#Daily_News
Published_ 12 April 2024
၁။ ရှမ်းရှေ့လမ်းကြောင်းမှ မြန်မာ့သရက်တရုတ်သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအား နှစ်ဖက်ညှိုနှိုင်းပေါင်းစပ်အဖြေရှာနေ
၂။ သင်္ကြန်တွင်း YBSယာဉ်စီးခပိုတောင်းသူ၊ မူးပြီးမောင်းသူများအားယာဉ်မောင်းခွင့်ပိတ်သည်အထိ အရေးယူမည်
၃။ ရှမ်းပြည်ထွက်ကုန်စိမ်းများ ရန်ကုန်ဈေးကွက်တွင် အရောင်းအေးသော်လည်း ယခင်ထက် ၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
၄။ ဂျပန်နှင့်အမေရိကန်စစ်ရေးပူးပေါင်းဆောင်ရွက်ဦးမည့်အစီအစဉ်အား ဂျပန်ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 11 April 2024
၁။ နေတအားပြင်းပါက ခန္ဓာကိုယ်တွင်းသွေးကြောများပြတ်ပြီး အသက်ဆုံးရှုံးနိုင်ဟုဆို
၂။ ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်
၃။ တရုတ်သို့ တရားဝင်လုပ်သားစေလွတ်ရန် သဘောတူညီမှုရရှိပြီး လွှတ်မည့်အခြေနေ အသေးစိတ်ကိုသာဆက်လက်ဆွေးနွေးရမည်ဟုဆို
၄။ အက်ရှင်သရုပ်ဆောင်ပညာရပ်အတွက် ရည်ရွယ်သည့် ကိုယ်ခံပညာစခန်းသွင်းသင်တန်းအားအား ဂျက်ကီချန်းစတန့်အဖွဲ့မှစီစဥ်ဖွင့်လှစ်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၁ ဧပြီ ၂၀၂၄
ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးမကြီးတစ်ဦးကို ဗီယက်နမ်တရားရုံးတစ်ခုက ငွေကြေးလိမ်လည်မှုဖြင့် သေဒဏ် အပြစ် ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။
အိမ်ခြံမြေ လုပ်ငန်းရှင် ထရွန်မိုင်လန်ဟာ ဗီယက်နန် ဒွန်ငွေ ၃၀၄ထရီလီယံ( အမေရိကန် ဒေါ်လာ ၁၂.၄၆ ဘီလျံ)တန်ဖိုးရှိတဲ့ ဗီယက်နမ်ရဲ့ အကြီးမားဆုံးသော ငွေကြေးလိမ်လည်မှုကို ကျူးလွန်ခဲ့တဲ့အတွက် သူမကို သေဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
လန်ဟာ ဗီယက်နမ်ရဲ့ အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်တဲ့ ဗန်သင်ပက်ဟိုးလ်ဒင်း အုပ်စုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူမဟာ ငွေကြေး အလွဲသုံးစားပြုမှု၊လာဘ်ပေးလာဘ်ယူမှုနှင့် ဘဏ်စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်မှုတို့ဖြင့် အပြစ်ရှိကြောင်း ဟိုချီမင်းမြို့ မှာရှိတဲ့ တရားရုံးက တရားစီရင်ခဲ့တာပါ။
မတ်လ ၅ရက်နေ့က စတင်ခဲ့တဲ့ တရားရုံးစစ်ဆေးမှုဟာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် စောပြီး စစ်ဆေးပြီးစီးခဲ့ပါတယ်။ သူမရဲ့အမှုနှင့်ဆက်စပ်ပြီး အစိုးရထိပ်ပိုင်းအရာရှိကြီးတွေနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းအကြီးအကဲတွေလည်း တရားစွဲခံရ တာတွေ၊ ရာထူးပြုတ်သွားတာတွေဖြစ်ခဲ့ရပါတယ်။
လန်နှင့်သူမရဲ့ကြံရာပါတွေဟာ ဆိုင်းဂုံပူးတွဲစတော့ခ်ကော်မာရှယ်ဘဏ်( အက်စ်စီဘီ)ကနေ ၃၀၄ ထရီလီယံဒွန်ငွေတွေကို ထုတ် နုတ်ယူခဲ့ကြပါတယ်။အဲဒီဘဏ်ကို သူမဟာ သူမရဲ့ ကြားခံကိုယ်စားလှယ်လူတစ်ဒါဇင်ကျော်ကနေတစ်ဆင့် ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်လို့ အမှုစစ်ဆေးသူတွေထံမှသိရပါတယ်။
၂၀၁၈ခုနှစ်စောစောပိုင်းကနေ့ ၂၀၂၂ အောက်တိုဘာအထိ လန်ဟာ ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေမဲ့ ချေးငွေများစွာကို စီစဉ်ပြီး အဲဒီဘဏ်ကနေ ငွေကြေး အကြီးအကျယ်ထုတ်ယူခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ်မှာ အာမခံငွေတွေ ကုန်ဆုံးသွားတဲ့အတွက် နိုင်ငံတော်က ဝင်ပြီး အာမခံပေးဆောင်ခဲ့ရပါတယ်။
