Published 16 December 2021

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ သူ့ခရီးစဉ်မှာပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ကိုရိုနာ  ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံခရီးစဉ်ကို ဖြတ်တောက်ပစ်ခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ထိပ်တန်းသံတမန်ဘလင်ကင်ဟာ အင်ဒိုနီးရှားနှင့် မလေးရှားသွားရောက်ပြီးတဲ့နောက် ကြာသပတေးနေ့  (ယနေ့) မှာ ထိုင်းအရာရှိကြီးတွေနှင့် ဘန်ကောက်မှာတွေ့ဆုံဖို့ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ သုံးနိုင်ငံခရီးစဉ်ထဲက တတိယမြောက် ခရီးစဉ်ဖြစ်တဲ့ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

“ဝန်ကြီးဟာ သတိကြီးစွာထားပြီး ဝါရှင်တန်ဒီစီကို ပြန်သွားနေပါပြီ” လို့ ဘလင်ကင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ  မတ်ဝီနိုင်းက ပြောတယ်လို့ ပြောရေးဆိုခွင့်ရသူက ဆိုပါတယ်။

ဘလင်ကင်ဟာ အင်ဒိုနီးရှားကနေ မလေးရှားအရောက်မှာ သူ့အဖွဲထဲက တစ်ဦး ကိုဗစ်ကူးစက်မှုတွေ့ရှိရတာဖြစ်ပါတယ်။

အဲဒီသူဟာ ကွာလာလမ်ပူက ဘလင်ကင်ရဲ့အစီအစဉ်တွေမှာ ပါဝင်ခဲ့မှုမရှိပါဘူး။ အဲဒီအပြင် သူ့အဖွဲ့ထဲက ဘယ်သူ တစ်ဦး  တစ်ယောက်မျှလည်း ကူးစက်မခံရပါဘူးလို့ မလေးရှားမှာရှိတဲ့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အခုလို ခရီးစဉ်ကို အဆုံးသတ်လိုက်တာဟာ ကိုဗစ်ကူးစက်မှုအန္တရာယ်ကို‌ လျော့ပါးစေဖို့နှင့် အမေရိကန်ခရီးသွားအဖွဲ့နှင့် ထိတွေ့မိထားသူတွေရဲ့ ကျန်းမာဘေးကင်းရေးကိုဦးစားပေးလို့ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက သတင်းထောက်တွေပြောပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင်တွေအားလုံး ဂျာကာတာမှာတုန်းက စစ်ဆေးခဲ့တာ အားလုံး နဂ္ဂတစ်အဖြေထွက်ခဲ့ပါတယ်လို့ ဂျာကာတာရှိ  အမေရိကန်သံရုံးက တွစ်တာကနေ ပြောကြားထားပါတယ်။

Source CNA