Published 22 May 2022

တောင်ကိုးရီးယားလူမှုအဖွဲ့အစည်းတွေဟာ သောကြာနေ့မွန်းလွဲပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လာရောက်တဲ့ခရီးစဉ်ကို ဆိုးလ်မြိုမှာ စီတန်းလှည့်လည်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

“ ဘိုင်ဒင် တောင်ကိုးရီးယားကို လာတဲ့ခရီးဟာ စစ်အကျပ်အတည်းကို မီးလာထိုးတာ” “ ယွန်ဆောင်ယို အစိုးရအဖွဲ့ဟာ အမေရိကန်ရဲ့စစ်အေးတိုက်ပွဲအသစ်ကို ပူးပေါင်းနေတာ ဆန့်ကျင်ကြ” “ အမေရိကန်-ဂျပန်-တောင်ကိုးရီးယား စစ်ရေးပူးပေါင်းမှုဆန့်ကျင်ကြ”စတဲ့ ဆိုင်းဘုတ်တွေနှင့်ကြွေးကြော်သံတွေဟစ်ကြွေး ဆန္ဒပြကြတာဖြစ်ပါတယ်။

ယွန်ဆောင်ယိုရဲ့အစိုးရအဖွဲ့ဟာ အမေရိကန်-တောင်ကိုးရီးယား စစ်ရေးမဟာမိတ်ကိုပိုမိုတောင့်တင်းအောင်နှင့် အမေရိကန်-ဂျပန်-တောင်ကိုးရီးယား စစ်ရေးမဟာမိတ်ကိုတိုးတက်စေအောင် ပြီးတော့ ယင်းရဲ့ ရန်လိုတဲ့ စစ်ရေးမဟာဗျူဟာဟာ ကိုရီးယားကျွန်းဆယ်ရဲ့ အရှိန်မြှင့်ပြီးသား အနေအထားနှင့် ဒေသအတွင်း တင်းမာမှုတွေကို ပိုပြီး မီးလောင်ရာလေပင့်ဖြစ်စေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

အင်ဒိုပစိဖိတ်ရဲ့ စီးပွားရေးမူဘောင်လို့ခေါ်တဲ့ IPEF ကို အမေရိကန်စတင်မှာကို ဆန္ဒပြသူတွေက ဆန့်ကျင်ကြပါတယ် လို့ ပြောပါတယ်။ သူတို့နိုင်ငံဟာ အမေရိကန်နှင့်စစ်ရေးမဟာမိတ်လုပ်ပြီး လက်နက်ယှဉ်ပြိုင်မှုကို အရှိန်မြှင့်တာကို မရွေးချယ် သင့်ဘူးလို့လည်းပြောပါတယ်။ အစိုးရအနေနှင့် ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ရွေးချယ်ဖို့ သူတို့ တောင်းဆိုလိုက်ပါတယ်။

ဘိုင်ဒင်ဟာ တောင်ကိုးရီးယားနှင့် ဂျပန်ကို လေးရက်ကြာခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပါတယ်။

Source CMG/CCTV