#Local_News
Published 2 August 2025
▪️ ယခုနှစ်ခုနှစ်လတာအတွင်း လူငယ်သင်တန်းကျောင်းအပါအဝင်အကျဉ်းထောင်နှင့် စခန်းပေါင်း ၂၀သို့ အကျဉ်းကျ၊ အချုပ်အနှောင်ခံနေရသူများအား အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်းရှိ မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သိရသည်။
▪️ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ၊ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ခံရသူများကို လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
▪️ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာအကျဉ်းထောင် ၅ ခု၊ အချုပ်
ထောင် ၁ ခု၊ အကျဉ်းစခန်း ၇ခု၊ ရဲစခန်း အချုပ်ခန်း ၄ ခု၊ တရားရုံးအချုပ်ခန်း ၁ ခု၊ လူငယ်သင်တန်းကျောင်း ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၄ ခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်၁၇၉ ချက် ပေးပို့ခဲ့သည်။
▪️ ထို့အပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည်တိုင်တန်းချက် ၁၅၉ စောင်ကို လက်ခံရရှိခဲ့ရာ တိုင်တန်းစာ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းအဝေး ၂၉ ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times