#Local_News
Published 13 November 2025
▪️ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၅၆ တန်ကျော်နှင့် ယာဉ်/ယန္တရား လေးစီးအား ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည် ။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရှိရာ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၆ ဒသမ ၆၃၂၁ တန်၊ သစ်မာ ၇ ဒသမ ၀၇၁၀ တန်၊ အခြား ၄၃ ဒသမ ၂၂၉၇ တန် စုစုပေါင်း ၅၆ ဒသမ ၉၃၂၈ တန်၊ ယာဉ်/ယန္တရား လေးစီး၊ တရားခံခုနစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times