၁၇ ဧပြီ၊၂၀၂၆
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ရွေးကောက်ပွဲအပြီး အစိုးရသစ်နှင့် လွှတ်တော်များ အသက်ဝင်လာပြီဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။
အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် အစိုးရသစ်အနေဖြင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတက ကတိပြုခဲ့သည်။ ထို့ပြင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ရန် တိုက်တွန်းကာ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို မြှင့်တင်ကာ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်များတိုးချဲ့ရန် သမ္မတက လမ်းညွှန်ခဲ့သည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအတားအဆီးမှာ ပညာရည်နိမ့်ပါးမှုဖြစ်ကြောင်း ထောက်ပြခဲ့ပြီး အနာဂတ်လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဆက်လက်မြှင့်တင်သွားမည်ဟု ဆိုသည်။
ယနေ့အချိန်အခါတွင် ပြည်တွင်းစည်းလုံးညီညွတ်မှုကို ဖြိုခွဲရန် ကြိုးပမ်းနေသည့် ပြည်တွင်းပြည်ပ ပယောဂများနှင့် အဖျက်အမှောင့်အန္တရာယ်များကို သတိပြုကြရန်လည်း ဦးမင်းအောင်လှိုင်က အလေးပေး သတိပေးခဲ့သည်။ ဆူပူအကြမ်းဖက်မှုများ၏ အခြေခံအကြောင်းရင်းများကို ထောက်ရှုကာ “ပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အတိတ်က ခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာယူကာ သာယာဝပြောသော နိုင်ငံတော်သစ်ဆီသို့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းလျှောက်လှမ်းကြရန်နှင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများအားလုံး ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကြောင်း သမ္မတဦးမင်းအောင်လှိုင်က နှစ်သစ်ကူးဆုမွန်ကောင်း တောင်းပေးခဲ့သည်။
၁၆ ဧပြီ ၂၀၂၆
ဒီနေ့ခေတ် ပထဝီနိုင်ငံရေး အခင်းအကျင်းက အိန္ဒိယအတွက် ဘက်စုံသံတမန်ရေးရာ စံနမူနာတစ်ခုကို ဖန်တီးပေးနေပါတယ်။ အဲဒါကတော့ တောင်အာရှမှာ မြန်မြန်ဆန်ဆန် ယိုယွင်းလာနေတဲ့ ဒေသတွင်း သဘောတူညီမှုနဲ့ အမေရိကန်နဲ့ အပေးအယူ ပိုဆန်လာတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးတို့ပဲ ဖြစ်ပါတယ်။
နယူးဒေလီအနေနဲ့ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့နဲ့ စီးပွားရေးလမ်းကြောင်းကို လုံခြုံစေဖို့ ကြိုးပမ်း နေ ချိန်မှာသူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက အဆင်ပြေနေခဲ့တဲ့ နိုင်ငံရေးတည်ဆောက်ပုံတွေ ပြိုကျပျက်စီးသွား တာကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရမယ့်အပြင်၊ အနောက်အုပ်စု မိတ်ဖက်တွေက ချမှတ်ထား တဲ့ တင်းကျပ်ပြီကြိုတင်သတ်မှတ်ချက်တွေရှိနေတဲ့ မူဘောင်တွေကိုပါ ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီလို အန္တရာယ် ရှိတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒကို နက်နက်ရှိုင်းရှိုင်း ပြန်ချိန်ညှိဖို့ လိုအပ်လာပြီး၊ ရေရှည် မဟာဗျူဟာမြောက် ခိုင်မာမှုကို ရဖို့အတွက် တခြား ဒေသတွင်း မိတ်ဖက်တွေဆီကို ဦးတည်ပြောင်းလဲဖို့ တောင်းဆိုနေပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောတူညီမှု ပြိုကွဲသွားခြင်း
သမိုင်းကြောင်းအရ အိန္ဒိယဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ကာလရှည်ကြာ အုပ်ချုပ်မှုအပေါ် အခြေခံ ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တည်ငြိမ်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ နှစ်နိုင်ငံမူဘောင်အပေါ် မှီခိုခဲ့ရပါ တယ်။ ဒါပေမဲ့ ဒါကာရဲ့ နိုင်ငံရေးတည်ဆောက်ပုံကတော့ အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ပါပြီ။ ဟာဆီနာ ရာထူးကနေ ဖယ်ရှားခံရပြီး အိန္ဒိယကို ထွက်ပြေးလာခဲ့တဲ့ ၁၈ လအကြာမှာ နယူးဒေလီနဲ့ ဒါကာ အကြားက ခိုင်မာတဲ့ သံတမန်ဆက်ဆံရေးဟာ မြန်မြန်ဆန်ဆန်ပဲ ပြိုကွဲသွားခဲ့ပြီး ဆိုးရွားရာကနေ ပိုပို ဆိုးလာခဲ့ပါတယ်။ ဟာဆီနာရဲ့ အေဝါမီလိဂ်ပါတီကို ပိတ်ပင်လိုက်လို့ ဖြစ်လာတဲ့ လစ်ဟာမှုဟာ နယူး ဒေလီအတွက် ယုံကြည်စိတ်ချရပြီး အိန္ဒိယလိုလားတဲ့ နိုင်ငံရေးအင်အားစုတစ်ခုကို ဆုံးရှုံးစေခဲ့ပြီး၊ ကြိတ်ခဲ နေတဲ့၊ မကြာခဏ အကြမ်းဖက်လေ့ရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပြန်ပေါ်လာဖို့ လမ်းစဖွင့် ပေးလိုက်ပါတယ်။
ဒီလို ရန်လိုမှုတွေဟာ လူနည်းစု အသိုက်အဝန်းတွေ၊ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေအပေါ် ရည်ရွယ် တဲ့ အကြမ်းဖက်မှုတွေ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာတာမှာ အထင်ရှားဆုံး ပေါ်လွင် နေပါတယ်။
ဒေသတွင်း လုံခြုံရေး အခင်းအကျင်းကို ပိုရှုပ်ထွေးစေတာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အစ္စလာမ္မစ် အဖွဲ့အစည်းတွေအပေါ် အမေရိကန်ရဲ့ ပြောင်းလဲလာတဲ့ သံတမန်ရေးရာ ရပ်တည်ချက်ပါပဲ။ ဝါရှင်တန် ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး အိန္ဒိယ ဆန့်ကျင်ရေး အယူဝါဒရှိတယ်လို့ မှတ်တမ်းတင်ခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ဂျမာအက်-အီး-အစ္စလာမီ နဲ့ သံတမန်ရေးအရ ဆက်သွယ်မှုတွေကို တက်တက်ကြွကြွ တိုးချဲ့လာခဲ့ပါတယ်။
ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို ပြသတဲ့အနေနဲ့ အမေရိကန်သံရုံး အရာရှိတွေဟာ မကြာသေးခင်က ဆီလဟတ်မှာရှိတဲ့ ဂျမာအက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ အဲဒီအဖွဲ့အစည်းနဲ့ "မိတ်ဆွေ" ဖြစ်ချင်ကြောင်း သံတမန်တွေက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီလို ချဉ်းကပ်မှုဟာ အစွန်းရောက် စကားအသုံးအနှုန်းတွေ ပြောဆိုခဲ့တဲ့ သမိုင်းကြောင်းရှိပေမယ့်လည်း ဂျမာအက် အကြီးအကဲ ရှာဖီကာ ရာမန်ကို အမေရိကန်ဗီဇာ ထုတ်ပေးလိုက်တာနဲ့ပါ ပေါင်းစပ်လိုက်တဲ့ အခါ၊ ဝါရှင်တန်အနေနဲ့ အိန္ဒိယအတွက် ရှင်းရှင်းလင်းလင်းရှိလှတဲ့လက်ရှိလုံခြုံရေးဆိုင်ရာ စိုးရိမ်စရာ ဖြစ်စေတဲ့ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေကြောင်း စိုးရိမ်စရာ အရိပ်အယောင်ပြနေပါတယ်။
ရှေ့လာမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် ဩဇာလွှမ်းမိုးတဲ့ နိုင်ငံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)၊ ဂျမာအက်-အီး-အစ္စလာမီ (JI) နဲ့ အသစ် ဖွဲ့စည်းထားတဲ့ အမျိုးသား နိုင်ငံသားပါတီ (NCP) တို့အားလုံးဟာ အိန္ဒိယရဲ့ အကျိုးစီးပွားအတွက် မတူညီ တဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ BNP အနိုင်ရရင် "အချုပ်အခြာအာဏာ ပထမ" ဆိုတဲ့ စကားရပ် ကြောင့် လက်တွေ့ကျပေမယ့် အေးစက်တဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်ပေမယ့်၊ ဂျမာအက်-အီး-အစ္စလာမီ အနိုင်ရခဲ့ရင်တော့ ဘင်္ဂလားဒေ့ရှ်ကို မဟာဗျူဟာမြောက် ကွဲပြားမှုဆီကို တွန်းပို့နိုင်ပြီး ကာကွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဒါကာကို တရုတ် ဒါမှမဟုတ် ပါကစ္စတန်နဲ့ ပိုနီးကပ်အောင် ပူးပေါင်းသွားနိုင်မယ့် အန္တရာယ်ရှိနေပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် ကျောင်းသားဆန္ဒပြပွဲတွေကနေ ပေါ်ပေါက်လာတဲ့ လူငယ်တွေ ဦးဆောင်တဲ့ NCP နဲ့ ဆက်ဆံရေးကလည်း အပြန်အလှန် ဗီဇာဆိုင်းငံ့တာတွေနဲ့ ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးဖို့ ဒါကာရဲ့ တောင်းဆိုမှုတွေကြောင့် ပိုဆိုးရွားလာပြီး တော်တော်လေးကို အငြင်းပွားစရာ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။
'အမေရိကန် ပထမ' နဲ့ နှစ်နိုင်ငံဆက်ဆံရေး အမှန်တရားသစ်
အိမ်နီးချင်းတွေရဲ့ တည်ငြိမ်မှု ပြိုကွဲသွားတာနဲ့အတူ အိန္ဒိယဟာ အမေရိကန်နဲ့ သူရဲ့ ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တင်းကျပ်စွာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ရင်ဆိုင် နေရပါတယ်။ မကြာသေးခင်က နယူးဒေလီမှာ ကျင်းပခဲ့တဲ့ ရိုင်စီနာ ဆွေးနွေးပွဲ (Raisina Dialogue) မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒူးက "အမေရိကန် ပထမ" (America First) မူဝါဒအောက်က ဝါရှင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒ မူဘောင်ကို ထူးထူးခြားခြား ပွင့်ပွင့်လင်းလင်း ပြောကြား ခဲ့ပါတယ်။ လန်ဒူးက အမေရိကန်ရဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေဟာ အမျိုးသားအကျိုးစီးပွား အပေါ် မှာသာ တင်းကျပ်စွာ အခြေခံထားတယ်လို့ အလေးပေးပြောကြားခဲ့ပြီး၊ ဝါရှင်တန်ဟာ "လူမှုရေးလုပ်ငန်း" လုပ်နေတာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။
အရေးကြီးတာက အမေရိကန်ဟာ အတိတ်က သူရဲ့ သံတမန်ရေးရာ မှားယွင်းတွက်ချက်မှုတွေကို ပြင်းပြင်းထန်ထန် သတိပြုမိလာတဲ့အတွက် စီးပွားရေး ပေါင်းစည်းမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တစ်ခုကို ရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ လန်ဒူးက အမေရိကန်အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုက တရုတ်နိုင်ငံနဲ့ လုပ်ခဲ့တဲ့ "သမိုင်းဝင် အမှား" မျိုးကို ထပ်မလုပ်တော့ဘူးလို့ ပြတ်ပြတ်သားသား သတိပေးခဲ့ပြီး၊ အဲဒါကတော့ ဝါရှင်တန်က ပေကျင်းကို လုံလောက်တဲ့ ကန့်သတ်ချက်တွေမပါဘဲ အကန့်အသတ်မရှိ ဈေးကွက်ဝင်ရောက်ခွင့်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဝင်ခွင့်ပေးခဲ့တဲ့ခေတ် ကို ရည်ညွှန်းတာဖြစ်ပါတယ်။
ဝါရှင်တန်က အဲဒီဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ဟာ တရုတ်နိုင်ငံကို ကြောက်စရာကောင်းတဲ့ ကူးသန်း ရောင်းဝယ်ရေးနဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် ပြောင်းလဲခွင့်ပေးလိုက်တဲ့ စီးပွားရေးလမ်းပြ မြေပုံအဖြစ် မြင်ပါတယ်။ ဒါကြောင့် ဝါရှင်တန်က အိန္ဒိယကို "အကန့်အသတ်မရှိနီးပါး အလားအလာ" ရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ရော၊ အင်ဒို-ပစိဖိတ်ဒေသမှာ မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာမြောက် ချိန်ခွင်လ ျှာညှိပေးသူအနေနဲ့ပါ မြင်ပေမယ့်၊ အမေရိကန်-အိန္ဒိယ စီးပွားရေး မိတ်ဖက်ဆက်ဆံမှုကို ပိုနက်ရှိုင်း လာစေမယ့် ဘယ်လုပ်ရပ်မဆိုဟာ တင်းကျပ်တဲ့ သတ်မှတ်ချက်တွေအပေါ်မှာပဲ မူတည်မှာဖြစ်ပြီး အကြွင်းမဲ့ အပြန်အလှန် အကျိုးပြုမှုနဲ့ အပြန်အလှန် လေးစားမှုတွေကို တောင်းဆိုသွားမှာဖြစ်ပါတယ်။
အမေရိကန်-အိန္ဒိယ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်က ပြီးဖို့နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ရုရှားရေနံကို အိန္ဒိယက ဝယ်ယူတာနဲ့ပတ်သက်လို့ ပိတ်ဆို့အရေးယူမှုတွေကို ရက် ၃၀ ကြာ ကင်းလွတ်ခွင့်ပေးတာမျိုးလို ယာယီလိုက်လျောမှုတွေကို ဝါရှင်တန်က ကမ်းလှမ်းထားပေမယ့်လည်း ယေဘုယျ သတင်းစကားကတော့ ရှင်းလင်းပြတ်သားလှပါတယ်- အိန္ဒိယဟာ အရင်က တရုတ်နိုင်ငံကို ပေးခဲ့တဲ့ အတားအဆီးမရှိ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးမျိုးကို ရမှာမဟုတ်ပါဘူး။ ဒီချဉ်းကပ်မှုဟာ မတူညီတဲ့ ပထဝီနိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ဆွဲဆောင် နိုင်ခဲ့ပြီး၊ မော်လ်ဒိုက် သမ္မတဟောင်း မိုဟာမက် နာရှစ်ကတောင် အမေရိကန်အနေနဲ့ အိန္ဒိယရဲ့ စီးပွားရေး ကြီးပွားတိုးတက်မှုကို တမင်သက်သက် ကန့်သတ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှုအပေါ် အံ့အားသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီလို အခြေအနေပေးမှသာဖြစ်မယ့် ပုံစံကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယသံတမန်ရေးရာဟာ သူ့ရဲ့ အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ပြန်လည်အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြား ရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက အမေရိကန်ရဲ့ ဇာတ်ကြောင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည် ချေပခဲ့ပြီး၊ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မြင့်မားလာမှုဟာ တခြားသူတွေရဲ့ သံတမန်ရေးရာ အမှားတွေကို အမြတ်ထုတ်တာထက် ကိုယ့်ရဲ့ မူလခွန်အားနဲ့ စွမ်းရည်တွေအပေါ်မှာသာ အဆုံးအဖြတ်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။
ဂျိုင်ရှန်ကာက အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းကို အခြေခံအားဖြင့် "တားဆီးလို့မရနိုင်တဲ့" အရာတစ်ခုအနေနဲ့ ပုံဖော်ခဲ့ပြီး၊ နယူးဒေလီဟာ သူ့ရဲ့ကိုယ်ပိုင် တိုးတက်လာမှု အတွက် စည်းကမ်းချက်တွေကို ကိုယ်တိုင် ချမှတ်သွားမယ်လို့ အရိပ်အမြွက်ပြခဲ့ပါတယ်။
နိဂုံး- အရှေ့ဘက်ခြမ်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ တွန်းအား
