#Local_News
Published 13 November 2025
▪️ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV အနေဖြင့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် “ခေတ်ဆန်း ချိန်”အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို မနက်ဖြန်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပြသရာတွင် နိုဝင်ဘာ ၁၄ ရက် သောကြာနေ့ ည၉ နာရီခန့်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။
▪️ အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ရသ၊ ဈာန်ထူး၊ ဖြိုးဘိုဘို၊ လျှမ်းထက်ကို၊ စဝ်ဝဏ္ဏကျော်စွာ၊ စိမ့်နေခြည်၊ ရဲရင့်ဝေလွင်၊ အိအိလှိုင်နှင့် မေ့ချစ်သက်တို့က အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်နိုင်ရန်နှင့် ဂုဏ်ယူနိုင်ရန်အတွက် ဇာတိမာန်တက်ကြွစေမည့်ခေတ်အဆက် ဆက်ထင်ရှားကျော်ကြားခဲ့သည့် တေးသီချင်းကောင်းများနှင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစြကြောင်းသိရသည်။
▪️ ယင်းတေးဂီတဖျော်ဖြေပွဲကို MRTV-HDChannel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App၏ EntertainmentSector နှင့် MRTVTelegramတို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channelမှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times