လန်က တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းမယ်လို့ မိသားစုဝင်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
Source Reuters
#Daily_News
Published_ 10 April 2024
၁။ နေ့အပူချိန်ပြင်းနေသည့် ရန်ကုန်အပါအဝင် ဒေသ(၁၀)ခု၌ မိုးထစ်ချုန်းရွာမည်
၂။ စက်သုံးဆီဈေးငြိမ်နေသော်လည်း ဝယ်လိုအားများနေဟုဆို
၃။ ဇီးဝဇိုးဌက်သိုက် ခိုးယူခံရမှုများလာသဖြင့် ငှက်အိမ်ဆောက်လုပ်မှုတွင် လုံခြုံရေးအတွက်ပါထည့်သွင်းဆောက်လုပ်လာရဟုဆို
၄။ ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 09 April 2024
၁။ တရုတ်နိုင်ငံမှ EV ကားတင်သွင်းခြင်းအပြင် မြန်မာနိုင်ငံ၌ EVကားထုတ်လုပ်ရန်အစီအစဉ်ရှိ
၂။ သင်္ကြန်ကာလ မိုးယွန်းကြီးအင်းဘေးမဲ့တောဖွင့်လှစ်ထားမည်ဖြစ်ပြီး ညအိပ်တည်းခိုရန်အတွက် ကြိုတင်စုံစမ်းသူများရှိဟုဆို
၃။ မိုးစပျစ်ရာသီအတွက် ကိုင်းပြင်ခြင်းများစတင်ပြုလုပ်
၄။ အဝလွန်သူအများဆုံးစာရင်းတွင် ထိပ်ဆုံး၌ အိန္ဒိယနိုင်ငံပါဝင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံရဲ့ ရတနာသဘာဝဓာတ်ငွေ့တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ ချက်ဗရွန် ဟာ ရင်းနှီးမြှပ်နှံမှုကနေ နှုတ်ထွက်သွားပြီးနောက် သူ့ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို အပြင်ကိုမရောင်းချတော့ဘဲ လက်ရှိ ရှယ်ယာပါတနာကုမ္ပဏီနှစ်ခုက ပြန်ခွဲဝေယူလိုက်ကြပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခုက ထိုင်းနိုင်ငံရဲ့ PTTEP ပီတီတီရှာဖွေထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တို့ဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
ချက်ဗရွန်ရဲ့ရှယ်ယာနှုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီရဲ့ရှယ်ယာဟာ ၆၂.၉၆ ရာခိုင်နှုန်း မြင့်တက်သွားစေမှာဖြစ်ပါတယ်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းဟာ မုတ္တမပင်လယ်ကွေ့မှာတည်ရှိပြီး တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ၆ ဘီလီယံ ကုဗမီတာထွက်ရှိနေပါတယ်။ ထွက်ရှိသမျှ သဘာဝဓာတ်ငွေ့ရဲ့ ၇၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ကျန် ၃၀ရာခိုင်နှုန်းကိုတော့ မြန်မာ MOGE က ပြည်တွင်းသုံးအဖြစ် ခွဲဝေရယူထားပါတယ်။
ရတနာစီမံကိန်းဟာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လုံခြုံရေးအတွက် မဟာဗျူဟာမြောက်အရေးပါနေ တာဖြစ်တယ်လို့ PTTEP က ထိုင်းစတော့အိတ်ချိန်းသို့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
“ PTTEPဟာ စီမံကိန်းရဲ့အော်ပရေတာဖြစ်တာနှင့်အညီ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေလိုအင်တွေ ဖြည့်ဆည်းဖို့နှင့် စွမ်းအင်လုံခြုံရေးဆက်လက်ထိန်းသိမ်းဖို့ စီမံကိန်းကနေ သဘာဝဓာတ်ငွေ့တွေ ဆက်လက်ထုတ် လုပ်နေမှာဖြစ်တယ်” လို့ PTTEP ကပြောပါတယ်။
@ymg/knl
#Daily_News
Published_ 08 April 2024
၁။ သင်္ကြန်နှင့်ကထိန်အလှူပွဲများအတွက် ထိုင်း၊ မလေးရှား၊ လာအို၊ ဂျပန်၊ သြစတြေးလျတို့မှ အိုးစည်ဒိုးပတ်များအမှာများ
၂။ သင်္ကြန်ကာလ နီးသော်လည်း အာလူးဈေးဆက်တိုက်ကျဆင်းနေ
၃။ သင်္ကြန်ကာလနီးလာ၍ ရွှေဈေးကွက်အေးနေ
၄။ ဒဏ္ဍာရီလာတရုတ်ဧကရာဇ်ကို ဂုဏ်ပြုခြင်းအခမ်းအနား ဧကရာဇ်ဗိမာန်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 62 of 154