မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ်များချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
#Local_News
Published 18 March 2026
#နိုင်ငံကူးလက်မှတ်အတု #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
ပြည်တွင်းသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့်ဝါမျိုးစေ့များ တင်သွင်းမယ်လိံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 18 March 2026
#အိန္ဒိယ #ဝါမျိုးစေ့
#YMG/SW #Yangon_Times
#Local_News
Published 18 March 2026
▪️ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ချက်အရရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည် အသွေးမှာ ကောင်းမွန်လျှက်ရှိကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့အသိပေးထုတ်ပြန်ထားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း တိုင်းတာမှတ်(၃)နေရာဖြစ်သော ဗိုလ်တထောင်မြို့နယ်၊လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိေကြာင်း သိရသည်။
▪️ ထိုသို့တိုင်းတာရာတွင် လေထုအရည်အသွေးညွှန်းကိန်းမှာ ၀-၅၀ကြားတိုင်းတာရရှိသောကြောင့် လေထုအရည်အသွေးကောင်းမွန်သောအဆင့်ရှိကြောင်း သိရသည်။
▪️ အဆိုပါ လေထုအရည်အသွေးညွှန်းကိန်းမှာလေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 March 2026
▪️ နှစ်စဉ် မီးခိုးမြူငွေ့မြင့် တက်လေ့ရှိသည့်မတ်လ မှ မေလ အတွင်း Fire Hotspot လျှော့ချနိုင်ရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုဆောင်ရွက်နေကြောင်း မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
▪️ အဆိုပါ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
▪️ အစည်းအဝေးသို့ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ ကော်မတီဝင်များနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
▪️ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ကော်မတီဖွဲ့စည်းပြီးချိန်မှစတင်၍ လုပ်ငန်းများထိရောက်အောင်မြင်ရန်အတွက် အထူးသဖြင့် မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး (၅) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီအစည်းအဝေးကို တစ်နှစ်လျှင် (၃) ကြိမ် ကျင်းပပြုလုပ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့ပြုလုပ်ရသည့် အစည်းအဝေးသည် နှစ်စဉ် မီးခိုးမြူငွေ့မြင့်တက်လေ့ရှိသည့် မတ်လ၊ ဧပြီလနှင့် မေလများအတွက် Fire Hotspot လျှော့ချနိုင်ရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊Fire Hotspot ဖြစ်ပေါ်မှုသည် ရာသီဥတုပူပြင်းခြောက်သွေ့သည့် နှစ်များတွင်ပိုမိုဖြစ်ပေါ်လေ့ရှိပြီး နှစ်စဉ်ဇန်နဝါရီလမှ မေလအတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိရာ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများအကြား မကြာခဏ ကြုံတွေ့ရလေ့ရှိသဖြင့် ပွင့်လင်းရာသီမရောက်မီ ထိန်းချုပ်လျှော့ချ ရေးလုပ်ငန်းစဉ်များကို အလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်၊ သိပ်သည်းဆပေါ်မူတည်၍ ဦးစားပေးဒေသများ သတ်မှတ်ပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း “အစား” ကုန်းမြင့်လယ်ယာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ မြေဩဇာပြုလုပ်ခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင်အသုံးပြုမှုကို တားဆီးခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot ဖြစ်ပေါ်မှု အခြေအနေအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အစီအမံများချမှတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ၎င်းအပြင် ၂၀၂၅ ခုနှစ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဓိက မီးလောင်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများအနေဖြင့် အများစုမှာ တောမီးလောင်ကျွမ်းမှု၊ တောင်ယာ ခုတ်ထွင်ရှင်းလင်းရန် မီးရှို့မှုနှင့် လယ်ယာထွက်ကုန် ပစ္စည်းများမီးရှို့မှုတို့ကြောင့် ဖြစ်သဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြိုတင်အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Fire Hotspot လျှော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းထားသည့်အတိုင်း လျှော့ချနိုင်ရေးတို့အား အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဇန်နဝါရီလမှ မေလအထိ ရိုးပြတ်များမီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင် အသုံးပြုခြင်းတို့ကို ထိန်းချုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကျေးလက်ဒေသများတွင် အလေးထားဆောင်ရွက်နိုင်ရေးနှင့် Fire Hotspot ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့သည့်ဒေသများတွင် တောင်ယာမီးမရှို့ရေးနှင့် ရိုးပြတ်များမီးမရှို့ရေးတို့ကိုကြိုတင်အသိပေး ဆောင်ရွက်နိုင်ရေးကိစ္စနှင့်မြေပြင်ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဒေသအလိုက် Fire Hotspot စောင့်ကြည့်ခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းများလည်း ပုံမှန်ပြုလုပ်၍ သက်ဆိုင်ရာ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများလည်း ဆက်လက်ပြုလုပ်သွားရန် လိုကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့်ပြီးခဲ့သည့် ညှိနှိုင်းအစည်းအဝေးများတွင် ဆွေးနွေးခဲ့မှုများအရပေးပို့လာသည့် လစဉ်လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များအပြင် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
▪️ ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ(၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များတွင်ပါဝင်သည့် အသိပညာပေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ရုံးဌာနများ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခု၊ ဒီဂရီကောလိပ်နှစ်ခုနှင့် ကျောင်းအားလုံးပေါင်း ၁၀၀ ကျော်တို့တွင် နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဖော်ဆောင်ပေးလျက်ရှိသည့် ထိုင်းနိုင်ငံက ပေးပို့သော အသိပညာပေးဗီဒီယိုဖိုင်ကို ပြသခြင်းဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
▪️ ယင်းနောက်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တောမီးရှို့သည့်ပြဿနာ၊ မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှုပြဿနာသည်မိမိတို့ ဒေသတွင်း၌ အင်မတန်အရေးကြီးသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါကြောင်း၊ ASMC Website ကနေရရှိသည့် အချက်အလက်များအရ ပြီးခဲ့ သည့် နှစ်များအတွင်း မတ်လနှင့် ဧပြီလများတွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများ၌ Hotspot များ အများဆုံးဖြစ်ပေါ်နေသည်ကို တွေ့ရသည့်အတွက် လျှော့ချနိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံဖြတ်ကျော် မီးခိုးငွေ့ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။
▪️ ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် Fire Hotspot ဖြစ်ပွားမှုနှင့်ပတ်သက်၍ စစ်တမ်း ကောက်ယူထားရှိမှု၊ ဆောင်ရွက် ဆဲ၊ မြန်မာနိုင်ငံအတွင်း Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
