#Local_News
Published_2 August
▪️ လူငယ်စုံတွဲများအား Sex Video ရိုက်ကူး၍ Live လွှင့် သူများနှင့် တရုတ်ဇနီးမယားပြုလုပ်ရန် ကြိုးပမ်းသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ် ၊ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ကာ ဇူလိုင်လ၂၉ ရက်နှင့် ဇူလိုင်လ ၃၀ ရက်တို့တွင်အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၂၆ နှစ်အရွယ် မောင် ----နှင့် ၎င်း၏ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မ----တို့မှ ခင်မင်ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လို ကြောင်း အကူအညီ တောင်းခံခဲ့ရာ မယုဝတီမှ အလုပ် ရမည်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာ သို့ လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီ နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာ အားဂျယ်၊ ကြီးကြပ်သူ Lin Ter Sex Video ရိုက်ကူး သူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲ အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
▪️ ၎င်းတို့ စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့် ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီတိုက် Application မှတစ်ဆင့် Live လွှင့်တင် ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ယင်းကြောင့် Sex Video ရိုက်ကူးကာ Live လွှင့်တင် ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများဖြစ် သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ် (တိမ်း ရှောင်)၊ Lin Te နှင့် Wang ngတို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၃၂၅/၂ဝ၂၅၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေး ခွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့ (၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌက ဖမ်းမိတရားခံ ငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)(ခ)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ)သူသူနှင့် ခင်ပွန်းဖြစ်သူတရုတ်နိုင်ငံသား ရီဘော်(VIBO) တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ မ ၂၆/ ၂၅ နှစ်နှင့် ၂/၂၀၂၅နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသား ချောင်ချုံးချွင် (Cao Qiu Quan)၊ ချန်းဟွမ်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုးငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်းတစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကာ ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌမှ တရားခံ သူဇာစိုး(ခ)သူသူ၊ တရုတ်နိုင်ငံသား ရီဘော် (VIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan) နှင့် ချန်ဟွမ့်(Chen Huan) တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျ ခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာ ရံချိုတို့က ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ——(၂၀/၂၀၂၅ နှစ်အား လူမှုကွန် ရက် Tik Tok ၌ @Baby 31.0 အကောင့်မှ တစ်ဆင့် ပြည့်တန်ဆာ လုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ် နှစ် သိန်း ကျပ်ရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယား လုပ်ကိုင် ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ် ငွေ ကျပ် ၁ဝ သိန်း ရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်း ခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျား ထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၈၃/ ၂ဝ၂၅၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက် တွင် စစ်ခုံရုံးအဖွဲ့ (၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ ဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ မ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Toky တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အ ထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင် ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ (ခ)ရဖစ် နှင့် ဇနီးဖြစ်သူယွန်းကာရံချိုတို့၏အစီအစဉ်ဖြင့် ရန်ကုန်မှမြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်း က လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန် ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့ (၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌမှ ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချိုတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင်တူ မကွေးတိုင်းဒေသကြီး အောင်လံမြို့နေ သူသူဝင်း(ခ) မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင် တို့က တစ်မြို့တည်းနေ မ ၁၇/၂၀၂၅ နှစ် နှင့် မ——- ၂၄/၂၀၂၅ နှစ် တို့ကို တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈ဝ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ် စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန် ခေါ်ပေး မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက် ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့ မရဲစခန်း (ပ) ၈၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်တွင် မဟာအောင်မြေ ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူ ဝင်း(ခ)မသူကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မြင့်အောင်ကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP