Published 12 December 2021

 နော်ဝေးမှ ထိပ်တန်းစစ်တုရင်ကစားသမား မက်ဂ်နပ်စ်ကာလ်ဆန်က စိန်ခေါ်သူ ရုရှားနိုင်ငံသား အီယန်နီပွန်နီယာ့ချီကို လေးကြိမ်မြောက်အနိုင်ယူပြီး သောကြာနေ့က သူ့ရဲ့ကမ္ဘာ့စစ်တုရင်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ပွဲကို ဒူဘိုင်းမှာကျင်းပခဲ့ပြီး ဆုကြေးအဖြစ် ဒေါ်လာ ၂.၃ သန်းတန်ကြေးရှိတဲ့ ပွဲဖြစ်ပါတယ်။

၁၄ ပွဲယှဉ်ပြိုင်ရမယ့်ပြိုင်ပွဲမှာ ကာလ်ဆန်က ၁၁ ပွဲမြောက်ပွဲမှာ အနိုင်ယူပြီး အောင်ပွဲရခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ယှဉ်ပြိုင်ကစားကြပုံတွေကို ရုပ်သံတင်ဆက်ထားပါတယ်။