#WorldPolitics

Published : 10 December 2021

တရုတ်နှင့်နီကာရာဂွာတို့ဟာ ဒီဇင်ဘာ ၁၉ရက်သောကြာနေ့က သံတမန်အဆက်အသွယ်ပြန်လည်စတင်လိုက်ကြပါတယ်။ နီကာရာဂွာက ထိုင်ဝမ်နှင့် သံတမန်ဆက်သွယ်ရေးဖြတ်တောက်ပြီးနောက် ယခုလို တရုတ်နှင့်သံဆက်သွယ်မှုပြန်လည် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့အိမ်နောက်ဘေးလို့ ကမ္ဘာကနှစ်ရည်လများသတ်မှတ်ထားတဲ့ နီကာရာဂွာက  ယခုလိုဘေဂျင်းနှင့်ပြန်ပြီး သံတမန်ဆက်သွယ်ရေးစလိုက်တာက ဝါရှင်တန်ကို ဒေါသထွက်စေပါလိမ့်မယ်။

နီကာရာဂွာရဲ့ ဘဏ္ဍာရေးဝန်ကြီးနှင့် သမ္မတဒန်နီယယ်လ်အော်တေးဂါးရဲ့ သားနှစ်ယောက်တို တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြိုမှာတွေ့ဆုံအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်နှင့်ဆက်ဆံမှုဖြတ်တောက်လိုက်တာကြောင့် နီကာရာဂွာ ကျွန်းနိုင်ငံအနေနှင့် နိုင်ငံတကာမဟာမိတ်တွေလျော့ပါးသွား နိုင်ပြီး အမေရိကန်အတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

အော်တေးဂါနှင့်ဝါရှင်တန်အကြားမှာ ဆက်ဆံရေးတွေဆိုးရွားနေခဲ့တာ လအတော်ကြာခဲ့ပါပြီးနောက် အော်တီဂါ၏ အမျိုးသားလုံခြုံရေးအကြံပေး Nestor Moncada Lau အနေနှင့် အစိုးရအဖွဲဝင်တွေကိုချမ်းသာကြွယ်ဝအောင် သွင်းကုန်နှင့် အကောက်ခွန်လိမ်လည်မှု အစီအစဉ်ကို လုပ်ဆောင်နေတယ်လို့  အမေရိကန် နိုင်ငံခြားရေးဌာနက သူ့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့်နေ့တွင် ပြောကြားခဲ့ပါတယ်။

နီကာရာဂွာရဲ့ဆုံးဖြတ်ချက်ဟာ သူ့ပြည်သူတွေရဲ့ဆန္ဒကိုမထင်ဟပ်ဘူး၊ဘာလို့လဲဆိုတော့ အစိုးရဟာ လွတ်လွတ်လပ်လပ်ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရမဟုတ်လို့ဖြစ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ရဲ့ ၁၄နိုင်ငံပဲရှိတော့တဲ့မဟာမိတ်တွေဟာ ဘာကြောင့်ဆက်နေကြရသလဲဆိုတော့ အမေရိကန်ရဲ့ဖိအားနှင့် ထိုင်ဝမ်ရဲ့ ဒေါ်လာသံခင်းတမန်ခင်းကြောင့်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။ အဲဒီစွပ်စွဲချက်ကို တိုင်ပေက ငြင်းဆိုပါတယ်။
၂၀၁၉ခုနှစ်မှာ နီကာရာဂွာကွန်ဂယက်က ထိုင်ဝမ်ဆီက ဒေါ်လာသန်း၁၀၀ချေးငှားဖို့ လက်ခံခဲ့ပါတယ်။

ဒါပေမယ့် စီးပွားရေး ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ချေးငှားတဲ့ အဲဒီပိုက်ဆံတွေဟာ ဘဏ်တွေရဲ့လုပ်ငန်းစဉ်လိုအပ်ချက်တွေကြောင့် မပေးရ သေးဘူးလို့ သောကြာနေ့မှာ(ယနေ့)မှာ ထိုင်ဝမ်ကပြောပါတယ်။ထိုင်ဝမ်ကတော့ နီကာရာဂွာရဲ့ဆုံးဖြတ်ချက်ကို အရှုးမပေးဘူးလို့ပြောပါတယ်။

“ ထိုင်ဝမ်ဟာ ဖိအားအပေါ်အရှုးပေးမှာမဟုတ်သလို ဒီမိုကရေစီနှင့်လွတ်လပ်မှုကို ထိန်းသိမ်းရေးနှင့်ကမ္ဘာကြီးသို့ရှေ့ရှုလျှောက်လှမ်းနေတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝင်းက ပြောပါတယ်။

ဘိုင်ဒင်အစိုးရက ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲနေတာကို ထိုင်ဝမ်တက်နေတဲ့အချိန်နှင့် ကျွန်းမှာ ဆန္ဒခံယူပွဲလေးခုလုပ်ဖို့ တစ်ပတ်အလိုမှာ အချိန်ကိုက်လုပ်တာဟာ ဆွပေးတာပဲ လို့ ထိုင်ဝမ်အကြီးတန်းအရာရှိတွေက ရိုက်တာကိုပြောပါတယ်။

အော်တေးဂါဟာ ထိုင်ဝမ်နှင့် ၁၉၈၅မှာ သံအဆက်အသွယ်ဖြတ်ခဲ့ပြီး ၁၉၉၀ပြည့်နှစ်သမ္မတ ဗိုင်ဘိုလက်တာဘာရီရော့စ် ဒီ ချမ်မိုရိုလက်ထက်မှာ သံတမန်ပြန်ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ရတာ အံအားသင့်စရာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဝါရှင်တန်က အော်တေးဂါးကို ပိတ်ဆို့အရေးယူမှုများ ကြောင့် ဩဇာမရှိတဲ့အချိန်မှာ သူတို့ဟာ တရုတ်ရဲ့အကူအညီနှင့်အထောက်အပံ့ကိုရှာဖွေတာဟာ သဘာဝတရားတစ်ခုပဲလို့ ထိုင်ဝမ်အခြေစိုက်သံတမန်အရင်းအမြစ်တစ်ခုက ပြောပါတယ်။

ကြည့်ရတာ အော်တေးဂါးအတွက်လုံလောက်တာထက်ပိုသွားပုံရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။
နောက်ထပ်စောင့်ကြည့်ရမယ့်နိုင်ငံတစ်နိုင်ငံကတော့ ထိုင်ဝမ်ရဲ့ နောက်မိတ်ဆွေဖြစ်တဲ့ဟွန်ဒူးယတ်စ်ဖြစ်ပါတယ်။

နောက်လာမယ့်သမ္မတအသစ် ဇီယိုမာရာကက်စထရိုရဲ့ လက်ထောက်တွေကတော့ သူမအနေနှင့် တရုတ်နှင့်ဆက်ဆံရေး ထူထောင်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ကက်စထရိုက သူမဟာ တရုတ်နှင့်ပုံမှန်ဆက်ဆံရေးစတင်ဖို့လမ်းဖွင့်ထားတယ်လို့ ယခင်ကပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ဟွန်ဒူးယတ်စ်ဟာ ဘေဂျင်းနှင့် ဆက်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမယ့်အခြေအနေမှာပဲရှိသေးတယ်လို့ ထိုင်ဝမ်အခြေစိုက် ဒုတိယမြောက်သံတမန်တစ်ဦးက ရိုက်တာကိုပြောပါတယ်။

Source Reuters