အိန္ဒိယရဲ့ အိမ်နီးချင်းမူဝါဒရဲ့ ရိုးရာမဏ္ဍိုင်တွေဟာ ဒါကာမှာ ကျိုးပဲ့ပျက်စီးနေပြီး သူ့ရဲ့ အဓိက အနောက် အုပ်စု မိတ်ဖက်ကလည်း တင်းကျပ်ပြီး အပေးအယူဆန်တဲ့ ကန့်သတ်ချက်တွေကို ပြဋ္ဌာန်းနေချိန်မှာ နယူး ဒေလီရဲ့ ရှေ့ဆက်ရမယ့်လမ်းဟာ မဟာဗျူဟာမြောက် ခိုင်မာမှုရှိတဲ့ လမ်းကြောင်းသစ်တွေကို ဖော်ဆောင်ဖို့ လိုအပ်နေပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက်နဲ့ စီးပွားရေး ချဲ့ထွင်ဖို့အတွက် အရေးပါပေမယ့် အပြည့်အဝ အသုံးမချရသေးတဲ့ အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနေပါတယ်။ နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုတွေကို မြှင့်တင်တာ၊ နှစ်နိုင်ငံ ကုန်သွယ်မှုကို ပိုနက်ရှိုင်းအောင်လုပ်တာနဲ့ နေပြည်တော်နဲ့ ခိုင်မာတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မွေးမြူတာတွေကနေတစ်ဆင့် အိန္ဒိယဟာ အရေးကြီးတဲ့ အရှေ့ဘက်စစ်မျက်နှာပြင်ကို လုံခြုံအောင်လုပ်နိုင်ပါတယ်။
အရေးကြီးတာက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတာဟာ အိန္ဒိယကို ပိုကျယ်ပြန့်တဲ့ အမေရိကန်-တရုတ် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုထဲမှာ တိုက်ရိုက် ပါဝင်ပတ်သက်တာမျိုးကနေ သတိထားရှောင်ရှားစေရင်း သူ့ရဲ့ ဒေသတွင်း အကျိုးစီးပွားတွေကို တိုးတက်စေနိုင်ပါတယ်။ နယူးဒေလီနဲ့ နေပြည်တော်အကြားက ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သမိုင်းကြောင်းအရ မတည်ငြိမ်တဲ့ နယ်စပ်ဒေသကို တည်ငြိမ်စေ ရုံသာမကဘဲ အရေးပါတဲ့ ပထဝီနိုင်ငံရေး တံတားတစ်စင်းအဖြစ်လည်း ဆောင်ရွက်ပေးနိုင်ပြီး၊ အိန္ဒိယကို ပိုကျယ်ပြန့်တဲ့ အာဆီယံအဖွဲ့အစည်းနဲ့ သူ့ရဲ့ အဖွဲ့အစည်းဆိုင်ရာနဲ့ စီးပွားရေး ဆက်သွယ်မှုတွေကို ခိုင်မာ အားကောင်းလာအောင် ခွင့်ပြုပေးပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ရန်လိုမှုတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အပေးအယူဆန်မှုတွေနဲ့ သတ်မှတ်ထားတဲ့ ခေတ်တစ်ခေတ်မှာ မြန်မာနိုင်ငံကနေတစ်ဆင့် အရှေ့ဘက်တံခါးပေါက်ကို ဦးစားပေးတာဟာ အိန္ဒိယရဲ့ တားဆီးလို့မရနိုင်တဲ့ တိုးတက်မြင့်မားလာမှုကို သေချာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာ တစ်ရပ်ပဲ ဖြစ်တယ်လို့သုံးသပ်တင်ပြရပါတယ်။
K.R. Anand ရေးသားသည့် Navigating the Complex Calculus of Indian Strategic Autonomy: Neighborhood Turmoil and Transactional Hegemony ဆောင်းပါးကိုဆီလျော်အောင်ပြန်ဆိုပါတယ်။
By K.R. Anand
16 April 2026
The contemporary geopolitical landscape presents India with a multifaceted diplomatic paradigm, characterized by a rapidly deteriorating regional consensus in South Asia and an increasingly transactional strategic partnership with the United States. As New Delhi endeavors to project its influence and secure its economic trajectory, it must simultaneously manage the collapse of favorable political structures in its immediate neighborhood and navigate the rigid, conditional frameworks imposed by its Western allies. This precarious environment necessitates a profound recalibration of India’s foreign policy, demanding a pivot toward alternative regional partnerships to secure its long-term strategic depth.