▪️ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေး ကော်မတီ၏လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 March 2026
■ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ / အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကိုယနေ့မှစတင်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်တစ်ရပ်ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းဖော်ပြပါရှိသည်။
■ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရကြောင်းသိရသည်။
■ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်များမှစတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ / အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ် ကြောင်းသိရသည် ။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးထားမည်ဖြစ်ကြောင်း ၊ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
#YMG/NN #Yangon_Times
ရန်ကုန်၊မတ်၁၈- မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAGs) အား ဒရုန်းစစ်ဆင်ရေးနှင့် လက်နက်ကိုင်တွယ်မှု သင်တန်းများ ပေးခဲ့ သည့်အတွက် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၇ ဦးတို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်ကြောင်း မတ်၁၇ ရက်ထုတ် အိန္ဒိယ အခြေစိုက်မီဒီယာများက သတင်းဖော်ပြသည်၊

ဖမ်းဆီးရမိမှုနှင့် တရားခံများ၏ ကိုယ်ရေးအချက်အလက်များ
အဆိုပါ နိုင်ငံခြားသား ၇ ဦးအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် အိန္ဒိယနိုင်ငံရှိ အပြည်ပြည် ဆိုင်ရာလေဆိပ် ၃ ခု၌ နာရီပိုင်းအကွာအဝေးအတွင်း တပြိုင်နက်တည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke အား ကာလကတ္တားလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ပြီး၊ ယူကရိန်းနိုင်ငံသား ၃ ဦးအား ဒေလီရှိ အင်ဒီရာဂန္ဒီ အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်လည်းကောင်း၊ ကျန် ယူကရိန်း ၃ ဦးအား လပ်ခနောင်းရှိ ချောင်ဒါရီချရန်ဆင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် ယူကရိန်းနိုင်ငံသား ၆ ဦးမှာ Hurba Petro၊ Slyviak Taras၊ Ivan Sukmanovskyi၊ Stefankiv Marian၊ Honcharuk Maksim နှင့် Kaminskyi Viktor တို့ ဖြစ်ကြသည်။
အဓိက စွဲချက်များနှင့် NIA ၏ တွေ့ရှိချက်များ
အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ အမှုဖွင့်တိုင်ကြားချက် (FIR) အရ တရားခံ များသည် အိန္ဒိယနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာများဖြင့် သီးခြားရက်စွဲများတွင် ဝင်ရောက်လာကြ သူများဖြစ်သည်။ ယူကရိန်းနိုင်ငံသား ၆ ဦးသည် လူ ၁၄ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်ပြီး ထိုသူတို့သည် ဂူဝါဟာတီမြို့မှတစ်ဆင့် လိုအပ်သော ကန့်သတ်နယ်မြေ ဝင်ရောက်ခွင့်လက်မှတ် (PAP/RAP) မပါရှိဘဲ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရား မဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသားမှာ မည်သည့်နေရာတွင် ယူကရိန်း နိုင်ငံသားများနှင့် ပူးပေါင်းခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။
တရားခံများသည် ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် မှောင်ခိုတင်သွင်းပေးခဲ့ပြီး မြန်မာအစိုးရကကို ပစ်မှတ်ထားသည့် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းတပ်ဆင်မှုနှင့် လိုင်းနှောင့်ယှက်ခြင်း (Jamming) နည်းပညာများကို မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ ကြိုတင်စီစဉ်ထားသည့် သင်တန်းများ သွားရောက်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိရသည်။
