နယူးဒေလီ-ဧပြီ၆၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ အိန္ဒိယအစိုးရကိုယ်စား အိန္ဒိယ နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ကီရတီ ဝါဒန်ဆင်း(the Minister of State for External Affairs and Environment, Forest & Climate Change Shri Kirti Vardhan Singh) ဟာ နေပြည်တော်မှာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ကျင်းပမယ့် နိုင်ငံတော် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ၂၀၂၆ ခုနှစ် ဧပြီလ ၈ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာ၊ မစ္စတာ ဆင်းဟာ နေပြည်တော်က မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့၊ အခုလက်ရှိ လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံအကျိုးတူ အခမ်းအနားတွေကို တက်ရောက်ဖို့နဲ့ ရန်ကုန်မြို့က အိန္ဒိယနွယ်ဖွားတွေ၊ အိန္ဒိယမိတ်ဆွေများအဖွဲ့ (Friends of India) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။
ဧပြီ၁၀ရက်နေ့မှာ နေပြည်တော်တွင်ကျင်းပမယ့် နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ နိုင်ငံတကာ အစိုးရတွေကို ဖိတ်ကြားထားတယ်လို့သတင်းရရှိပါတယ်။
ရန်ကုန်၊ ဧပြီ၆၊၂၀၂၆
ပြည်တွင်းစက်သုံးဆီဖြန့်ဖြူးရောင်းချမှုကို ဒီဂျစ်တယ်နည်းပညာအခြေပြုစနစ်များဖြင့် ကြပ်မတ်ထိန်း ကျောင်းခဲ့ရာ နေ့စဉ်သုံးစွဲမှု ၂၉ ရာခိုင်နှုန်းအထိ သိသာစွာလျော့ကျသွားပြီး တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၆ သန်းခန့် သက်သာစေမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ထို့အပြင် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှု ရက် ၄၀ မှ ၅၀ အထိရှိနေပြီး ယခုလ (ဧပြီလ) အတွင်း ဆီသင်္ဘော ၂၆ စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ယနေ့အထိ စာရင်းများအရ နေ့စဉ် ပျှမ်းမျှ စက်သုံးဆီ သုံးစွဲမှုသည် ၃.၅၄ သန်း ဂါလန်မှ ၂.၅ သန်း ဂါလန်သို့ ကျဆင်းလာခဲ့သည်။ ယင်းကဲ့သို့ နေ့စဉ်သုံးစွဲမှု ၂၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှုကြောင့် တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၆ သန်းခန့် သက်သာစေမည့် အပြင် အရံဆီကိုလည်း နောက်ထပ် ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်သည်ဟုသိရသည်။
ပုံမှန်အားဖြင့် နိုင်ငံတော်အနေဖြင့် နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိ ကန်ဒေါ်လာ ၅ ဘီလီယံကျော် သုံးစွဲနေရခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ စနစ်တကျ ပြောင်းလဲသုံး စွဲလာနိုင်သည့်အတွက် နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းအရန်ဆီ လက်ကျန်အနေဖြင့် ဓာတ်ဆီ ရက် ၄၀ စာနှင့် ဒီဇယ် ရက် ၅၀ စာ ရှိနေပြီး ဧပြီလအတွင်း ဆီသင်္ဘော ၂၆ စီး ထပ်မံရောက်ရှိရန် စီမံထားရှိပြီးဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက် ပစ္စည်းများက ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိသည်။ သို့သော် ယင်းကဏ္ဍတွင် သုံးစွဲနေသည့် စက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူ တင်သွင်းနေရခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေသော စက်သုံးဆီအခက်အခဲများ ရိုက်ခတ်လာချိန်တွင် သွင်းကုန်ကိုသာ ၉၇ ရာခိုင်နှုန်းအထိ အဓိကအားထားနေရသည့် မြန်မာနိုင်ငံအတွက် လွန်စွာခက်ခဲသောအခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနက စီမံခန့်ခွဲမှု နည်းလမ်း များ၊ QR Code ကဲ့သို့သော ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ပြောင်းလဲဖြေရှင်း ခဲ့ရခြင်းဖြစ်သည်။ ရေရှည်စက်သုံးဆီဖူလုံရေးအတွက်လည်း မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်ကာ ဆီတင် သွင်းနိုင်ရန် အစီအမံများ ပြုလုပ်ထားကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခြေ အမြစ်မရှိသော သတင်းများရေးသားနေသည့် မီဒီယာများကို ဆက်သွယ်သတိပေးမှုများ ပြုလုပ်လျက်ရှိ ကြောင်းလည်း ဝန်ကြီးဌာနကဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဝန်ကြီးဌာန၏ တရားဝင်သတင်းများကိုသာ ယုံကြည်ရန်နှင့် သတ်မှတ် ထားသော စည်းကမ်းများအတိုင်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။ စက်သုံးဆီအရောင်းဆိုင် များအနေဖြင့်လည်း QR Code စနစ်ဖြင့် ရောင်းချရာတွင် လိုအပ်ပါက အရေးပေါ် ဆီဖြည့်တင်းခွင့်များ ရရှိ ထားသည့်အတွက် ကြောင့်ကြကင်းစွာ ရောင်းချပေးရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/knl