The Disintegration of the Neighborhood Consensus
Historically, India has relied on a stable and cooperative bilateral framework with Bangladesh, anchored by the long-standing administration of Prime Minister Sheikh Hasina. However, the political architecture of Dhaka has fundamentally transformed. In the eighteen months following Hasina's ouster and subsequent flight to India, the strong diplomatic ties between New Delhi and Dhaka have rapidly unraveled, deteriorating from bad to worse. The vacuum left by the ban on Hasina’s Awami League has deprived New Delhi of a reliable, pro-India political force, paving the way for a resurgence of simmering, and often violent, anti-India sentiment. This hostility has most tangibly manifested in an alarming rise in violence directed against minority communities, particularly Hindus.
Complicating the regional security matrix is the evolving diplomatic posture of the United States toward Islamist factions within Bangladesh. Washington has actively expanded its diplomatic engagement with Jamaat-e-Islami, a political entity with a documented history of anti-India ideology and fierce opposition to Bangladesh’s 1971 war of liberation. Demonstrating a striking pivot, US embassy officials recently met with Jamaat leaders in Sylhet, with diplomats reportedly expressing a desire for the United States to be "friends" with the organization. This outreach—coupled with the granting of a US visa to Jamaat chief Shafiqur Rahman despite his history of extremist rhetoric—signals a concerning willingness by Washington to engage with forces that pose a clear and present security concern for India.
Looking ahead to Bangladesh's elections, the dominant political factions—the Bangladesh Nationalist Party (BNP), Jamaat-e-Islami (JI), and the newly formed National Citizen Party (NCP)—all present distinct challenges to Indian interests. While a BNP victory might yield a pragmatic but cooler relationship driven by "sovereignty-first" rhetoric, a Jamaat-e-Islami victory threatens to push Bangladesh toward strategic diversification, potentially aligning Dhaka closer to China or Pakistan for defense and infrastructure cooperation. Furthermore, relations with the youth-led NCP, birthed from the 2024 student protests, remain highly contentious, exacerbated by mutual visa suspensions and Dhaka's demands for the extradition of Sheikh Hasina.
The Conditional Hegemon: 'America First' and the New Bilateral Reality
Concurrent to the unraveling of its neighborhood stability, India is facing a stringent redefinition of its macro-level strategic partnership with the United States. At the recent Raisina Dialogue in New Delhi, US Deputy Secretary of State Christopher Landau articulated a remarkably candid vision of Washington's foreign policy framework under the "America First" doctrine. Landau emphasized that American diplomatic engagement is driven strictly by national interest, explicitly stating that Washington is not in the business of "social work".
Crucially, the United States has drawn a rigid line regarding economic integration, driven by an acute awareness of its past diplomatic miscalculations. Landau delivered a blunt warning that the US will not replicate the "historic error" it made with China two decades ago, referencing the era when Washington granted Beijing open-ended market access and World Trade Organization entry without sufficient conditions. Washington views that sequence of decisions as an economic roadmap that allowed China to transform into a formidable commercial and strategic rival. Consequently, while Washington views India as a nation with "almost unlimited potential" and an essential strategic counterbalance in the Indo-Pacific, any deepening of the US-India economic partnership will be strictly conditional, demanding absolute reciprocity and mutual respect.
While the US-India Free Trade Agreement reportedly nears completion, and Washington has offered temporary concessions—such as a 30-day waiver on sanctions related to Indian purchases of Russian oil—the overarching message is unmistakable: India will not be afforded the unhindered developmental ride previously given to China. This approach has drawn sharp criticism from various geopolitical observers, with former Maldivian President Mohamed Nasheed expressing shock at the implication that the US might artificially constrain India's economic prosperity.
In response to this conditional paradigm, Indian diplomacy has vigorously reasserted its sovereign agency. Foreign Minister S. Jaishankar eloquently pushed back against the American narrative, declaring that the ascent of a nation is ultimately determined by its own inherent strength and capabilities, rather than capitalizing on the diplomatic mistakes of others. Jaishankar framed India’s developmental and strategic trajectory as fundamentally "unstoppable," signaling that New Delhi will dictate the terms of its own rise.
