#WorldHealth

Published - 21 November 2021

အမေရိကန်ပြည်ထောင်စုမှ တာဝန်ရှိသူတွေက အရွယ်ရောက်ပြီးသူအားလုံးမှာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံခွင့်ပေးလိုက်ပြီး ကူးစက်မှုတွေမြင့်တက်နေတဲ့ကြားမှာ အမေရိကန် ကနေထိုင်သူ သန်းပေါင်းများစွာကို ကာကွယ်ဆေးထပ်မံထိုးနှံခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အနည်းဆုံး ၆ လမတိုင်ခင် ဖိုင်ဇာ-ဘိုင်အိုအန်တက်ခ် ဒါမှမဟုတ် မိုဒါနာ ကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးထားတဲ့ အရွယ်ရောက်ပြီးသူတွေမှာ booster အားမြှင့်ကာကွယ်ဆေးကို တိုးချဲ့ထိုးနှံဖို့ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးက ခွင့်ပြုလိုက်ပြီးနောက်မှာ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ဒါရိုက်တာရိုချယ်ဝါလန်စကီက တိုးချဲ့ထိုးနှံခွင့်ပြုဖို့ သောကြာနေ့မှာ အသိအမှတ်ပြု လက်မှတ်ထိုးပေးလိုက်ပါတယ်။

၁ ကြိမ်တည်းထိုးရတဲ့ Johnson & Johnson ကာကွယ်ဆေးထိုးတဲ့သူတွေအနေနဲ့ ၂ လကြာပြီးနောက်မှာ booster အားမြှင့်ကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

"booster အားမြှင့်ကာကွယ်ဆေးတွေက ရောဂါကူးစက်မှုနဲ့ ရောဂါပြင်းထန်လာမှုတွေကို ထိရောက်စွာကာကွယ်ပေးနိုင်ပြီး ဆောင်းတွင်းအရောက်မှာ ဗိုင်းရပ်စ်ပိုးကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်"လို့ ဝါလန်စကီက ဖော်ပြထားပါတယ်။

လူကြီးလူလတ်ပိုင်းတွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံနိုင်ပြီ ဖြစ်ပေမယ့် လူဦးရေ ၁၈ ရာခိုင်နှုန်းအောက်ကတော့ တစ်ကြိမ်သာထိုးရသေးကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဖော်ပြထားပါတယ်။

"အခုလက်ရှိညွှန်ကြားချက်တွေက ရည်ရွယ်ချက်တော့ကောင်းပေမယ့် ပြည်သူတွေအနေနဲ့ booster အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့ကတော့ အခက်အခဲဖြစ်နေပါတယ်"လို့ နိုင်ငံတော်ကျန်းမာရေးအဖွဲ့ဥက္ကဌ နီရက်ဗ်ရှာက ဆိုပါတယ်။

"ထိုးနှံခွင့်ရှိတဲ့သူတွေက booster အားမြှင့်ကာကွယ်ဆေးတွေကို ထိုးနှံခြင်းမရှိမှာစိုးတယ်"လို့ ရှာကပြောပါတယ်။လူကြီးလူလတ်တွေအားလုံး booster အားမြှင့်ကာကွယ်ဆေး ထိုးနှံရမယ်ဆိုတဲ့အကြောင်း သိပ်မပြောတော့ဘဲ အသက် ၁၈ မှ ၄၉ နှစ်အတွင်း ကာကွယ်ဆေးထိုးချင်ပါက ထိုးနှံနိုင်ကြောင်း အသိပေးထားပါတယ်။

အသက် ၅၀ မှ ၆၄ နှစ်ကြားတွေမှာတော့ ကာကွယ်ဆေးထိုးလိုက်လို့ ဘေးအန္တရာယ်ရှိလာနိုင်တဲ့ ရောဂါအခံရှိသူတွေကလွဲပြီး ကျန်တဲ့လူတွေအနေနဲ့ booster အားမြှင့်ကာကွယ်ဆေး ထိုးနှံသင့်ကြောင့် အကြံပေးထားပါတယ်။

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက အကြံပေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ယခုလိုထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။အမေရိကန်မှာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးသူ ၃၂ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။
Source: Reuters