Published 10 December 2021

ကနဦးဓာတ်ခွဲခန်းအချက်အလက်တွေအရ ဖိုင်ဇာကာကွယ်ဆေးကို သုံးကြိမ်ထိုးနှံတာဟာ အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ပေးနိုင်တယ်ဆိုတာ တွေ့ရှိရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်ကိုဗစ်-၁၉တုန့်ပြန်ရေးအဖွဲ့နှင့် မတွေ့ဆုံမီမှာ အမေရိကန်သမ္မတက သတင်းထောက်တွေနှင့်တွေ့ဆုံစဉ်ပြောကြားလိုက်တာပါ။

အဲဒါကြောင့် အမေရိကန်တွေအနေနှင့် အားမြှင့်ကာကွယ်ဆေးကို ထိုးနှံကြဖို့ ဘိုင်ဒင်က

အားပေးတိုက်တွန်းလိုက်ပါတယ်။

Source AFP