#WorldEconomy
Published 19 July 2022

 

ရုရှားနှင့်တရုတ် မဟာမိတ်နှစ်နိုင်ငံဟာ စီးပွားရေးနှင့်စွမ်းအင် ဆက်ဆံဆောင်ရွက်မှု နက်ရှိုင်းလာတဲ့အလျောက် လာမယ့် (၂)နှစ်အတွင်း အဲဒီနှစ်နိုင်ငံအကြား ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်တော့မယ်လို့ ဖိုင်နင်ရှယ်တိုင်းမ် သတင်းစာက တနင်္လာနေ့က ရေးသားလိုက်ပါတယ်။

 

ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဆာဘီးယား-၂ ပိုင်လိုင်း အစီအစဉ်အချို့ အကန့်အသတ်ဖြစ်လာနေတဲ့ကြားထဲက အဲဒီပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၄မှာ စတင်လိမ့်မယ်လို့ မွန်ဂိုလီးယား ဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai က ဖိုင်နင်ရှယ်တိုင်းမ်ကို ပြောပါတယ်။

 

အဲဒီပိုက်လိုင်းဟာ အရှည် ၂၆၀၀ ကီလိုမီတာရှိပြီး ၂၀၃၀ အရောက်မှာ လုပ်ငန်းတွေစတင်လည်ပတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ မွန်ဂိုလီးယားဟာ အဲဒီပိုက်လိုင်းကြောင့် ဖြတ်သန်းခနှင့်အခွန်တွေကို ရရှိမှာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့ စီးပွားရေးကို ပြန်လည်ကူညီနိုင်မှာဖြစ်ပါတယ်။

 

ရုရှားကနေ တရုတ်ကို ဓာတ်ငွေ့တင်ပို့တာ ၂၀၁၉ ကစပြီး မြင့်တက်လာနေပါတယ်။ ဒါပေမယ့် ဥရောပက သူ့အပေါ် ဓာတ်ငွေ့ မှီခိုနေရတာကနေ ခွာဖို့လုပ်ဆောင်နေတဲ့အတွက် မော်စကိုအတွက် ရေနံတင်ပို့မှုမြှင့်တင်ဖို့က အရေးကြီးနေတာဖြစ်ပါတယ်။

 

အစောပိုင်းကတော့ ဆာဘီယားပိုက်လိုင်းဟာ ဥရောပကို ဓာတ်ငွေ့ပိုဖို့အတွက် အခရာဖြစ်ခဲ့ပေမယ့် အခု အဲဒီဆာဘီးယားနယ် ပယ်ကနေ တရုတ်ကို ဓာတ်ငွေ့ ပြန်ပြောင်းသွယ်ပို့မှာဖြစ်ပါတယ်။

 

ဥရောပသမဂ္ဂက အဇာဘိုင်ဂျန်ကနေ ဓာတ်ငွေ့ တင်သွင်းမှုကို ၂၀၂၇နှစ်အရောက်မှာ အနည်းဆုံး ၂၀ဘီလျံကုဗမီတာအထိ နှစ်ဆတိုးဖို့ စာချုပ်အသစ်ချုပ်ဆိုခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာတာပါ။

 

#Source_Insider
#Russia_China_Gas_Pipeleines
#Russia_China_energy_Ties
#Geo_Economy.
#Yangon_Media_Group