#WorldNews
Published - 27 December 2021


နယူးဟမ့်ရှိင်းယားမှ အမျိုးသမီးတစ်ဦးက လေဆိပ်ကနေ အိမ်ကိုပြန်ရောက်ပြီး ခရီးဆောင်အိတ်ကို ဖွင့်လိုက်ရာမှာ ဉရောပမှ သူဝယ်ယူလာတဲ့ လက်ဆောင်ပစ္စည်းတွေ ရှိမနေဘဲ အိမ်မွေးခွေးစာတွေကိုသာ တွေ့ရှိခဲ့ရပါတယ်။
သူ့ရဲ့နာမည်က ဂျီနာရှယ်လ်ဒန်ဖြစ်ပြီး နယူးဟမ့်ရှိင်းယား ပိုစ်မောက်ဆိပ်ကမ်းမြို့မှာ နေထိုင်သူဖြစ်ပါတယ်။

သူဟာ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူဖို့ ဉရောပကို ခရီးထွက်လာခဲ့တာဖြစ်ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ပစ္စည်းတွေတစ်ခုမှ ပါမလာဘူးလို့ WMUR TV ကို ပြောကြားခဲ့ပါတယ်။အဲဒီအိတ်ထဲမှာ လက်ဆောင်ပေးဖိုပစ္စည်းတွေနဲ့ သူ့သုံးဖို့ ဝယ်ယူလာတဲ့ပစ္စည်းတွေ ထည့်ထားပြီး အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ ခွေးစာတွေရယ် တီရှပ်အဟောင်းတစ်ထည်ရယ် မုတ်ဆိတ်ရိတ်ခရင်မ်ဗူးတစ်ဗူးရယ် တွေ့လိုက်ရကြောင်း ရှယ်လ်ဒန်က ဆိုပါတယ်။

အီတလီမှာ ၁၁ ရက်ကြာလှည့်လည်သွားလာခဲ့ပြီး ပဲရစ်ကိုလည်း ဝင်ရောက်ခဲ့ပါသေးတယ်။
ပြင်သစ်နိုင်ငံ Charles DeGaulle လေဆိပ်က ခရီးဆောင်အိတ်စစ်ဆေးတဲ့နေရာမှာ ပစ္စည်းတွေ မှားပါသွားတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း WMUR TV ကို ပြောပြပါတယ်။သူ့ရဲ့ ၁၆ နှစ်အရွယ်ကလေးအတွက် သားရေဂျာကင်တစ်ထည်ဝယ်ယူခဲ့ကြောင်း၊ အသိမိတ်ဆွေ မိသားစုတွေကိုပေးဖို့ သားရေလက်ပတ်ပိုက်ဆံအိတ်လှလှလေးတွေလည်း ဝယ်ယူခဲ့ကြောင်း ရှယ်လ်ဒန်က ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးစုစုပေါင်းက ဒေါ်လာ ၃၀၀၀ ကျော်ရှိပါတယ်။
ဒီခရီးစဉ်ဟာ Air France မှ ပြေးဆွဲပြီး Delta လေကြောင်းကနေ ကြိုတင်စာရင်းသွင်းရတာဖြစ်ပါတယ်။
"ဒီကိစ္စကိုဖြေရှင်းနိုင်ဖို့ Air France က တာဝန်ရှိသူတွေရော ခရီးသည်နဲ့ရော သေချာချိတ်ဆက်ပြောဆိုနေပါတယ်။ ရှယ်လ်ဒန်ရဲ့ ပစ္စည်းတွေပျောက်ဆုံးနေတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်" လို့ Delta လေကြောင်းလိုင်းက WMUR TV ကို ပြောကြားသွားပါတယ်။


Source: Insid