#Daily_News
Published 20 January 2025
၁။ မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက်ဖွင့်လှစ်သွားမည်
၂။ ဂျပန်မှ မျှစ်ခြောက်တန်ချိန် (၂၀၀)အထိ အမှာရှိနေ
၃။ ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံ ရန်ကုန်၌တည်ဆောက်နေ
၄။ အမေရိကန်သိမ်းပိုက်မည်ကို ဂရင်းလန်းသားများအကြိမ်ကြိမ်ငြင်းဆန် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်နှင့်ဒလမြို့နယ်များ၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၂၀ရက်နေ့၊ မနက် ၇ နာရီ ၂၉မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာခဲ့ကာ
၇ နာရီ၃၅ မိနစ်အချိန် တွင် မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၄၀ မိနစ် အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ အလားတူ ဇန်နဝါရီ ၂၀ ရက်နေ့၊ မနက်၅နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊
ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာတွင် နွားခြံမီးလောင်နေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ၁၅မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 January 2026
▪️ ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား(၄ ဒသမ ၅) အဆင့်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကို ရန်ကုန်မြို့နေပြည်သူများ သိသာစွာခံစားခဲ့ရကြောင်းသိရသည်။
▪️ "အစကငလျင်လှုပ်တယ်မထင်ဘူး။လူကနေမကောင်းလို့ မူးနေတယ်ထင်တာ။ နောက်ရေဗူးတွေကြည့်လိုက်မှ ရေတွေလှုပ်နေတေယ့ ငလျင်လှုပ်မှန်းသိတာ ။ သိသိသာသာတော့လှုပ်သွားတယ်" ဟု ဗဟန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ ၁၄ မိနစ်ခန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ ထို့အတူဇန်နဝါရီလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၂၆) မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၃) ဒီဂရီ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 January 2026
▪️ မြန်မာ-ရုရှားနှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်(၂၇) ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မင့်ခ်မြို့ (Minsk) တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများ ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုရေး သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း၊အဆိုပါ သဘောတူစာချုပ်အရ ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် အမြဲတမ်းနေထိုင်ခြင်း၊ ပညာသင်ကြားခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လိုအပ်သည့် မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်ခြင်းမရှိပါက ဗီဇာမလိုဘဲ တစ်ခေါက်လျှင် ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံသားများအနေဖြင့်လည်း ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် အလားတူ အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း၊ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း နေထိုင်ခွင့်ကာလသည် ရက်ပေါင်း ၉၀ ထက် ကျော်လွန်ခွင့်မရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 January 2025
▪️ နိုင်ငံ့အကျိုးပြု ဆိုလာနှင့် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကပြောသည်။
▪️ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနရှိ ဆိုလာနှင့် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ရှိ ပေါကြွယ်ဝသော ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ရင်းမြစ်များကို “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြ စို့” အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်သာယာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု Agro-based Industries နှင့် MSME များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်အတွက် တီထွင်ဆန်းသစ်နည်းပညာ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များကို ဆက်စပ်ဌာနများ၊ MSME များတွင် အမှန်တကယ်အကျိုးရှိစွာသုံးစွဲနိုင်ရေး ဆက်လက်ဖြန့်ဝေလွှဲပြောင်းသွားရန် တိုက်တွန်းမှာကြားသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးသည် Wind Tunnel မှရရှိသော လေအားအရင်းအမြစ်ဖြင့် ဒေါင်လိုက်ဝင်ရိုး (Vertical Axis) ကြောင်လိမ်လှေကားပုံစံ (Helical Design) တာဘိုင်အပါအဝင် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေမှုနှင့် ရလဒ်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ရေရှည် ကြံ့ခိုင်မှုရှိသောဒီဇိုင်းဖြစ်ရန်၊ တာဘိုင်များ ထပ်မံတိုးချဲ့ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ရရှိသည့် လျှပ်စစ်စွမ်းအား၏ အရည်အသွေး (Power Quality) ကောင်းမွန်ရေး စနစ်တကျထိန်းချုပ် ဆောင်ရွက်ရန်၊ လျှပ်စစ်ရေတင်စနစ်များတွင် စမ်းသပ်တပ်ဆင်သုံးစွဲရန်၊ ပြင်ပသဘာဝပတ်ဝန်းကျင်ရှိ သင့်လျော်သည့် နေရာများတွင်ပါ လက်တွေ့ကျကျ စမ်းသပ်တပ်ဆင်ကြည့်ရန်မှာကြားသည်။
▪️ ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဖြင့် ပူးပေါင်းဆောင်ရွက်ထားသော နေရောင်ခြည်စွမ်းအင်ပြခန်းစင်တာသို့ ရောက်ရှိ၍ စင်တာအတွင်းပြသထားသော ဆိုလာပြားနှင့် ဆိုလာစနစ်အမျိုးမျိုး၊ ဆိုလာ EV Charging Station၊ Smart City စနစ်အပါအဝင် ပြကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နည်းပညာဆိုင်ရာလိုအပ်သည်များ မှာကြားသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးသည် စင်တာအပြင်ဘက်၌ ဆိုလာရေတင်စနစ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သုတေသနပူးပေါင်း ဆောင်ရွက်နေသော MSME ဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေး သီးနှံများကို ဆိုလာစွမ်းအင်ဖြင့် တစ်ပိုင်တစ်နိုင်အခြောက်လှန်းနိုင်သော တန်ဖိုးနည်း Portable Solar Dryer သုတေသနလုပ်ငန်းရလဒ်များကို ကြည့်ရှုစစ်ဆေးကာ နည်းပညာဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
သီတဂူဆရာတော်ကြီးကIBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူတွေကို ဘွဲ့တံဆိပ် တွေ အပ်နှင်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 19 January 2025
#IBEC #သီတဂူဆရာတော်ကြီး
#YMG/NN #Yangon_Times
တိုင်းဒေသကြီးနဲ့ ပြည်နယ်သုံးခုရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် USDPပါတီက အများဆုံးရွေးကောက်တင်မြှောက်ခံရတယ်လို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
#Local_News
Published 19 January 2025
#USDPပါတီ #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#YMG/NN #Yangon_Times
Page 88 of 2369