ထိုသို့ သင်တန်းပေးခံရသော မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယတွင် ပိတ်ပင်ထား သော သူပုန်အဖွဲ့အချို့ကို လက်နက်များ၊ အကြမ်းဖက်စစ်သုံးပစ္စည်းများနှင့် သင်တန်းများ ပြန်လည် ပံ့ပိုးပေးနေကြောင်း NIA က ပြောသည်။ ထို့အပြင် တရားခံများကို စစ်ဆေးမေးမြန်းရာတွင် သူတို့သည် AK-47 ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် အမည်မသိ အကြမ်းဖက်သမားများနှင့် တိုက်ရိုက် အဆက် အသွယ်ရှိပြီး တရားမဝင် အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီခဲ့ကြောင်း ဖွင့်ဟဝန်ခံထားသည်။
ဥပဒေရေးရာ ဆောင်ရွက်ချက်များနှင့် တရားရုံး ကြားနာမှု
တရားခံ ၇ ဦးစလုံးကို အိန္ဒိယရာဇသတ်ကြီး ဥပဒေသစ် (BNS) နှင့် မတရားအသင်းများ ကာကွယ်တားဆီး ရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ (အကြမ်းဖက်ပူးပေါင်းကြံစည်မှု) တို့ဖြင့် အမှုဖွင့်ထားသည်။ ဖမ်းဆီးပြီးနောက် စနေနေ့တွင် တရားသူကြီးရှေ့ ရုံးထုတ်ကာ ၃ ရက် ချုပ်မိန့်ရယူခဲ့ပြီး၊ မတ်လ ၁၆ ရက် (တနင်္လာနေ့) တွင် ဒေလီမြို့ Patiala House တရားရုံးရှိ အပိုဆောင်း Sessions တရားသူကြီး Prashant Sharma ရှေ့မှောက်၌ တံခါးပိတ် ရုံးထုတ် ကြားနာခဲ့သည်။
NIA ဘက်မှ အထူးအစိုးရရှေ့နေ Atul Tyagi၊ Rahul Tyagi၊ Anil Dabas နှင့် ရှေ့နေ Amit Rohilla, Jatin တို့က ၁၅ ရက် ချုပ်မိန့်တောင်းခံခဲ့သော်လည်း တရားသူကြီးက တရားခံများ၏ လုပ်ရပ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့်အတွက် UAPA ပုဒ်မ ၁၈ နှင့် အကျုံးဝင်ကြောင်း မှတ်ချက်ပြုကာ မတ်လ ၂၇ ရက်နေ့အထိ (၁၁) ရက်ကြာ ချုပ်မိန့် ပေးခဲ့သည်။ အမေရိကန်နိုင်ငံသား Van Dyke အတွက် ရှေ့နေမပါဝင်ခဲ့သော်လည်း ယူကရိန်းနိုင်ငံသားများအတွက် ယူကရိန်းသံရုံးမှ ငှားရမ်းပေးထားသော ရှေ့နေ Ankur Saigal နှင့် Pramod Kumar Dubey တို့က ချုပ်မိန့်ကို ကန့်ကွက်ခဲ့ပြီး FIR မိတ္တူ မရရှိ သေးကြောင်း တရားခွင်တွင် တင်ပြခဲ့သည်။
ယခုအခါ NIA သည် နောက်ကွယ်မှ ကြိုးကိုင်သူများနှင့် ရန်ပုံငွေအရင်းအမြစ်များကို ဖော်ထုတ်နိုင်ရန် တရားခံများ၏ သိမ်းဆည်းရမိထားသော လက်ကိုင်ဖုန်းများကို အိန္ဒိယ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (CERT-IN) သို့ ပေးပို့ကာ ဒစ်ဂျစ်တယ်ခြေရာများကို စစ်ဆေးလျက်ရှိသည်။
အမေရိကန်နိုင်ငံသား၏ နောက်ခံနှင့် သံတမန်ရေးရာ တုံ့ပြန်မှုများ
ဖမ်းဆီးခံရသူ အမေရိကန်နိုင်ငံသား Matthew Aaron Van Dyke အား အိန္ဒိယလုံခြုံရေးအေဂျင်စီများက လွန်ခဲ့သည့် လအတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူနှင့် ဆက်နွှယ်နေသည့် လူမှု ကွန်ရက်အကောင့်တစ်ခုတွင် ဗင်နီဇွဲလား၊ မြန်မာ၊ အီရန်နှင့် ရုရှားနိုင်ငံတို့၌ အစိုးရအပြောင်း အလဲဖြစ်စေရန် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်နေကြောင်း ကြုံးဝါးရေးသားထားမှုများ တွေ့ရှိရ သည်။ လွန်ခဲ့သည့် လအနည်းငယ်ကလည်း သူသည် ပဋိပက္ခဇုန်အတွင်း ရောက်ရှိနေပြီး Spotify အသုံးပြုရန် Starlink ကို သုံးစွဲနေကြောင်း ရေးသားခဲ့သည်။
ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရားခံများ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရသေး ကြောင်းနှင့် ကန့်သတ်နယ်မြေအတွင်း ရောက်ရှိနေခြင်းမှာ "ရည်ရွယ်ချက်မရှိဘဲ ချိုးဖောက်မိခြင်း" သာ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယူကရိန်းသံအမတ်ကြီး Oleksandr Polishchuk က အိန္ဒိယ ပြင်ပ ရေးရာဝန်ကြီးဌာန (MEA) အတွင်းဝန် Sibi George နှင့် တွေ့ဆုံကာ တရားဝင်အကြောင်းကြားမှု မရှိ ခြင်းနှင့် သံတမန်ရေးရာ တွေ့ဆုံခွင့် မရရှိခြင်းတို့အတွက် ကန့်ကွက်လွှာ ပေးအပ်ခဲ့သည်။ အိန္ဒိယအစိုးရ တာဝန်ရှိသူများကမူ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေပြီး သံတမန် တွေ့ဆုံခွင့်ကို စိစစ်နေ ဆဲဖြစ်ကြောင်း တုံ့ပြန်ထားသည်။ အမေရိကန်သံရုံးကမူ အဆိုပါကိစ္စကို သိရှိသော်လည်း ကိုယ်ရေး ကိုယ်တာ အကြောင်းပြချက်များကြောင့် မှတ်ချက်မပေးကြောင်း ဖြေကြားခဲ့သည်။
