#Local_News
Published 2 August 2025
▪️ လှိုင်သာယာအောင်ဇေယျအိမ်ရာအနီးတွင် ဝန်ထမ်းကြို/ပို့ကားနှင့် YBS ယာဉ်တိုက်မှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်ည ၈ နာရီ ၁၀ မိနစ်ကျော်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အောင်ဇေယျအိမ်ရာအနီးတွင် ဝန်ထမ်းကြို/ပို့ကားနှင့် ခရီးသည်တင် YBS ကားတို့တိုက်မိကာ အမျိုးသ မီး(၁)ဦးညပ်နေသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ ကားအတွင်း ညှပ်နေသည့် အမျိုးသမီးအား ကူညီကယ်ထုတ်ပေးခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လှိုင်သာယာအရန်မီးသတ်စခန်းမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times