Published: 13 December 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာမှာ အမျိုးအစား‌ရောနှောပေါင်းစပ်ထိုးနှံတာက ပိုပြီးဘေးကင်းပြီးထိရောက်မှု ပိုကောင်းတယ် လို့ ယူကေသုတေသနပညာရှင်တွေက ပြောပါတယ်။ အချို့သော ပေါင်းစပ်မှုတွေဆိုရင် ကိုယ်ခံအးတုန့်ပြန်မှုကို ပိုပြီးတောင် တိုးတက်စေပါတယ်လို့လည်း ဆိုပါတယ်။

ပထမအကြိမ်မှာ အက်ဒီနိုဗိုင်းရယ်ဗက်တာကာကွယ်ဆေးဖြစ်တဲ့ အက်စထရာဇင်နီကာဆေး ဒါမှမဟုတ် အမ်အာရ်အင်န်အေ ဖြစ်တဲ့ ဖိုင်ဇာထိုးထားတဲ့ သူ ၁၀၇၉ဦးကိုသုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် အဲဒီသူတွေကို နောက်တစ်ကြိမ်မှာ အရင်ထိုးပြီးသား အမျိုးတူကာကွယ်ဆေး ဒါမှမဟုတ် နည်းပညာမတူတဲ့  မိုဒါနာ သို့မဟုတ် နိုဗာဗက်စ်ကာကွယ်ဆေးတွေကို ကြုံရာထိုးနှံစေခဲ့ပါတယ်။

အဲဒီအခါ မတူတဲ့ဆေးတွေထိုးလိုက်လို့ ဆိုးကျိုးသက်ရာက်မှုမတွေ့ကြရပါဘူးလို့ လန်ဆက်စာစောင်ထဲမှာ အဲဒီသုတေသန  အဖွဲ့က တနင်္လာနေ့မှာ အစီရင်ခံတင်ပြခဲ့ကြပါတယ်။ ပထမတစ်ကြိမ်မှာ အက်စထရာဇင်နီကာပဲထိုးထား၊ဖိုင်ဇာပဲထိုးထား ဘာပဲထိုးထားပါစေ ဒုတိယဆေးကို မိုဒါးနားထိုးလိုက်တဲ့အခါ ပထမအမျိုးအစားတူကိုပဲ ဒုတိယအကြိမ်ထပ်ထိုးသူထက် ခုခံအား တုန့်ပြန်မှုပိုမိုအားကောင်းတယ်ဆိုတာကိုဓာတ်ခွဲခန်းအချက်အလက်တွေအရ တွေ့ကြရပါတယ်။

တီ-ဆဲလ်ကို လှုံ့ဆော်မှုဖြစ်တဲ့  ခုခံအားစနစ်ကနေ အရေးကြီးတဲ့ ဒုတိယလိုင်းတုန့်ပြန်မှုဟာ ပထမအကြိမ်အက်စထရာဇင်နီ ကာနှင့် ဒုတိယအကြိမ် နိုဗာဗက်တို့မှာ အကြီးမားဆုံးဖြစ်တယ်ဆိုတာကို သုတေသနပညာရှင်တွေ တွေ့ရှိကြရပါတယ်။ အဲဒီ ဆေးနှစ်မျိုးစလုံးဟာ အထူးပြုလုပ်ထားတဲ့ အအေးခန်းမျိုးမလိုအပ်ပါဘူး။ အဲဒီအပြင် အခြားကာကွယ်ဆေးတွေနှင့်ရောနှော ထိုးတာမျိုးကလည်း ဘေးကင်းတယ်ဆိုတာပါ တွေ့ရှိကြရပါတယ်။ အဲဒါကြောင့် အဲဒီဆေးနှစ်မျိုးပေါင်းစပ်ရောနှောထိုးတာ ဆိုရင် ဆေးတစ်လုံးမှ မထိုးကြရသေးတဲ့ ဝင်ငွေနိမ့်နိုင်ငံတွေရဲ့ ၉၄ ရာခိုင်နှုန်းမှာ အတော့်ကိုသင့်လျော်မှာဖြစ်ပါတယ်လို့ သူတို့က ကောက်ချက်ချထားကြပါတယ်။

Source Reuters