ကြိုတင်သတိပေးမှုများနှင့် နောက်ခံအခြေအနေ
အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော မီဇိုရမ်၊ မဏိပူရ်နှင့် နာဂလန်းပြည်နယ်များသို့ လာရောက်သည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် နိုင်ငံခြားသားများ ဒေသဆိုင်ရာ မှတ်ပုံတင်ရုံး (FRRO) သို့ ညွှန်ကြားခဲ့သည်။ ထို့အပြင် ၁၉၅၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစတင်ကာ အဆိုပါပြည်နယ် ၃ ခုသို့ PAP မပါဘဲ ဝင်ရောက်ခွင့်ပြုထားသည့် ကာကွယ်စောင့်ရှောက်ထားသော နယ်မြေစနစ် (PAR) ဖြေလျှော့မှုများကို ဆိုင်းငံ့ကာ e-FRRO မှတစ်ဆင့်သာ လျှောက်ထားရန် တင်းကျပ် ခဲ့သည်။
ပိုမိုထင်ရှားသည့်အချက်မှာ ၂၀၂၅ ခုနှစ် မတ်လအတွင်း မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က "ယူကရိန်း စစ်မှုထမ်းဟောင်းများသည် မြန်မာစစ်တပ်ကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များကို သင်တန်းပေးရန် မီဇိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း တိကျသော ထောက်လှမ်းရေး သတင်းများ ရရှိထားသည်" ဟု ပြည်နယ်လွှတ်တော်၌ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။ သူက ၂၀၂၄ ဇွန်လနှင့် ဒီဇင်ဘာလကြားတွင် ပြည်နယ်အတွင်းသို့ အနောက်နိုင်ငံသား ၂,၀၀၀ နီးပါး လာရောက်ခဲ့ သော်လည်း အိုက်ဇောမြို့ပေါ်တွင် နိုင်ငံခြားခရီးသွား အနည်းငယ်ကိုသာ တွေ့ရကြောင်းလည်း ထောက်ပြပြောဆိုခဲ့ဖူးသည်။
ယခုဖြစ်စဉ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ဒေသ စောင့်ကြည့်ထိန်းချုပ်မှုများအပြင် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများအတွင်း နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုများအပေါ် များစွာ ဂယက်ရိုက်စေမည့် အမှုတစ်ခုအဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရသည်။
ကိုးကား- The Hindu သတင်းစာ
NAYPYITAW, March 18 — The first regular session of the Third Amyotha Hluttaw (House of Nationalities) officially convened today in Naypyidaw, marking the formal election of its new legislative leadership. During the inaugural session, NDSC Chief Executive U Aung Lin Dway was elected as Speaker of the Amyotha Hluttaw, alongside Tourism Minister Jeng Peng Naw Taung, who was elected as Deputy Speaker.
U Aung Lin Dway, representing Mandalay Region Constituency No. 11, brings a senior military and administrative background to the parliamentary role. A retired General, he concurrently serves as the Chief Executive of the National Defence and Security Council (NDSC) Office.
Joining him in the leadership is Deputy Speaker Jeng Peng Naw Taung, the parliamentary representative for Kachin State Constituency No. 2. He is a prominent figure in the current administration, presently holding dual cabinet portfolios as the Union Minister for the Ministry of Sports and Youth Affairs and the Ministry of Hotels and Tourism.
Page 90 of 2419