Published 27 December 2021

လမ်းလျှောက်ခါစ ကလေးငယ်တွေဟာ အဖတ်အစားအစာတွေကို ရုတ်တရက် ငြင်းပယ်တာ၊ဒါမှမဟုတ် မစားတော့ လုနီးနီးဖြစ်နေတာဟာ  အဲဒီ ကလေးငယ်တွေ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ သိနိုင်တဲ့ သဲလွန်စတစ်ခုပဲဖြစ်တယ်လို့  ကာလီ  ဖိုးနီးယားက ဆရာဝန်တွေက ပြောကြားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်ရဲ့ အနံနှင့်အရသာ အာရုံခံနိုင်မှု ပြောင်းလဲသွားတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

အင်္ဂါနေ့က ထုတ်ဝေတဲ့ ကလေးနှင့်ပတ်သက်တဲ့ဆေးပညာဆိုင်ရာ အစီရင်ခံစာတစ်ခုမှာ အသက်၁၈လအောက်ကလေးငယ် နှစ်ဦးနှင့်စမ်းသပ်သုတေသနတွေ့ရှိချက်တွေကိုဖော်ပြထားပါတယ်။ သူတို့ဟာ  ကိုဗစ်ရောဂါရှိနေကြောင်းသိရတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို  သူတို့ဟာ အဖတ်တွေကို မစားတော့တာတွေ့ရပါတယ်။ သူတို့စားခဲ့ရင်လည်း အဲဒီအဖတ်ကို ပျို့အန်တာ၊ထွေးထုတ်ပစ်တာတွေလုပ်ကြပါတယ်။အဖတ်ကိုမနှစ်မသက်ဖြစ်လာခြင်းနှင့်အတူ သူတို့ဟာ မွှေးကြိုင်တဲ့ အနံ့ တွေ ကို ပြင်းထန်စွာခံစားကြရပါတယ်။ ဒါဟာ အနံ့အာရုံချို့ယွင်းလာတဲ့ နောက်ထပ်လက္ခဏာ တစ်ခုဖြစ်ပါတယ်။

ရောဂါပျောက်ကင်းပြီး ခြောက်လကနေ (၈)လကခန့်မှာ အဲဒီကလေးနှစ်ယောက်ဟာ အချို့သော အဖတ်အစားအစာတွေကို စတင်လက်ခံလာကြပါတယ်။ဒါပေမယ့် နှစ်ယောက်စလုံးက သူတို့အရင်ကစားသလိုမျိုးအထိတော့ မစားနိုင်ကြတော့ပါဘူး။

“အခုလို လူနာတွေရဲ့ နှောင့်နှေးပြီး ပြောင်းလဲနေတဲ့ အခြေအနေတွေဟာ  မကြာသေးမီက လူကြီးတွေကို လေ့လာတွေ့ရှိထား တာနှင့် ညီညွတ်ကိုက်ညီနေပါတယ်။ ကိုဗစ်-၁၉နှင့်ဆက်စပ်တဲ့ အနံနှင့်အရသာပြသနာတွေဟာ နိမ့်တုံမြင့်တုံဖြစ်နေတာကို ဖော်ပြနေပါတယ်။ လူနာသုံးပုံတစ်ပုံဟာ ရောဂါလက္ခဏာဆက်လက်တည်ရှိနေတုန်းပါပဲ” လို့ ဆရာဝန်တွေက ပြောပါတယ်။

သူတို့ရဲ့တွေ့ရှိချက်မှာ ထပ်မံဖြည့်စွက်နိုင်ဖို့အတွက် အခြားသော ကလေးအထူးကုပညာရှင်တွေဆီက အချက်အလက် တွေရှိရ ဦးမယ်လို့ သူတို့ကပြောပါတယ်။ သူတို့ဟာ အချက်အလက်အကန့်အသတ်တွေအပေါ် မှီတည်ထားရပေမယ့် စကားစပြောတော့မယ့်အရွယ်ကလေးသူငယ် တွေနှင့်ငယ်ရွယ်သူတွေဆီမှာ အစားအစာမနှစ်မသက်ဖြစ်လာတာဟာ  SARS-CoV-2 infection ကူးစက်မှုရှိနေတယ်ဆိုတာကို စမ်းသပ်နိုင်ရန် အစပျိုးမှုတစ်ခုဖြစ်သင့်တယ်လို့ သူတို့ကဆိုပါတယ်။

Source Reuters