Conclusion: The Eastern Imperative and the Myanmar Catalyst
As the traditional pillars of India's neighborhood policy fracture in Dhaka and its primary Western partner enforces strict, transactional guardrails, New Delhi’s path forward requires cultivating new avenues of strategic depth. In this context, Myanmar presents a vital, yet underexploited, opportunity for strategic and economic expansion. By enhancing cross-border connectivity, deepening bilateral trade, and fostering a robust strategic partnership with Naypyidaw, India can secure a critical eastern flank.
Crucially, engaging with Myanmar allows India to advance its regional interests while conscientiously avoiding direct entanglement in the broader US-China geopolitical rivalry. Effective cooperation between New Delhi and Naypyidaw serves not only to stabilize a historically volatile border region but also acts as a vital geopolitical bridge, allowing India to strengthen and deepen its institutional and economic connections with the broader ASEAN bloc. In an era defined by neighborhood hostility and great-power transactionalism, prioritizing the eastern gateway through Myanmar is an indispensable strategy for ensuring India's unstoppable ascent.
Reference:
1.Bangladesh crisis:Is US backing Islamists ahead of crucial polls : timesofindia.com
2. Washington Draws a Line: The US will not Give India the Ride it Gave China: asiamediacenter.org
3. How India Lost bangladesh: thediplomat.com
၁၄ ဧပြီ၊၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား ပြန်ဖွင့်ပေးရန်နှင့် (၆) ပတ်ကျော်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရေး သဘောတူညီချက်ကို လက်ခံလာစေရန် ဖိအား ပေးသည့်အနေဖြင့် အမေရိကန်စစ်တပ်သည် အီရန်ဆိပ်ကမ်းများကို စတင်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းလုပ်ရပ်အပေါ် အီရန်ကလည်း အမေရိကန်၏ မဟာမိတ်နိုင်ငံများကို ရည်ရွယ်ကာ ဒေသတွင်းရှိ ဆိပ်ကမ်းအားလုံးကို ခြိမ်းခြောက်မှုများဖြင့် ချက်ချင်း တုံ့ပြန်ခဲ့သည်။
ယခုပိတ်ဆို့မှုနှင့် အီရန်၏ လက်တုံ့ပြန်မည့် ခြိမ်းခြောက်မှုတို့ကြောင့် အပစ်အခတ်ရပ်စဲရေးပျက်ပြားကာ တိုက်ပွဲများ ပြန်လည်စတင်လာနိုင်သည့် စိုးရိမ်မှုများ မြင့်တက်လာပြီး ကမ္ဘာ့စီးပွားရေးကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာနေသည်။ စစ်ပွဲစတင်ကတည်းက အီရန်၏ ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခဲ့ပြီး ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အီရန် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲများမှာလည်း သဘောတူညီချက်မရဘဲ ကျရှုံးခဲ့ပြီးနောက် ယခုအခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်လုပ်သော သင်္ဘောအားလုံးကို ပိတ်ဆို့သွားမည်ဖြစ်သော်လည်း အခြားနိုင်ငံများသို့ သွားလာမည့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ထရမ့်က အီရန်ရေတပ်၏ အမြန်တိုက်ခိုက်ရေးသင်္ဘောများ ပိတ်ဆို့ထားသည့်နယ်မြေသို့ချဉ်းကပ်လာပါကချက်ချင်းရှင်းလင်းသွားမည်ဟု သတိပေးထားသော်လည်း အမေရိကန်အနေဖြင့် အီရန်နှင့် ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိသေးကြောင်းကိုမူ အရိပ်အမြွက် ပြောကြားခဲ့သည်။
အီရန်ဘက်ကလည်း အမေရိကန်၏ ခြိမ်းခြောက်မှုများကို "လေလုံးထွားခြင်း" ဟု ပယ်ချခဲ့ပြီး “မင်းတို့ တိုက်လျှင်၊ ငါတို့လည်း တိုက်မည်” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ထားသည်။ ထို့အပြင် ပါရှန်းပင်လယ် ကွေ့နှင့် အိုမန်ပင်လယ်ပြင်တွင် အားလုံးအတွက် မလုံခြုံပါက မည်သူ့အတွက်မျှ လုံခြုံမည်မဟုတ်ဟု ကြေညာခဲ့ကာ အမေရိကန်ကို ကူညီခဲ့သည်ဆိုသော အရှေ့အလယ်ပိုင်း (၅)နိုင်ငံထံမှလည်း နစ်နာကြေး များ တောင်းဆိုထားသည်။
ယခင်ဆွေးနွေးပွဲများ ရပ်တန့်သွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှု မရခြင်းကြောင့်ဖြစ်သည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေးမှာ ဧပြီလ ၂၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ယခု ၆ ပတ်ကြာ စစ်ပွဲအတွင်း အီရန်၊ လက်ဘနွန်၊ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် အမေရိကန် တပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း လူပေါင်းထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
သတင်းအရင်းအမြစ်- အေပီ
နေပြည်တော်၊ ဧပြီ ၁၃
