Published: 9 December 2021

အိုလံပစ်ပွဲတော်ကို သံတမန်ရေးရာ သပိတ်မှောက်ကြတဲ့ နိုင်ငံတွေအနေနှင့် တန်ရာတန်ကြေးပေးဆပ်ကြရလိမ့်မယ်လို့ တရုတ်က သတိပေးလိုက်ပါတယ်။

ဘေဂျင်းမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်အားကစားပွဲကို သံတမန်ရေးရာအရပူးတွဲ သပိတ်မှောက်ကြတဲ့ အနောက်နိုင်ငံ လေးနိုင်ငံဟာ နောင်တရကြလိမ့်မယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

“ အမေရိကန်၊ဩစတြေလျ၊ဗြိတိန်နှင့်ကနေဒါတို့ဟာ အိုလံပစ်ပလက်ဖောင်းကို နိုင်ငံရေးအရ ကြိုးကိုင်ချယ်လှယ်မှုအတွက် အတွက် အသုံးချတာဟာ ခေတ်မစားတော့ပါဘူး။ကိုယ့်ကိုယ်ကိုယ်အထီးကျန်အောင်လုပ်တာပဲဖြစ်တယ်။ သူတို့အလုပ်မှား အကိုင်မှားအတွက် သူတို့ မလွှဲမရှောင်သာ တန်ရာတန်ကြေးပေးဆပ်ကြရလိမ့်မယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ပြောပါတယ်

Source AFP