#WorldHealth

Published 21 November 2021

ကိုဗစ်ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိရေးမှာ ဦးဆောင်နေတဲ့ အက်စ်ထရာဇန်နီကာကုမ္ပဏီရဲ့  antibody ဆေးပေါင်းစပ်ကုသဆေးကို ထိုးနှံခြင်းက ၈၃ ရာခိုင်နှုန်း ရောဂါကာကွယ်နိုင်ပြီး ကပ်ရောဂါကိုတိုက်ဖျက်ရာမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်လာနိုင်ကြောင်း အက်စ်ထရာဇန်နီကာက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။

AZD7442 ဒါမှမဟုတ် Evusheld လို့ခေါ်တဲ့ ဒီဆေးထိုးနှံခြင်းက ရောဂါခံစားရမှုကို ၇၇ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ဒီရောစပ်ထိုးနှံခြင်းကြောင့် ကင်ဆာရောဂါသည်တွေလို ကိုဗစ်ကာကွယ်ဆေးမတိုးတဲ့လူနာတွေမှာ ရောဂါကာကွယ်ပေးနိုင်ဖို့ မျှော်လင့်လို့ရနေပါတယ်။

ကိုဗစ်ရောဂါမပြင်းထန်တဲ့သူတွေမှာ ရောဂါလက္ခဏာစပေါ်ပေါ်ချင်း ၃ ရက်အတွင်း AZD7442 ပမာဏများများထိုးပေးပါက ရောဂါဆက်လက်ဆိုးရွားလာမှုကို ၈၈ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဗြိတိန်ဆွီဒင်ကုမ္ပဏီက ဖော်ပြထားပါတယ်။

အဲဒီရောစပ် antibody ကို လက်မောင်းမှာ ၂ ခါဆက်တိုက် ၁ ကြိမ်ထိုးပြီးရုံနဲ့ ခန္ဓာကိုယ်ထဲမှာ လပေါင်းများစွာ ရောဂါကာကွယ်ပေးနေမှာဖြစ်ပါတယ်။
ပြိုင်ဘက် ဖိုင်ဇာကုမ္ပဏီက ကာကွယ်ဆေးထိုးဆေးတွေထက် လွယ်လွယ်ကူကူဖြန့်ချိလို့ရနိုင်ပြီး ရောဂါကုသရာမှာ ထိရောက်မှုရှိတဲ့ ကိုဗစ်ရောဂါကုသရေးသောက်ဆေးတွေကို ဘိုင်အိုတက်ခ်ကုမ္ပဏီနဲ့ လက်တွဲထုတ်လုပ်လျက်ရှိပါတယ်။

"AZD7442 ထိရောက်မှုကို အထောက်အထားပြနိုင်တဲ့ အချက်အလက်တွေ ရရှိထားပါတယ်။ ကမ္ဘာတဝန်းမှာ အသိအမှတ်ပြုခွင့်ရဖို့ လုပ်ဆောင်လျက်ရှိပြီး SARS-CoV-2 ကိုကာကွယ်ရာမှာ နောက်ထပ်အသုံးဝင်တဲ့ဆေးအဖြစ် သတ်မှတ်ဖို့ ရည်မှန်းထားပါတယ်"လို့ အက်စ်ထရာဇန်နီကာရဲ့ ဒုဥက္ကဌက ဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်နဲ့ ဥရောပအာဏာပိုင်တွေထံမှ အသိအမှတ်ပြုခံရဖို့ တောင်းဆိုထားပါတယ်။
Regeneron, Lilly နဲ့ GSK-Vir တိုမှ antibody ထိုးဆေးတွေကို ဆေးရုံတက်ရောက်ခြင်းမရှိတဲ့ ကိုဗစ်လူနာတွေမှာထိုးနှံဖို့ အမေရိကန်မှတာဝန်ရှိသူတွေက အသိအမှတ်ပြုထားပါတယ်။
ယခုလအစောပိုင်းက Regeneron မှ စမ်းသပ်စစ်ဆေးချက်တွေအရ သူတို့ရဲ့ ရောစပ် antibody ထိုးနှံခြင်းက ကိုဗစ်ရောဂါပိုးကူးစက်ခြင်းကို ၈၁.၆ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်း ဆိုပါတယ်။

ရေရှည်မှာတော့ antibody ဆေးတွေက အကုန်အကျများနိုင်တာကြောင့် ရောဂါကူးနိုင်ချေများတဲ့သူတွေမှာပဲ ထိုးနှံဖို့ ကန့်သတ်ထားရှိလာနိုင်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးအများစုက ဆေးတစ်စုံကို ၃ ဒေါ်လာမှ ၃၀ ဒေါ်လာအတွင်း ရောင်းချနေကြပေမယ့် ဆေးပေါင်းစပ်antibody ကုသဆေးတွေကတော့ ဆေးတစ်စုံကို ဒေါ်လာ ၁၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

antibody ဆေးတွေက ဓာတ်ခွဲခန်းထုတ် antibody တွေကို ခန္ဓာကိုယ်ထဲထည့်သွင်းတာဖြစ်ပြီး ကာကွယ်ဆေးထိုးဆေးတွေကတော့ ခန္ဓာကိုယ်ကနေ antibody ထွက်လာအောင်ပြုလုပ်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးတာဖြစ်ပါတယ်။
Source: The Jerusalem Post.