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ယနေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး၊ တက်ရောက်လာသူများအား အတာရေ ပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် "နေပြည်တော် လမ်းလျှောက်သင်္ကြန်" ဖွင့်ပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။ လမ်းလျှောက်သင်္ကြန်မုခ်ဦးကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာ့ရိုးရာ သနပ်ခါး၊ လက်ဖက်၊ ထမနဲ မဏ္ဍပ်များနှင့် အခြားရေကစားမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုကာ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။
ယခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ ပေါ်လွင်စေရန်နှင့် ကမ္ဘာကသိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပွဲတော်အတွင်း ပြည်တွင်းအနုပညာရှင်များသာမက ကိုရီးယားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ အနုပညာရှင်များပါ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကာ၊ စတုဒီသာအကျွေးအမွေးများဖြင့်လည်း ဧည့်ခံပေးလျက်ရှိရာ ပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် လာရောက်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
-END-


၁၃ ဧပြီ၊၂၀၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံ China Southern Power Grid မှတာဝန်ရှိသူများနှင့် ကူမင်းမြို့တွင်တွေ့ဆုံကာ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေ များအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးကိုကိုလွင်သည် ရုရှားဖက်ဒရေရှင်းနိုင်ငံသို့အသွား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့တွင် ခရီးတစ်ထောက်နားပြီး အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Gridနှင့် ဧပြီ၁၂ရက်ကတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
China Southern Power Grid နှင့် တွေဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ မဲခေါင်မြစ်ကြောင်းတလျောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများ၊ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာ နိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများပြီးစီးပါက တောင်ပိုင်းဓာတ်အား သုံးစွဲသည့်ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ယက်တည်ဆောက် ရန် ကြိုတင် အစီအမံပြုလုပ်၍စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း ဓာတ်အား ဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေး ဆောင်ရွက်လို သည့် အခြေအနေများကိုလည်းဆွေးနွေးခဲ့သည်။
စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေးအတွက် EV Charging Stations များကို ဆိုလာနှင့်ပေါင်းစပ်၍ မြန်မာဓာတ်အားစနစ်နှင့်ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ် သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်ဟုလည်းသိရသည်။
#ymg/knl
YANGON, April 13, 2026 — The United States has renewed its commitment to helping end the ongoing crisis in Myanmar, according to a traditional New Year greeting issued by U.S. Secretary of State Marco Rubio.
In a statement dated April 12 and released locally by the U.S. Embassy in Yangon on April 13, Secretary Rubio extended warm wishes to the people of Myanmar for the Atar Thingyan water festival. He utilized the occasion to highlight the resilience of the citizens amidst the country's continuing turmoil.
"On behalf of the United States of America, I extend my best wishes and support to the people of Burma as you celebrate the Thingyan festival, Burma’s New Year," Secretary Rubio stated.
Acknowledging the deteriorating situation caused by ongoing conflicts, Rubio emphasized Washington's continued dedication to finding a resolution. "Thingyan is a time for reflection, as well as an opportunity to look ahead towards a new year," he noted. "As the conflict in Burma continues to devastate the country, the United States remains committed to supporting an end to the crisis."
The Secretary of State also praised the citizens for their enduring spirit in the face of prolonged hardship.
"The people of Burma have repeatedly demonstrated courage and resilience in the face of ongoing suffering," Rubio said. He concluded the statement with a message of optimism: "As the spirit of Thingyan reminds us of a better tomorrow, we wish the people of Burma strength, resilience, and renewed hope for the year."
-END-
Page 2 of 268