သတင်းနှင့်အမြင်
ရန်ကုန် - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်
ဧပြီ ၁ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၏ သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ဦးမင်းအောင် လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစောနှင့် ဒုတိယသမ္မတ (၂) အဖြစ် ဒေါ်နန်းနီနီအေးတို့လည်း ရွေးချယ်တင်မြှောက်ခံခဲ့ကြရပါသည်။
ယခုရွေးချယ်တင်မြှောက်မှုသည် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပေါ်ထွက်လာသည့် အုပ်ချုပ်ရေးယန္တရားသစ်များ ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီးများ ပြန်လည်ပေါ်ထွန်းလာခြင်းကို ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ ပြန်လည်တက်လှမ်းခြင်းအဖြစ် ရှုမြင်ကြပြီး၊ လူအများကလည်း သတိကြီးစွာထားလျက် အကောင်းမြင်စိတ်ဖြင့် ကြိုဆိုစောင့်ကြည့်လျက်ရှိသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာနေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုများနှင့် နောက်ဆက်တွဲဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့သလို၊ အာဆီယံအဖွဲ့အစည်းနှင့် အိမ်နီးချင်းနိုင်ငံများအတွက်လည်း ကြီးမား သော စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း ယခုအခါ ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်ရန် တရားဝင် လုပ်ထုံးလုပ်နည်းများအရ ခေါင်းဆောင်များ ပေါ်ထွက်လာပြီဖြစ်ရာ ထိုခေါင်းဆောင်တို့အား နိုင်ငံရေး ယဉ်ကျေးမှုနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု ဘောင်အတွင်းမှ လက်ခံကြိုဆိုကြမည်ဟု မျှော်မှန်းရသည်။
အဆိုပါ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပြီးတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် စီးပွားရေးများ တိုးတက် ဖွံ့ဖြိုးစေရေးအတွက် အစိုးရသစ်အပါအဝင် နိုင်ငံ့မဏ္ဍိုင်အားလုံးအနေဖြင့် ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများနှင့် ပြန်လည်ချိတ်ဆက်ရန် လိုအပ်နေသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်ရာတွင်လည်း ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ရှေးရှုလျက်၊ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို ကြိုးပမ်းကျော်လွှားနိုင်ပေမည်။
လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပဋိပက္ခများ ချုပ်ငြိမ်းသွား ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအပြင် တရားဥပဒေစိုးမိုးရေး အလားအလာများ ပေါ်ထွက်လာ စေရန် ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်ချက်များစွာဖြင့် စောင့်စားလျက်ရှိကြောင်းသိရှိရသည်။
#ymg/knl
NAY PYI TAW, Myanmar, April 3, 2026 — The Third Union Parliament's (Pyidaungsu Hluttaw) presidential election was held on the morning of April 3 at the Union Parliament Hall in Nay Pyi Taw, where Senior General Min Aung Hlaing was elected as President of Myanmar with the highest number of affirmative votes.
Senior General Min Aung Hlaing secured the presidency with 429 votes. U Nyo Saw garnered the second-highest number of votes at 126 to become First Vice President, while Daw Nan Ni Ni Aye was elected as Second Vice President with 29 votes. The Union Parliament officially confirmed their respective appointments.
Senior General Min Aung Hlaing, who recently retired from his post as Commander-in-Chief of Defense Services, currently serves as the Chairman of the State Security and Peace Commission. U Nyo Saw is the incumbent Prime Minister. Daw Nan Ni Ni Aye serves as the Kayin State Chairperson for the Union Solidarity and Development Party (USDP) and is an elected representative who secured a victory in the state-level elections.
