Published 13 December 2021

တရုတ်နိုင်ငံရဲ့ဆိုင်နိုဗက်ကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ်နှင့် တတိယအကြိမ်အကြား အချိန်ကြာကြာ ခြားပြီးထိုးရင် ပိုပြီးကာကွယ်မှုပေးတာတွေ့ရတယ်လို့ ဆေးပညာဂျာနယ်လန်ဆက်က ထုတ်ဝေတဲ့လေ့လာမှုတစ်ခုအရသိရပါတယ်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးလို့ နှစ်လအတွင်း တတိယမြောက် အားမြှင့်ကာကွယ်ဆေးထိုးသူထက် ရှစ်လအကြာမှ အားမြှင့်ကာကွယ်ဆေးထိုးသူတွေဆီမှာ ခန္ဓာကိုယ်ခုံခံအားဟာ နှစ်ဆကျော်ပိုမြင့်မားတာတွေ့ရတယ်လို့ ဆိုင်နိုဗက် ဘိုင်အိုတက်ခ်၊ ဖူဒန်တက္ကသိုလ်နှင့် အခြားသော ဒေသန္တရရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာတွေရဲ့ ပူးပေါင်းသုတေသနပြု လုပ်ချက်မှာတွေ့ရှိကြရတာပါ။

အဲဒီအပြင်ကောရိုနာဗက်စ် ကာကွယ်ဆေးကိုလည်း ဒုတိယအကြိမ်ထိုးပြီးလို့ ခြောက်လအကြာမှာ ကာကွယ်နိုင်စွမ်းဟာကျဆင်းလာတာတွေ့ရပြီး ရှစ်လအကြာမှာ တတိယမြောက်ဆေးထိုးတဲ့အခါ ခုံခံအားဟာ အံအားသင့်စရာ ကောင်းလောက်အောင် မြင့်မားလာတာကိုလည်း ထပ်မံတွေ့ရှိခဲ့ကြရပါတယ်။

ပိုပြီးကူးစက်မြန်တဲ့ အိုမီခရွန်ကြောင့် ကမ္ဘာတစ်လွှားမှာ အားမြှင့်ကာကွယ်ဆေးတွေ အရှိန်မြှင့်ထိုးနှံလာနေကြတဲ့အချိန်မှာ ယခုသုတေသနတွေ့ရှိချက် ထွက်ပေါ်လာတာပါ။

တောင်ကိုရီးယားလို နိုင်ငံအချို့မှာ အားမြှင့်ကာကွယ်ဆေးထိုးရမယ့်အချိန်ကို ဒုတိယမြောက်ထိုးနှံအပြီး သုံးလအထိ အချိန်လျှော့ချထိုးနှံနေကြတာပါ။ အဲဒီမဟာဗျုဟာကိုတော့  ဘိုင်အိုအင်န်တက်ခန်နှင့်ယင်းရဲ့အမှုဆောင်အရာရှိချုပ် ယူဂါ ဆာဟင်တို့က ထောက်ခံထားတာဖြစ်ပါတယ်။ သို့သော် ဆိုင်နိုဗက်လို အင်အက်တီဗက်တစ် ကာကွယ်ဆေးတွေကို တတိယမြောက်အားမြှင့်ကာကွယ်ဆေး အလျင်စလိုထိုးတဲ့နည်းလမ်းက အကောင်းဆုံးနည်းလမ်းတစ်ခုမဟုတ်ဘူးဆိုတာ လန်းဆက်ရဲ့ လေ့လာမှုက ပြသနေပါတယ်။

ဘေဂျင်းအခြေစိုက်ကုမ္ပဏီရဲ့ အဲဒီကာကွယ်ဆေးတွေဟာ တစ်ကမ္ဘာလုံးမှာ အလုံးရေပေါင်း ၂.၃ဘီလျံအထိတင်ပို့ပေးပြီး အကျယ်ပြန့်ဆုံးအသုံးပြုနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲကမ္ဘာမှာ ထိုးနှံနေကြတာပါ။

ဆိုင်နိုဗက်က အိုမီခရွန်အပေါ်ကာကွယ်ပေးနိုင်စွမ်းကိုလည်း လေ့လာလျက်ရှိနေကြတာဖြစ်ပါတယ္။

Source Bloomberg News