Published 27 December 2021

လူကြီးတွေအနေနှင့် ကိုဗစ်-၁၉ ကနဦးကာကွယ်ဆေးထိုးပြီးနောက် သုံးလအကြာမှာ ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးကြဖို့ ပြင်သစ်ကျန်းမာရေးအာဏာပိုင်အဖွဲ့က သောကြာနေ့က ထောက်ခံမှုပေးလိုက်ပါတယ်။ ယခင်က ငါးလအကြာလို့ သတ်မှတ် ထားခဲ့ပေမယ့် အိုမာခရွန်မျိုးဗီဇကွဲကို ပိုမိုကောင်းမွန်စွာ တိုက်ဖျက်နိုင်ရတ်အတွက် ငါးလမှ သုံးလသို့ လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီထောက်ခံချက်ကို ပြင်သစ်နိုင်ငံရဲ့ ကိုဗစ်-၁၉ကို တိုက်ဖျက်ရာမှာ  အစိုးရကိုအကြံပေးနေတဲ့HAS ကျန်းမာရေး အာဏာပိုင်အဖွဲ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

 အခြားသော မျိုးဗီဇကွဲတွေထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့ကူးစက်စေတဲ့ အိုမီခရွန်ကြောင့် ခရစ်စမတ်ကာလအတွင်း ပြင်သစ်နိုင်ငံမှာ ကူးစက်မှုတွေမြင့်တက်နေချိန်မှာ ယခုထောက်ခံချက်ထွက်ပေါ်လာတာပါ။

 ပြင်သစ်က အသက်ငါးနှစ်နှင့်အထက်ကလေးသူငယ်တွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးပြီးရက်ပိုင်းအကြာမှာ ကူးစက်မှု အန္တရာယ်ရှိနေကြတဲ့ ဆယ်ကျော်သက်တွေကိုပါ အားမြှင့်ကာကွယ်ဆေးထိုးနှံပေးဖို့ကိုလည်း အဆိုပါအဖွဲ့က ထောက်ခံမှု ပေးလိုက်ပါတယ်။

 ရောဂါပြင်းထန်မှုမရှိတဲ့ အိုမီခရွန်မျိုးဗီဇကွဲပုံစံကို ကာကွယ်ဆေးတွေက ၈၀ ရာခိုင်နှုန်းခန့် တစ်လမှ သုံးလအထိ ကာကွယ်နိုင်စွမ်းရှိပေမယ့် ယခင်မျိုးဗီဇကွဲတွေထက်စာရင် ကာကွယ်နိုင်စွမ်း ခပ်မြန်မြန်ကျဆင်းနိုင်တယ်လို့ လေ့လာမှုတွေက တွေ့ရှိရပြီးနောက် သုံးလအထိလျှော့ချပေးလိုက်တာဖြစ်ပါတယ်။

ဖိုင်ဇာ ကာကွယ်နိုင်စွမ်းဟာ ဆေးထိုးပြီး လေးလအကြာမှာ ၃၄ရာခိုင်နှုန်းကို ကျဆင်းသွားပေမယ့် အားမြှင့်ဆေးထိုးပြီး နှစ်ပတ်အကြာမှာတော့ ၇၅ ရာခိုင်နှုန်းပြန်တက်လာတယ်လို့တွေ့ရှိချက်မှာဖော်ပြထားပါတယ်။

 

Source AFP