နေပြည်တော်၊ ၃ အောက်တိုဘာ၊၂၀၂၅

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတို့ ပူးပေါင်း၍  ပန်းတောင်းမြို့နယ်ရှိ ကုန်းတွင်းလုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်  ထုတ် လုပ်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

အဆိုပါ ကုန်းတွင်းလုပ်ကွက်ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော အစမ်းတွင်းအမှတ်(၁)  နေရာသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အောက်တိုဘာ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ နှင့် ပူးပေါင်း  ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အစီအမံများချမှတ် ဆောင်ရွက်နေပါတယ်လို့ တာဝန်ရှိသူတွေနှင့်တွေ့ဆုံရာမှာ    ပြောကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက် ရှိ ပြည်ရေနံမြေအစည်းအဝေးခန်းမတွင်လည်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြည်ရေနံမြေတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ရေနံမြေအထွေထွေမန်နေဂျာမှ ရေနံမြေဆိုင်ရာအချက်အလက်များ၊ ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်းများတူးဖော်၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်လျက်ရှိသည့် အခြေအနေ များအားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် HNA Myanmar Oil & Gas  Ltd. မှ လုပ်ငန်း  ဆောင်ရွက်နေသည့် အစီအမံများတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာ  ကောင်းများစွာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ယင်းအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးအား တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခု ဖြစ်ပြီးခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိတယ်လို့လည်း ဝန်ကြီးက ဆက်လက်ပြောကြားတယ်လို့ သိရပါတယ်။

#ymg/knl