သိရဖို့အတွက် သွေးနမူနာတွေယူပြီး စမ်းသပ်စစ်ဆေးနေကြပါတယ်။အဆိုပါလေ့လာတွေ့ရှိချက်တွေသာ အောင်မြင်မယ်ဆိုရင် မျိုးဗီဇကွဲအသစ်တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပြီး ကိုဗစ်ရောဂါတိုက်ဖျက်ရာမှာ အကျိုးရှိစေမှာဖြစ်ပါတယ်။

ပိုလီမာရေ့စ်ပရိုတိန်းကို ကာကွယ်ဆေးတွေမှာထည့်ပြီး ထုတ်ဖော်နိုင်ဖို့ သုတေသီတွေက ဆက်လက်စမ်းသပ်နေကြပါတယ်။

Source: The Jerusalem Post