#Local_News
Published 13 November 2025

▪️ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅) နှစ်ပြည့် အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

▪️ အဆိုပါ ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံ(ရန်ကုန်)၌ ပြုလုပ်မည်ဖြစ်ပြီးတရုတ် ရုပ်ရှင်ဇာတ်ကား(၇)ကားကို အခမဲ့ပြသသွားမည်ဖြစ်ရာ အမည်စာရင်းပေးသွင်းပြီး လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

▪️ ပြသသွားမည့် ဇာတ်ကားများမှာ နိုဝင်ဘာ ၁၆ ရက်တွင် "မင်္ဂလာပါမေမေ"၊ နိုဝင်ဘာ ၁၇ ရက်တွင် "လကမ္ဘာစွန့်စားခန်း"နှင့်"သူရဲကောင်းရှစ်ရာ"၊ နိုဝင်ဘာ ၁၈ ရက်တွင် "ချစ်သောဇာတိမြေ"နှင့် "စာဆိုတော်နှင့်ကြောင်နက်ရှင်"၊ နိုဝင်ဘာ ၁၉ ရက်တွင် "ကန္တာရဓားသမား"နှင့် "အလွဲများနှင့်ဘဝ" ရုပ်ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times