#ymg/knl
နေပြည်တော်-ဧပြီ ၃၊၂၀၂၆
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ဧပြီ ၃ရက် မနက် က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြီး နိုင်ငံတော်သမ္မတ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံမဲ ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထောက်ခံဆန္ဒမဲ ( ၄၂၉ )မဲဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရခြင်းဖြစ်ပြီး ဦးညိုစောသည် ထောက်ခံဆန္ဒမဲ (၁၂၆ )မဲဖြင့် ဒုတိယထောက်ခံမဲ အများဆုံး ရရှိကာ ဒုတိယသမ္မတ(၁) အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေးသည် ထောက်ခံဆန္ဒမဲ (၂၉ )မဲဖြင့် ဒုတိယသမ္မတ(၂) အဖြစ်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က အသီးသီးရွေးချယ်တင်မြှောက် လိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ မကြာသေးမီက အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ ဦးညိုစောသည် လက်ရှိတွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင် နေသူဖြစ်ပြီးဒေါ်နန်းနီနီအေးသည်ကရင်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်နယ် ဥက္ကဋ္ဌဖြစ်ပြီး ပြည်နယ်အဆင့်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် သည်။
#ymg/knl

HPA-AN, MYANMAR — April 2
Following a prolonged period of closure, the Hpa-an–Kawkareik–Myawaddy stretch of the Asian Highway—a critical artery for cross-border trade in Kayin State—officially reopened to the public today.
Official figures recorded by 4:00 PM indicated a total of 555 vehicles traversing the highway on its opening day. This traffic flow included 223 passenger buses, freight trucks, and private vehicles traveling from Hpa-an to the border town of Myawaddy, alongside 332 vehicles making the return journey.
To facilitate the smooth flow of goods and ensure commuter safety, a joint task force has been stationed at the Tadarkyoe combined checkpoint in Kawkareik Township. The coalition, comprising military personnel, the Myanmar Police Force, the Road Transport Administration Department, and Customs officials, is conducting necessary inspections and providing on-the-ground assistance to travelers.
Spanning 165.36 kilometers, the highway is a crucial segment of the Greater Mekong Sub-region East-West Economic Corridor. It stands as Myanmar's most significant economic lifeline, facilitating the highest volume of overland trade with neighboring Thailand.
Traffic and commerce were previously paralyzed due to regional armed conflicts, which resulted in severe damage to roads and bridges from landmine explosions. Following security operations by state forces to clear and stabilize the area, the damaged infrastructure was rapidly restored utilizing both Union and State funds, culminating in today's reopening.
To mark the occasion and promote safe travels, local religious leaders conducted a mobile blessing ceremony this morning. Monks led by the Sayadaw of Mya Thukha Tat U Monastery in Myawaddy traveled by convoy along the newly reopened route—from Thingannyinaung village to Hlaingwa village in Kawkareik Township—reciting Paritta (protective) verses for the security and well-being of future commuters.
ဘားအံ၊ ဧပြီ ၂
အချိန်အတန်ကြာ ပိတ်ထားခဲ့ရသည့် ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြုပြင်မှုများပြုလုပ်ပြီးနောက် ယနေ့ (ဧပြီလ ၂ ရက်)တွင် တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့ ယနေ့ညနေ ၄ နာရီအထိ စာရင်းများအရ လမ်းမကြီးတစ်လျှောက် ယာဉ်စီးရေ (၅၅၅) စီး ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။ ထိုအထဲတွင် ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်သည့် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် အိမ်စီးကား စုစုပေါင်း (၂၂၃) စီးနှင့် မြဝတီမှ ဘားအံသို့ လာရောက်သည့် ယာဉ် (၃၃၂) စီး ပါဝင်သည်။
ခရီးသွားပြည်သူများ လုံခြုံရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ကော့ကရိတ်မြို့နယ်၊ တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အကောက်ခွန် စသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ လိုအပ်သည့် စစ်ဆေးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အရှည် ၁၆၅ ဒသမ ၃၆၀ ကီလိုမီတာရှိသော ဤလမ်းပိုင်းသည် နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး ၊မဟာမဲခေါင်ဒေသ(ခွဲ) အရှေ့-အနောက် စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) တွင် ပါဝင်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်နေသည့် နိုင်ငံ၏ အဓိက စီးပွားရေးအသက်သွေးကြောဖြစ်သည်။
ယခင်ကအဆိုပါလမ်းပိုင်းတစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၊ လမ်းတံတားများ မိုင်း ထောင်ဖျက်ဆီးခံရခြင်းတို့ကြောင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများ လုံးဝရပ်တန့်ခဲ့ရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများပြုလုပ်ကာ စိုးမိုးမှုပြန်လည်ရယူနိုင်ခဲ့ပြီးနောက် ပျက်စီးသွားသော လမ်းနှင့် တံတားများကို ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ကာ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ယနေ့နံနက်ပိုင်းက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်း တိုက်ဆရာတော် အမှူးပြုသော သံဃာတော်များက လမ်းပိုင်းတစ်လျှောက် မေတ္တာပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ သံဃာတော်များသည် အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ် မြို့နယ် လှိုင်ဝကျေးရွာအထိ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#ymg/knl
Page 4 of 268